သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်မြောက်ပိုင်းကို နယ်ကျွံဝင်ခဲ့သည့် တူရကီတပ်သားများ စတင်ရုပ်သိမ်း


အင်္ဂါနေ့က အီရတ်နိုင်ငံမြောက်ပိုင်းထဲကို
ဝင်ရောက်ခဲ့တဲ့ ရာနဲ့ချီတဲ့စစ်သားတွေဟာ
အခု တူရကီနယ်မြေထဲကို စတင်ရုပ်သိမ်း
နေပြီလို့ အီရတ် ကာ့ဒ်လူမျိုးစု အရာရှိတွေ
က ပြောကြားပါတယ်။ ကာ့ဒ်သူပုန်တွေကို
တူရကီက နောက်ဆုံးစစ်ဆင်ရာမှာ တူရကီ
တပ်တွေက အီရတ်မြောက်ပိုင်းထဲကို ဖြတ်
ကူးဝင်ရောက်ခဲ့တယ်လို့ အီရတ် ကာ့ဒ်
အရာရှိတွေက စောစောပိုင်းမှာ ပြောကြားခဲ့
ပေမယ့် တိုက်ခိုက်တဲ့သတင်းတော့ မရသေး
ပါဘူး။

ဒီလိုကျူးကျော်တိုက်ခိုက်ခြင်းအပေါ် တူရကီခေါင်းဆောင်တွေက တစုံတရာ ပြောဆို
ခြင်းမရှိပေမယ့် အကြမ်းဖက်မှုအတွက် လိုအပ်လို့ တိုက်ခိုက်ရတာလို့ ပြောပါတယ်။ ကာ့ဒ်သူပုန်တွေရဲ့လှုပ်ရှားမှု တားမြစ်ရေးဟာ အမေရိကန်၊ တူရကီနဲ့ အီရတ်တို့ရဲ့ ဘုံအကျိုးစီးပွားဖြစ်တယ်လို့ အင်္ဂါနေ့က ဘက်ဒက်မြို့ကို လာရောက်ချိန်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) က
ပြောကြားပါတယ်။

အီရတ်မြောက်ပိုင်းမှာ မတည်မငြိမ်ဖြစ်စေမယ့် လုပ်ရပ်တွေကို ရှောင်ကျဉ်ဖို့လည်း
ဝန်ကြီးရိုက်စ်က အဖွဲ့အားလုံးကို သတိပေးခဲ့ပါတယ်။ အီရတ်မြောက်ပိုင်းမှာ တူရကီရဲ့
မကြာမီက တိုက်ခိုက်မှုအပေါ် အမေရိကန်ရဲ့ ရပ်တည်ချက်ကို ကန့်ကွက်တဲ့အနေနဲ့
အီရတ်ရဲ့ ကာ့ဒ်ဒေသ အစိုးရခေါင်းဆောင် မာမွတ်ဘဇာနီက ၀န်ကြီးရိုက်စ်နဲ့ တွေ့ဆုံဖို့ ငြင်းဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG