သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာပီညဲရိုးက နောက်တကြိမ်မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဖို့မျှော်လင့်


ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် စစ်အစိုးရရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေကို လေ့လာ စစ်ဆေးဖ့ိုအတွက် မြန်မာနိုင်ငံကို နောက်တခါက် အမြန်ဆုံး သွားရောက်ဖို့ ဖြစ်နိုင်ချေ ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာပင်ညဲရိုးက ပြောဆိုလိုက်ပါတယ်။

သူ့အနေနဲ့ မြန်မာနိုင်ငံမှာ အချိန်ကြာကြာနေဖို့ လိုအပ်ကြောင်းနဲ့ နောက်တခေါက် ပြန်သွားတဲ့အခါ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ တွေ့ဖို့အတွက် စစ်အစိုးရ အာဏာပိုင်တွေက အာမခံချက် ပေးထားတယ်လို့လဲ မစ္စတာပင်ညဲရိုးက ပြောဆိုပါတယ်။

“စစ်အစိုးရ အာမခံချက် ပေးထားတာက အခုခရီးစဉ်ဟာ နောက်ဆုံးလုပ်ဆောင် ပြသချက် တခုမဟုတ်ပဲ လုပ်ငန်းစဉ် အဆင့်တခုသာ ဖြစ်တယ်လို့ ပြောပါတယ်။

သ့ူရဲ့အစီရင်ခံစာအပေါ် စစ်အစိုးရရဲ့ တုန့်ပြန်မှုကိုစောင့်ကြည့်နေကြောင်းနဲ့ စက်တင်ဘာလတုန်းက အဖြစ်အပျက်တွေကိုလည်း ရှေ့ဆက် စုံစမ်း စစ်ဆေးသွားမယ်လို့ မစ္စတာပင်ညဲရိုးက ဆိုပါတယ်။

“အန်အယ်လ်ဒီပါတီရဲ့ အထွေထွေအတွင်းရေမှူး ဒေါ်အောင်ဆန်းစြုကည်နဲ့တော့ မတွေ့ခဲ့ရပါဘူး။ ဒါပေမဲ့ နိုင်ငံခြားရေးဌာန ဝန်ကြီးကတော့ နောက်တကြိမ်လာတဲ့အခါ တွေ့ဖ့ို အခွင့်အလန်း ရမှာပါလို့ ပြောတဲ့အကြောင်း ပြောဆိုခဲ့တာပါ။


စစ်အစိုးရအပြင် တခြားယုံကြည်ရတဲ့လို့ ကျနော်ယူဆတဲ့ ရင်းမြစ်တွေကိုပါ လေ့လာ သုံးသပ်ပြီး စီစစ်ပါတယ်လို့ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။

XS
SM
MD
LG