သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းပြည်သူ့စစ်လက်ချက်ကြောင့် ကရင်နီကျောင်းသားတစ်ဦး သေဆုံးမှုအပေါ် ဆန္ဒပြ


ထိုင်း-မြန်မာနယ်စပ်၊ မဲဟေယင်ဆောင် ခရိုင်ထဲက လူဦးရေ နှစ်သောင်းလောက်နေတဲ့ ကရင်နီ ဒုက္ခသည် စခန်း အမှတ်(၁)ထဲမှာ မနေ့ ဒီဇင်ဘာလ (၁၆)ရက်နေ့က စခန်းထဲမှာရှိတဲ့ ကရင်နီကျောင်းသား(၃)ထောင်ကျော်စုဝေးပြီး (၁၅)ရက်နေ့က စခန်းစောင့် ထိုင်းပြည်သူ့စစ်က ပစ်ခတ်တာကြောင့် ကရင်နီ ကျောင်းသားတဦး သေဆုံးမှုအပေါ် ဆန္ဒပြတောင်းဆိုမှု လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကန္တာရဝတီတိုင်မ်း ကရင်နီသတင်းစာအယ်ဒီတာ ဖဲထူးကို ဦးသားညွန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

“ လူငယ်တွေက သူတို့ တောင်းဆိုတယ်ဆိုတာက စခန်းထဲမှာသူတို့အုပ်ချုပ်တဲ့ ပလာဆိုတဲ့ ထိုင်းစစ်တပ်အဖွဲ့က သူတို့ အလိုမရှိဘူးပေါ့နော်။ ဘာဖြစ်လို့ဆိုတော့ သူတို့လာနေတဲ့အချိန်မှာ ပြဿနာ တမျိုးပြီး တမျိုးဖြစ်လာတယ်။ အခုနောက်ဆုံး အခြေအနေအရ ပြောရမယ်ဆိုရင် ကျောင်းသား တယောက် သေသွားတဲ့အထိ ပြဿနာဖြစ်နေတော့ အဲဒီ လူငယ်ထု ကျောင်းသား အဖွဲ့က တောင်းဆိုတာပေါ့။ အော်ဆော်စစ်တပ်အဖွဲ့ကို ကျနော်တို့လုံးဝအလိုမရှိတော့ဘူး ပေါ့။”

သေဆုံးသွားတဲ့ ဒီကျောင်းသားကိစ္စနဲ့ ပတ်သက်လို့ရော အခု စခန်းထဲမှာ ဘာတွေများ ဆက်လုပ် နေကြလဲ။

“ ဒီနေ့ကျတော့ ထိုင်းဒေသ အာဏာပိုင်တွေနဲ့ ဒီစခန်း ကော်မတီအချို့နဲ့ ညှိနှိုင်းနေကြတယ်။ ညှိနှိုင်းတယ် ဆိုတာက တိတိကျကျ လုပ်နိုင်တဲ့ ဆုံးဖြတ်ချက် တခုခုတော့မရှိသေးဘူး။ ဒါပေမဲ့ ဆွေးနွေး နေကြတယ်။ လာမယ့်နှစ်သစ်မှာ ဆိုရင်တော့ ဒုက္ခသည် စခန်းကော်မတီကနေ ထိုင်းဒေသ အာဏာပိုင်အဖွဲ့နဲ့ ညှိပြီးတော့ ဒီဒုက္ခသည်စခန်းအတွက် သီးသန့် ပြဌါန်းချက်လေးတွေ ရေးနိုင်တယ်ပေါ့လေ။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG