ပြီးခဲ့တဲ့ စက်တင်ဘာလ သံဃာတော်တွေရဲ့
မေတ္တာပို့ ကြွချီဆန္ဒပြမှုတွေကြောင့် ဖမ်းဆီး
ခံထားရတဲ့ သံဃာတော်တွေထဲက တချို့
ကိုယ်တော်တွေကို မြန်မာစစ်အစိုးရက ပြန်လွှတ်ပေးခဲ့တာရှိတယ်လို့ မျက်မြင်
သက်သေတွေက ပြောကြပါတယ်။ သံဃာ
တော်တချို့ ပြန်လွတ်လာတာနဲ့ပတ်သက်ပြီး
ပြည်ပမှာ မကြာခင်က ဖွဲ့စည်းထားတဲ့ သာသနာ့ဥသျှောင်အဖွဲ့က အတွင်းရေးမှူး ကိုယ်တော်တပါးဖြစ်တဲ့ ဦးဂုဏိသရကို လျှောက်ထားမေးမြန်းပြီး ကိုကျော်အောင်
လွင်က တင်ပြထားပါတယ်။
အခုလိုမျိုး သံဃာတော်တွေ ပြန်လွတ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး သာသနာ့ဥသျှောင်
အဖွဲ့က ဘယ်လိုသဘောထားရှိပါသလဲ၊ ဘယ်လိုမြင်ပါသလဲဘုရား။
“ပြန်လွှတ်လိုက်တဲ့အတွက် ဦးဇင်းတို့အနေနဲ့ လက်ခံပါတယ်။ ထောင်ထဲမှာရှိတဲ့ သံဃာတော်တွေအားလုံး လွှတ်ပေးဖို့အထိကို ဦးဇင်းတို့ မျှော်လင့်ထားပါတယ်။ အခု
လွှတ်ပေးတာက သံဃာအပါး ၅၀ လောက်ဆိုတာ အနည်းအကျဉ်းပဲရှိပါသေးတယ်။ သူတို့ဖမ်းထားတဲ့ရာခိုင်နှုန်းနဲ့စာရင် ဘာမှမရှိသေးပါဘူး။ အဲတော့ အခုလွှတ်ပေးတာ
အပြင်ကို နောက်ထပ် အားလုံးကိုလွှတ်ပေးဖို့ ဦးဇင်းတို့အနေနဲ့ တိုက်တွန်းပါတယ်။
ထို့အတူပဲ သံဃာတော်များအပြင် အဖမ်းခံထားရတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေး သမားတွေအားလုံးကို လွှတ်ပေးဖို့ ဦးဇင်းတို့အနေနဲ့ မျှော်လင့်ပါတယ်”
အခု မြန်မာပြည်တွင်းက သံဃာတော်တွေရဲ့ ငြိမ်းချမ်းတဲ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သာသနာ့ဥသျှောင်အဖွဲ့က ပဓာနစရိယဆရာတော်ကြီး၊ မစိုးရိမ်ဆရာတော် ဦးကော
ဝိဒဟာ အမေရိကန်နိုင်ငံအနောက်ဘက်ခြမ်း၊ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းမှာ မြန်မာပရိသတ်တွေကို တရားဟောပွဲတွေ တပွဲပြီးတပွဲကျင်းပနေတယ်လို့ ကြားရပါ
တယ်။ မစိုးရိမ်ဆရာတော်ဘုရားက အဓိက ဘယ်လိုအကြောင်းတွေကိုဟောတယ်၊ တရားနာပရိသတ်တွေဘက်က ဘယ်လိုတုံ့ပြန်မှုတွေရှိတယ်၊ ဒီလို တရားဟောပွဲတွေ
ကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရှိတယ်ဆိုတာ အကျဉ်းချုံး ရှင်းပြပေးပါဘုရား။
“ဦးဇင်းတို့ ပဓာနစရိယဆရာတော်တပါးဖြစ်တဲ့ ဦးကောဝိဒဟာ အခု အမေရိကန် ပြည်ထောင်စုအနောက်ပိုင်းမှာ ပထမဆုံးခရီးအဖြစ် မြန်မာတွေရှိတဲ့မြို့တွေမှာ
လိုက်ပြီး တရားဟောပွဲတွေ လုပ်နေပါတယ်။ တဖက်မှာလည်း ပီနန်ဆရာတော်ကြီး
ဦးပညာဝံသကလည်း ဂျပန်ကိုကြွပြီး ဂျပန်မှာရှိတဲ့ အစိုးရအဖွဲ့အစည်းတွေ၊ မြန်မာ့
အရေးစိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ၊ မြန်မာပြည်သူတွေကို တရားဟော၊ သြဝါဒ
ပေးတဲ့အစီအစဉ်တွေ လုပ်နေပါတယ်။
“အမေရိကန်အနောက်ဘက်ခြမ်းမှာ ကြွလာတဲ့ ဆရာတော်ဦးကောဝိဒရဲ့ သြဝါဒခံယူပွဲ၊ ဆရာတော်ချီးမြှောက်တဲ့ပွဲတွေကိုပြောမယ်ဆိုရင် လူတော်တော်များများ တက်ရောက်
ခဲ့ကြပါတယ်။ သူ့ရဲ့သြဝါဒပွဲမှာ ကံကြီးထိုက်သူဆိုတဲ့အမည်နဲ့ ဆရာတော်က ဟောကြား
ပေးခဲ့ပါတယ်။ သီလရှိ၊ သမာဓိရှိ၊ မပြစ်မှားထိုက်တဲ့ပုဂ္ဂိုလ်တွေကို ပြစ်မှားမယ်ဆိုရင်
အဲဒီပုဂ္ဂိုလ်ဟာ ကံကြီးထိုက်မယ်ဆိုတဲ့သဘောကို ဆရာတော်က ပရိသတ်ကို
ဟောကြားသွားပါတယ်။ အာဏာရှင်တို့ဇာတ်သိမ်းဆိုတာ ဖြစ်ပါတယ်။ အဲဒီမှာ
ကောသလမင်းဟာ အာဏာရှင်ဖြစ်ပြီးတော့ အာဏာရှင်ဘဝရဲ့ ဇာတ်သိမ်းကို
ဆရာတော်က မီးမောင်းထိုး၊ သြဝါဒပေးပြီး ဆုံးမသွားပါတယ်။
“မြန်မာပြည်ဆင်းရဲခြင်းအကြောင်းရင်းဆိုတဲ့ သြဝါဒခံယူပွဲမှာ ဆရာတော်က ဘာတွေ
နဲ့ ဥပမာပေးပြီး ဟောသွားလဲဆိုတော့ ဇာတ်တူသားစားတဲ့ ဟင်္သာကိုးသောင်းတို့၊
လူသားစားတဲ့ ပေါရိသာဒတို့၊ ငါးကြီးအာနန်ဒါတို့ ဥပမာထားပြီး ဆရာတော်က
ရှင်းလင်းပြတ်သားစွာ ဟောကြားသွားပါတယ်။
“နောက်တပွဲကတော့ ဘာ့ကလေမှာဟောသွားပါတယ်။ အဲဒီမှာဟောတာက မြန်မာ့
အရေးကို စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ၊ ဗုဒ္ဓဘာသာအရေးကို စိတ်ဝင်စားတဲ့ နိုင်ငံ ခြားသားတွေကို ဦးစားပေးပြီးတော့ ဟောပါတယ်။ အဲဒီပွဲမှာတော့ လူမျိုးခြားတွေပါ။ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး ရဟန်းတွေ အဖမ်းခံရ၊ နှိပ်စက်ခံရတဲ့အခါမှာ ဆရာ တော်ကြီးတွေဆိုရင် နည်းနည်းသက်သာတယ်။ တချို့နာမည်မရှိတဲ့ ဆရာတော်လေး
တွေဆိုရင် ဘာမှမသိဘဲ နှိပ်စက်ခံရတယ်၊ ပြန်လွန်တော်မူသွားတာတွေရှိတယ်ဆိုပြီး။ ဟိုတုန်းကဆိုရင် ရဟန်းနာမည်နဲ့ ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်နဲ့ ရပ်တည်နိုင်
တယ်။ အခုဆိုရင် ရဟန်းရဲ့ ဘွဲ့နာမည်နဲ့တောင် မဟုတ်တော့ဘူး၊ ထောင်ကျပြီဆိုရင် လူနာမည်ပေးပြီးနေရတဲ့ အခြေအနေမျိုးကိုရောက်နေပြီ ဆိုတဲ့အကြောင်း ဆရာတော်
က အဲဒီပွဲမှာ ဟောမှာဖြစ်ပါတယ်။
“နောက်တပွဲကတော့ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ ဆရာတော်ကြွပြီး ဟောမှာပါ။
ဒီဇင်ဘာ ၂၃ ရက်နေ့မှာ လော့စ်အိန်ဂျလိစ်ကိုပြန်လာပြီး ဓမ္မဇောတိကျောင်းမှာ
ဟောမှာဖြစ်ပါတယ်။ ဆရာတော်ဟောမယ့်တရားတွေ ဦးဇင်း အကြမ်းဖျဉ်းသိထား
တာက ရဲသော်မသေ၊ သေသော်ငရဲမလားနဲ့ ဆရာတော်နဲ့ ထောင်ဆိုတဲ့ သူ့ရဲ့အတွေ့
အကြုံတွေကို ဟောမှာဖြစ်ပါတယ်”
အခုလိုမျိုး ဆရာတော်ကြီးက မြန်မာမိသားစုအသိုင်းအဝိုင်းမှာ ဟောပြောတဲ့အတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေရတယ်လို့ အရှင်ဘုရားတို့ တွေ့ရပါသလဲဘုရား။
“ဆရာတော်ရောက်တဲ့အရပ်မှာ မြန်မာပရိသတ်၊ နိုင်ငံခြားသား အမေရိကန် ပရိသတ်
တွေဟာ သာသနာ့ဥသျှောင်အဖွဲ့ကြီးကနေ ပြည်တွင်းပြည်ပမှာရှိတဲ့ လူထုတွေ၊ ဆရာ
တော် သံဃာတော်တွေ စည်းရုံးပြီးတော့ မြန်မာ့အရေးကို စွမ်းစွမ်းတမံဆောင်ရွက်နေ
ပြီဆိုတာကို သူတို့က လက်တွေ့မြင်လိုက်ရ၊ သိလိုက်ရပါတယ်။ အဲဒီအတွက် သူတို့က
ကျေနပ်ဝမ်းသာပြီး ဆရာတော်တွေအတွက် လိုအပ်တာ သူတို့တတ်နိုင်သမျှ ထောက်ပံ့
လှူဒါန်းတာ လုပ်ပါတယ်။ လူထုရဲ့ ဝမ်းမြောက်ဝမ်းသာထောက်ခံချက်ကို ဦးဇင်းတို့
ရှေ့မှာတင် မျက်ဝါးထင်ထင် တွေ့ရပါတယ်၊ ဝမ်းသာစရာအဖြစ် မြင်ရပါတယ်”
တပည့်တော်တို့သိရသလောက် အမေရိကန်နိုင်ငံမှာ သီတင်းသုံးနေကြတဲ့ မြန်မာ သံဃာတော်တွေအားလုံး အရှင်ဘုရားတို့ရဲ့ သာသနာ့ဥသျှောင်မှာ မပါဝင်ဘူးလို့ သိထားပါတယ်ဘုရား။ ဒီလိုမပါဝင်တဲ့ သံဃာတော်တွေဟာ အရှင်ဘုရားတို့နဲ့ ဘယ်လိုသဘောထားမတိုက်ဆိုင်မှုတွေ ရှိနေလို့ပါလဲဘုရား။
“ဦးဇင်းတို့အနေနဲ့ သဘောထားမတိုက်ဆိုင်မှုရှိတယ်လို့ လုံးဝပြောလို့မရပါဘူး။ သူတို့
တွေက ဦးဇင်းတို့သံဃာတွေပါပဲ၊ ဦးဇင်းတို့မိတ်ဆွေတွေပါပဲ။ သူတို့အနေနဲ့ မပါဝင်ချင်
တဲ့ဆန္ဒက ဦးဇင်းတို့ကို ကန့်ကွက်တာမဟုတ်ပါဘူး။ သူတို့ ကိုယ်ရေးကိုယ်တာအတွက်
ပါ။ သာသနာ့ဥသျှောင်ကို ဆန့်ကျင်လို့၊ မထောက်ခံလို့ မဟုတ်ပါဘူး။ သူတို့ စိတ်အား
ဖြင့် ဦးဇင်းတို့ သံဃာ့ဥသျှောင်အဖွဲ့ကို ထောက်ခံပြီးသားပါ၊ ဆန္ဒပေးပြီးသားတွေ
ဖြစ်ပါတယ်။ အများစု ၉၉ ရာခိုင်နှုန်းလောက်က အဲလိုဖြစ်ပါတယ်။
“ဒါပေမယ့် တခြားတဖက်မှာ သူတို့ရဲ့ မူရင်းစွဲကြောက်စိတ်လေးတွေက မြန်မာပြည်
အစိုးရများ သူတို့သိလို့ရှိရင် ပြန်လို့မရဘူး၊ သူတို့ရဲ့ အမေတွေ၊ အဖေတွေနဲ့ သေတာ
တောင်မှ သူတို့တွေ့ခွင့်မရဘူးဆိုတဲ့ အဲဒီစိုးရိမ်စိတ် လွန်ကဲမှုတွေက သူတို့ ဦးဇင်းတို့နဲ့
အတူတကွပါဝင်ဖို့ သိပ်ခက်နေပါတယ်။ အဲဒါကိုလည်း ဦးဇင်းတို့က နားလည်ပေးပါ
တယ်။ သာသနာ့ဥသျှောင်အဖွဲ့ကို မပါတာနဲ့ဘဲ သူတို့ကို ဦးဇင်းတို့က ရန်သူလည်း
မဟုတ်ပါဘူး၊ မိတ်ဆွေတွေပါပဲ။ သာသနာ့ဥသျှောင်မှာ ရန်သူသံဃာရယ်လို့ တပါးမှ
မရှိပါဘူး။ ဦးဇင်းတို့နဲ့ သဘောထားကွဲလွဲတယ်လို့လည်း မယူဆပါဘူး”
မကြာခင်တုန်းက ပြည်ပမှာဖွဲ့စည်းခဲ့တဲ့ သာသနာ့ဥသျှောင်အဖွဲ့က အတွင်းရေးမှူး ကိုယ်တော်တပါးဖြစ်တဲ့ ဦးဂုဏိသရ မိန့်ကြားခဲ့တာဖြစ်ပါတယ်။