သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပေါ်အခြေအနေ ကြေညာချက် ပါကစ္စတန်သမ္မတ ရုပ်သိမ်း


နိုဝင်ဘာလ ၃ ရက်နေ့ကစပြီး ရက်သတ္တပတ်ခြောက်ပတ်ကြာ ထားရှိခဲ့တဲ့ ပါကစ္စတန်နိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာ ထားတာကို ရုပ်သိမ်းလိုက်တဲ့ အမိန့်ကို သမ္မတ ပါဗက်ဇ် မူရှာရက်ဖ် (Pervez Musharraf) က လက်မှတ် ရေးထိုး ပေးလိုက်တယ်လို့ ပြန်ကြားရေးဝန်ကြီး နီဆာ မီမွန် (Nisar Memon) က ပြောကြားလိုက်ပြီး အခုလို အရေးပေါ်အခြေအနေ ရုပ်သိမ်းကြောင်း သမ္မတ မူရှာရက်ဖ် ကိုယ်တိုင် ဒီကနေ့ နှောင်းပိုင်းမှာ တိုင်းပြည်ကို အသံလွှင့်ကြေညာမှာဖြစ်ပါတယ်။

လူတစ်ဦးချင်း မိမိတို့ရဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ပြန်လည်ခွင့်ပြုမှာဖြစ်ပြီးတော့ တချို့သော မီဒီယာ ကန့်သတ်ချက်တွေကိုလည်း ရုတ်သိမ်းပေးမှာဖြစ်တယ်လို့ ပါကစ္စတန် ရှေ့နေချုပ် မာလစ် မိုဟာမတ် ကေယွမ် (Malik Mohammed Qayyum) က ဗီအိုအေက ပြောကြားခဲ့ပါတယ်။

သမ္မတရဲ့ အာဏာကို သူ ဆက်လက် ထိမ်းထားနိုင်အောင်နဲ့ အတိုက်အခံတွေ အသံမထွက်ဘဲ ငြိမ်နေအောင် ရည်ရွယ်ပြီး သောကြာနေ့က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။

အဲဒီပြင်ဆင်ချက်အရ အရေးပေါ် အခြေအနေ ကြေညာချက်ကို ငြင်းပယ်ခဲ့တဲ့ တရားသူကြီးတွေကို သမ္မတ က ရာထူးက ဖယ်ရှားပြစ်ခဲ့တာဟာ တရားဝင်ဖြစ်သွားပြီးတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ဝန်ကြီးချုပ်ဟာ သက်တမ်းနှစ်ကြိမ် တာဝန်မယူရဘူးဆိုတာတွေ အဲဒီ ဥပဒေ ပြင်ဆင်ချက်အရ အတည်ပြုစေခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG