သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြာယံစာသင်တိုက် ဆရာတော်ကြီး အပါအဝင် သံဃာတော်အချို့ ပြန်လည်လွတ်မြောက်


ပြီးခဲ့တဲ့စက်တင်ဘာ သံဃာ့လှုပ်ရှားမှုအတွင်း အဓိကကျောင်းတိုက်တခုဖြစ်တဲ့ ငွေကြာယံ ဘုန်းတော်ကြီးကျောင်းတိုက်က သံဃာ ၅၀
ကျော်ကို စစ်အစိုးရက ဒီရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့အချိန်
က သံဃာတော် အပါး ၉၀ ကျော် ဖမ်းဆီးခံခဲ့ရ
ပေမယ့် ၅၀ ကျော်ပဲ ပြန်လည်လွတ်မြောက်
လာတာလို့ မျက်မြင်သက်သေတွေက ပြောပါ
တယ်။

ပြန်လည်လွတ်မြောက်လာတဲ့ သံဃာတော်တွေကို ဒါယိကာ၊ ဒါယိကာမတွေက
လှူဖွယ်ပစ္စည်းတွေ သွားရောက်လှူဒါန်းခဲ့ပြီး အာဏာပိုင်တွေဘက်ကလည်း စစ်ဆေး
မေးမြန်းပြီး ခွင့်ပြုခဲ့တယ်လို့ ပြောပါတယ်။ အကြောင်းစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ငွေကြာယံ ပရိယတ္တိစာသင်တိုက်က ဆရာတော်ကြီး
ဦးရေဝတ အပါအဝင် သံဃာ ၅၁ ပါးကို ဒီဇင်ဘာ ၁၄ ရက်နေ့မနက်က ပြန်လွှတ်ပေး
ခဲ့ပြီး ကျောင်းတိုက်ကို ပြန်ပို့ပေးခဲ့ပါတယ်။ မြို့ခံတဦးပြောပြတာကတော့ …
“သံဃာတွေကို ကားတစီးကို ၂ ပါး၊ ၃ ပါး၊ ကားနည်းနည်းခွဲပြီးတော့ ရောက်တော့
အားလုံး ၅၁ ပါးပေါ့။ အုပ်စုလိုက်မရောက်ဘူး၊ ၂ ပါး၊ ၃ ပါး တသုတ်၊ ခွဲခွဲပြီးရောက်
တယ်။ သံဃာတွေမကြွခင်မှာ ထောက်လှမ်းရေးတွေ ဆိုင်ကယ်တွေနဲ့ရောက်လာ
တယ်။ နောက် အဲဒီမှာ စွမ်းအားရှင်တွေလည်း ရှိတယ်။ အဲလိုပဲ ရှုပ်ရှက်ခတ်ပြီးတော့
နောက်ပိုင်းမှာ သံဃာတွေ ရောက်လာတယ်။ ရောက်လာတော့ အားလုံး ဆရာတော်
ဦးရေဝတပါ ၅၁ ပါးပေါ့။ ရောက်လာတော့ ရပ်ကွက်က ပြည်သူတွေကလည်း ဝမ်းသာ
အားရနဲ့ သွားကြတယ်။ သွားတော့ အဝက လုံခြုံရေးတွေက စစ်တယ်၊ စာရင်းလုပ်
တယ်၊ ရေးမှတ်ပြီးတော့ ခွင့်ပြုတယ်။ သွားဖူးကြတယ်၊ လှူကြတယ်။ နောက်နေ့ကျ
တော့ ဆရာတော်ကြီးကလည်း ကျောင်းမှာကျန်ခဲ့တဲ့ ဆန်တွေဘာတွေကို ဝေတယ်။
ဝေတော့ သံလမ်းဘက်က ကလေးတွေ အများကြီးပဲ လူတွေ တန်းစီပြီးယူကြတယ်။ အဲဒီဆန်တွေကုန်သွားတော့ ဆရာတော့်ကိုလှူထားတဲ့ ဟင်းတွေ ဘာတွေရှိတယ်၊
အဲဒါတွေပါ ထပ်ဝေပေးတယ်”

ရိုက်နှက်ဖမ်းဆီးခံရသူ သံဃာအပါး ၉၀ ကျော်ထဲက ၅၁ ပါးသာ ပြန်လည်လွတ်
မြောက်လာခဲ့လို့ သွားရောက်ဖူးမြော်ခဲ့တဲ့လူထုက ပြောပါတယ်။ သံဃာတော်တွေ
ဟာ ကမ္ဘာအေးမှာ သင်္ကန်းတွေပြန်ဝတ်ခဲ့ပြီး ငွေကြာယံကျောင်းတိုက်ကို ပြန်ပို့ပေးခဲ့
တာလို့လည်း ပြောပါတယ်။ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ၁၄ ရက်နေ့ကစပြီး
ဆရာတော်ကြီး ဦးရေဝတကတော့ မနက်တိုင်း ရပ်ကွက်ကိုပတ်ပြီး မေတ္တာပို့
ဆုတောင်းတာတွေ လုပ်နေတယ်လို့လည်း အခုလိုဆက်ပြောပါတယ်။

“ဆရာတော်ကြီးကလည်း မနက်ပိုင်း ၅ နာရီလောက်ဆို ရပ်ကွက်ကိုပတ်ပြီးတော့ ပရိတ်တွေရွတ်တယ်၊ တပါးတည်း လမ်းလျှောက်ပြီး။ ဟိုးတုန်းကလည်း အဲလိုရွတ်ဖူး
တယ်။ နောက် ဒီ ဖြစ်ခါနီးတုန်းကတော့ ရွတ်တာ မတွေ့ခဲ့ဘူး။ အခုတော့ ပြန်ရွတ်နေ
တယ်။ မနက် ၅ နာရီလောက်ဆို ရပ်ကွက်ကိုပတ်ပြီး ဆရာတော်ကြီးကိုယ်တိုင် ပရိတ်
တွေရွတ်တယ်”

ငွေကြာယံစာသင်တိုက်ကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ချိန်တုန်းက ရိုက်နှက်ဖမ်းဆီးမှု
တွေ အတော့်ကိုလုပ်ခဲ့တာကြောင့် မြို့ခံတွေက စိတ်မကောင်းဖြစ်ခဲ့ရကြောင်း၊ ဒီနေ့
မှာတော့ အရပ်သားကား အတော်များများ ဘုန်းကြီးကျောင်းကို အများအပြား လာရောက်ဖူးမြော်မှုတွေ လုပ်ခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

XS
SM
MD
LG