သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၇ ခုနှစ်သည် မြန်မာသတင်းသမားများအတွက် အဆိုးဝါးဆုံး ဖိနှိပ်ခံရသည့်နှစ်ဟု CPJ ပြော


အခုနှစ်ကုန်တော့မယ့် ၂၀၀၇ ခုနှစ်ဟာ သတင်း နဲ့စာနယ်ဇင်းသမား သေဆုံးမှုအများဆုံးနှစ်တနှစ်
ဖြစ်တယ်ဆိုပြီး နယူးယော့ခ်အခြေစိုက် သတင်း
သမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့
(CPJ) က အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပါ
တယ်။ ၂၀၀၇ ခုနှစ်ဟာ မြန်မာသတင်းသမားတွေ
အတွက် ဖိနှိပ်မှုတွေကြီးမားတဲ့ နှစ်တနှစ်ဖြစ်တယ်
လို့လည်း CPJ အဖွဲ့က ပြောလိုက်ပါတယ်။ မြန်မာ
သတင်းသမဂ္ဂ (BMA) ကတော့ ဒီနှစ်ထဲမှာ မြန်မာ သတင်းသမားတွေတင်မကဘဲ သတင်းသမားတွေ
ရဲ့ မိသားစုတွေပါ ဒုက္ခတွေအပေးခံခဲ့ရတဲ့နှစ်တနှစ်
ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို
ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က ၂၀၀၇ ခုနှစ်ထဲမှာ သတင်းနဲ့စာနယ်ဇင်းသမားပေါင်း ၆၄ ဦး သေဆုံးခဲ့ရပြီး ဒီအထဲမှာ အီရတ်နိုင်ငံမှာ
သေဆုံးခဲ့ရသူ ၃၁ ဦးရှိနေတယ်လို့ ပြောပါတယ်။ ဒီနှစ်ထဲမှာ ထူးထူးခြားခြား တကမ္ဘာ
လုံးကနေ စိတ်ဝင်စားမှုဖြစ်ခဲ့ရတဲ့ သေဆုံးမှုကတော့ ဂျပန်သတင်းထောက် ခန်းဂျိ
နာဂါအိ (Kenji Nagai) မြန်မာနိုင်ငံမှာ အသတ်ခံရတဲ့သတင်းပါ။ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအသင်းကြီးရဲ့ အာရှဒေသဆိုင်ရာ တာဝန်ခံ ဘော့ဘ်ဒိ
(Bob Dietz) ကတော့ မစ္စတာနာဂါအိဟာ ကမ္ဘာသိအသတ်ခံရတာဖြစ်ပေမယ့် ဒီ
သတ်ပစ်တဲ့စစ်သားကို အခုထိ တစုံတရာ အပြစ်ပေးအရေးယူတာတွေ မတွေ့ရသေး
ဘူးလို့ ပြောပါတယ်။

“ဂျပန်နိုင်ငံက APF ဓာတ်ပုံသတင်းထောက် ခန်းဂျိနာဂါအိဟာ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ အရေးအခင်းအတွင်း သေဆုံးသွားခဲ့ရပါတယ်။
စက်တင်ဘာလ ၂၇ ရက်နေ့မှာ သူအသတ်ခံခဲ့ရတာကို ကျနော်တို့နဲ့တကွ တကမ္ဘာလုံး
က တွေ့ခဲ့ရတာပါ။ သူဟာ မြန်မာစစ်သားတဦးရဲ့ အနီးကပ်ပစ်သတ်တာကို ခံခဲ့ရပေ
မယ့် မြန်မာစစ်အစိုးရကတော့ ပထမပိုင်းမှာ မတော်တဆ သေနတ်ကျည်ဆံက
ချော်ပြီး သူ့ကိုထိသွားသလိုလို ပြောပြီးတော့ ငြင်းဆိုခဲ့တာကို ကျနော်တို့ တွေ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အခုထိလည်း ဘာမှ အရေးယူဆောင်ရွက်တာမျိုးတွေ မတွေ့ရ
သေးပါဘူး”

ဒါ့အပြင် ဒီသတ်ပစ်တဲ့စစ်သားဟာ ဘယ်သူဘယ်ဝါဆိုတာကို မြန်မာစစ်အစိုးရက အခု
ထိ သတင်းမထုတ်ပြန်သေးဘူးလို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံဟာ သတင်းသမား
တွေကို အခုလို ပစ်သတ်တဲ့အထိ လုပ်တတ်တာမို့ မြန်မာနိုင်ငံက သတင်းထောက်တွေ
အတွက်ပါ စိုးရိမ်စရာဖြစ်လာတယ်လို့ မစ္စတာဒိက ပြောပါတယ်။ မြန်မာနိုင်ငံက ဝါရင့်
သတင်းစာဆရာကြီး ဦးဝင်းတင်ဟာလည်း ၁၉၈၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ကတည်း
က ဖမ်းဆီးထောင်ချထားတာ ခံခဲ့ရပြီး အခုထိလည်း မလွတ်သေးတဲ့အတွက် နှစ်
အရှည်ဆုံး အကျဉ်းကျခံနေရတဲ့ သတင်းသမားအဖြစ် CPJ အဖွဲ့ကြီးက မှတ်တမ်းတင်
ထားတယ်လို့လည်း ပြောပါတယ်။

သတင်းလွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အဆင့်ဘယ်လောက်မှာ
ရှိနေပါသလဲလို့ မေးကြည့်တဲ့အခါမှာတော့ …
“မြန်မာနိုင်ငံကို ကမ္ဘာပေါ်မှာ သတင်းပိတ်ပင်တားဆီးမှု အများဆုံးခံနေရတဲ့နိုင်ငံ
တနိုင်ငံအဖြစ် ကျနော်တို့အဖွဲ့ သတ်မှတ်ထားပါတယ်။ မြောက်ကိုရီးယားပြီးရင် မြန်မာ
ပြည်ဟာ ဒုတိယနေရာမှာ ကပ်ပြီးလိုက်နေတာပါ။ ဒါကလည်း သတင်း လွတ်လပ်ခွင့်၊ သတင်းသမားတွေ လွတ်လပ်ခွင့်နဲ့ ပြည်သူလူထုဆီကို တကယ်ပဲ သတင်းမှန်တွေ ရောက်မရောက်ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ သတ်မှတ်ထားတာ ဖြစ်ပါတယ်”

ဒီလို သတင်းအမှောင်ချထားတာတွေကိုကြည့်ရင် မြန်မာစစ်အစိုးရဟာ သူ့ရဲ့ အာဏာ တည်မြဲရေးအတွက် သတင်းတွေကို ထိန်းချုပ်ထားတယ်ဆိုတာ သိသာပါတယ်လို့
လည်း မစ္စတာဒိက ပြောသွားပါတယ်။

ဒီနှစ်ဟာ မြန်မာသတင်းသမားတွေအဖို့ အတော်အထိနာတဲ့နှစ် ဖြစ်တဲ့အပြင် အရင်
နှစ်တွေနဲ့မတူ သတင်းသမားတွေတင်မက သတင်းသမားတွေရဲ့ မိသားစုဝင်တွေပါ
ဒုက္ခပေးတာ ခံခဲ့ရတယ်လို့ မြန်မာသတင်းသမဂ္ဂဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောပါ
တယ်။

“ယေဘုယျပြောမယ်ဆိုရင် မြန်မာနိုင်ငံက သတင်းသမားတွေအတွက် ၂၀၀၇ ခုနှစ်က တော်တော်လေး အခြေအနေ ဆိုးဆိုးဝါးဝါးကြုံရတဲ့ နှစ်တခုလို့ ပြောလို့ရပါတယ်။
အထူးသဖြင့် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး လူထုလှုပ်ရှားမှုထဲမှာကို သတင်း သမားတော်တော်များများ တော်တော်လေး အနစ်နာခံလိုက်ရတယ်၊ တော်တော်လေး
လည်း စွန့်စားလိုက်ရတယ်၊ တော်တော်လေးလည်း ထိခိုက်ခဲ့တယ်။ အဓိကအချက်
အနေနဲ့ စစ်အစိုးရက မြန်မာနိုင်ငံမှာ အဲဒီအချိန်က ဖြစ်ပျက်နေတဲ့သတင်းတွေ ထွက်
သွားမှာ စိုးတဲ့အတွက်ကြောင့် စောစောပိုင်းမှာ မနိုင်လို့ လွှတ်လိုက်ပေမယ့်လို့
နောက်ပိုင်းမှာ အဲဒီသတင်းတွေကို ပို့တဲ့လူတွေလို့ သူတို့ယူဆတဲ့လူတွေကို ပြင်းပြင်း
ထန်ထန် နှိပ်ကွပ်ပါတယ်၊ အရေးယူပါတယ်။

“ကျနော်တို့ကြားရတဲ့သတင်းအရဆိုရင် သတင်းသမား ၉ ယောက်လောက် အဖမ်းခံရ
ပါတယ်။ တချို့တွေ နောက်ပိုင်း ပြန်လွတ်လာတယ်။ သို့သော် လောလောဆယ်မှာကို သုံးလေးယောက်လောက် အထဲမှာရှိနေသေးတယ်လို့ ကျနော်တို့ သိရပါတယ်။ နောက်
တချက်က လောလောဆယ်မှာ ပျောက်နေတဲ့ သတင်းသမားစာရင်းကလည်း သုံးယောက်လောက်ရှိပါတယ်။ သူတို့တွေဟာ တကယ်ပဲ သေသွားကြလား၊ ဒါမှမဟုတ် ဒီ့ပြင်နေရာမှာပဲ တိမ်းရှောင်ခိုလှုံနေသလားဆိုတာ ကျနော်တို့ မသိပါဘူး။ မြန်မာ
သတင်းသမား အသတ်ခံရတယ်ဆိုတဲ့ဟာကို ကျနော်တို့ မကြားရသည့်တိုင်အောင် အားလုံးသိကြတဲ့အတိုင်း ဂျပန်သတင်းထောက် မစ္စတာနာဂါအိ ရန်ကုန်မြို့က
လမ်းပေါ်မှာ အသတ်ခံခဲ့ရပါတယ်။

“နောက်တချက်က မြန်မာသတင်းသမားတွေအနေနဲ့ပြောမယ်ဆိုရင် သူတို့ဟာ
ထောင်ကျတဲ့သူကျ၊ နှိပ်စက်ညှဉ်းပန်းခံရတဲ့သူတွေ နှိပ်စက်ညှဉ်းပန်းခံရ၊ အဲဒီလိုဖြစ်
နေတဲ့အချိန်မှာကို မိသားစုကိုပါ အလွတ်မပေးဘဲနဲ့ ဒုက္ခပေးတာကို ကျနော်တို့ ကြုံလာ
ရပါတယ်။ ဒါဟာ အရင်တုန်းက ဖြစ်လေ့ဖြစ်ထရှိတဲ့ အနေအထားမဟုတ်ပါဘူး။ အခု
ဆိုရင် ဒီပုဂ္ဂိုလ်တယောက်ကို မမိဘူးဆိုရင် သူ့ရဲ့ မိသားစုကိုဖမ်းပြီး ဒုက္ခပေးတဲ့သဘော
မျိုး စစ်အစိုးရလုပ်လာတာ ရှိပါတယ်။

“သတင်းသမားတွေရဲ့ ပစ္စည်းပစ္စယတွေကိုပါသိမ်းပြီး နောက်ဆုံးပြန်မပေးတဲ့ ကိစ္စပါ။ မစ္စတာနာဂါအိဆိုရင် သူသေသွားတဲ့အချိန်တုန်းက လက်မှာကိုင်ထားတဲ့ ဗွီဒီယို
ကင်မရာဆိုရင် ပြန်မရပါဘူး။ အလားတူပဲ တချု့ိ မြန်မာသတင်းသမားတွေဟာ သူတို့ အဖမ်းခံလိုက်ရတဲ့အချိန်မှာ သိမ်းဆည်းခံလိုက်ရတဲ့ ကင်မရာတွေ၊ ဗွီဒီယိုကင်မရာ
တွေ၊ စသဖြင့် အဲဒါတွေအကုန်လုံးကိုလည်း ပြန်ရရိုးထုံးစံမရှိပါဘူး။ ဒါဟာ အဖက်ဖက်
ကနေ သတင်းသမားတွေနဲ့ပတ်သက်တဲ့ အခွင့်အရေးအားလုံးကို စစ်အစိုးရက ဖိနှိပ်
နေတယ်၊ ချိုးဖောက်နေတယ်ဆိုတဲ့ အနေအထားမှာ ရှိပါတယ်”

အခု စက်တင်ဘာအရေးအခင်းမှာမှ စပြီးတွေ့လာရတဲ့ Civilian Journalists တွေ
အရပ်သားတွေပေ့ါ၊ သတင်းတွေထဲမှာ၊ အင်တာနက် ဝက်ဘ်ဆိုက်တွေပေါ်မှာ တက်ပြီး
ပေးတဲ့လူတွေ၊ သူတို့နဲ့ပတ်သက်ပြီးတော့ရော ဘယ်လောက် မှတ်တမ်းမှတ်ရာ စုဆောင်းထားပါသလဲ။

“ဒီ Citizen Journalists ဆိုတဲ့ လူထုသတင်းသမားလို့ပဲဆိုဆို သူတို့နဲ့ပတ်သက်လို့က
တော့ အမှန်တကယ်ပြောရင် စက်တင်ဘာအရေးအခင်း မတိုင်မီကတည်းက သူတို့ကို
လိုက်ပြီး နှောင့်ယှက်နေတဲ့ မှတ်တမ်းတွေ ကျနော်တို့ဆီမှာ ရှိပါတယ်။ အဲဒီစောစော
ပိုင်း မတိုင်ခင်လေးမှာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ကိစ္စတွေ၊ အဲဒါတွေကို အင်တာနက်
တွေ၊ ဘလော့ဂ်တွေပေါ်မှာတင်ပြီးတော့ ရေးနေကြတဲ့လူတွေကို ပြည်တွင်းမှာလိုက်ပြီး ဒုက္ခပေးပါတယ်။

“တချို့ဆို ၁၅ နှစ် ၁၆ နှစ်လောက်ရှိတဲ့ လူငယ်လေးတွေ၊ အမျိုးသမီးတွေလည်း ပါပါ
တယ်။ သူတို့ကို ထောက်လှမ်းရေးကနေ မေးတယ်၊ ခြိမ်းခြောက်တယ်။ နောက်မလုပ်
ရဲအောင် သူတို့ကို လုပ်ပါတယ်။ နောက်ပိုင်း စက်တင်ဘာလူထုလှုပ်ရှားမှု ပေါ်လာတဲ့
အချိန်ကျတော့ စောစောပိုင်းက အခွင့်အရေးရကျတော့ အဲဒီသတင်းတွေကို ဗွီဒီယို
တွေ၊ ဓာတ်ပုံတွေ၊ စာသားတွေ သူတို့ပို့ပါတယ်။ အဲဒီလူတွေဟာ နောက်ပိုင်းကျတော့ လိုက်ပြီးဒုက္ခပေးတာ ခံရပါတယ်။

“ဒီ Citizen သတင်းသမားရော၊ Professional သတင်းသမားတွေရော သူတို့ဟာ
စစ်အစိုးရရဲ့ ဖိနှိပ်မှု၊ ချုပ်ချယ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံနေရဆဲ ဖြစ်ပါ
တယ်။ အရင်တုန်းကထက် ပိုပြီးခံနေရတယ်လု့ိ ပြောလို့ရပါတယ်”
မြန်မာသတင်းသမဂ္ဂ (BMA) အဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ ဒီလို သတင်းသမားတွေ ဖိနှိပ်ချုပ်ချယ်ခံနေရတာတွေအတွက် CPJ
အဖွဲ့ကြီးကနေ ဘာဆက်လုပ်ဖို့ရှိပါသလဲလို့ CPJ အဖွဲ့ အာရှတာဝန်ခံ မစ္စတာဒိကို
မေးကြည့်ပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်းကနေပြီး မြန်မာစစ်အစိုးရအပေါ် အခုထက်ပိုပြီး ပြင်းပြင်း
ထန်ထန် ဖိအားတွေဝိုင်းပေးကြဖို့ လိုပါတယ်။ အခုထက်ထိတော့ ကမ္ဘာကပေးနေကြ
တဲ့ ဖိအားတွေရဲ့ဒဏ်ကို မြန်မာစစ်အစိုးရက ကြံ့ကြံ့ခံနေတာကို ကျနော်တို့တွေ့ရပြီး သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ဘာမှပြောင်းလဲတာကိုလည်း မတွေ့ရသေးပါဘူး။
အဲဒါကြောင့် မြန်မာသတင်းသမားတွေကို ဝိုင်းဝန်းပံ့ပိုးပေးကြပြီး ကမ္ဘာကသိလာ
အောင် လုပ်ကြဖို့နဲ့ ဖိအားတွေကို ဆက်ပြီးပေးကြဖို့ လိုပါတယ်”
CPJ အဖွဲ့ အာရှတာဝန်ခံ ဘော့ဘ်ဒိ ပြောသွားတာပါ။

CPJ အဖွဲ့အနေနဲ့ မြန်မာသတင်းသမားတွေနဲ့ပတ်သက်ပြီး အမြဲတစေ စောင့်ကြည့် မှတ်တမ်းတင်နေမယ်လို့လည်း ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG