သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးအမြင်ရှိတဲ့ ကိုယ်စားလှယ်လောင်း တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမှာ အနိုင်ရ


စီးပွားရေးအမြင်ရှိတဲ့ သမ္မတ ကိုယ်စားလှယ်လောင်း မစ္စတာ လီမြွန်းဘတ်ခ် (Lee Myung-bak) က တောင်ကိုရီးယား သမ္မတ ရွေးကောက်ပွဲများမှာ အပြတ်အသတ် အနိုင် ရရှိလိုက်တဲ့အတွက် ၁၀ နှစ် ကျော်ကြာ လစ်ဘရယ်ပါတီရဲ့ အုပ်ချုပ်ရေးကို အဆုံးသတ်စေခဲ့ပါတယ်။

မစ္စတာလီရဲ့ အဓိက ယှဉ်ပြိုင်ဖက်ဖြစ်သူ လစ်ဘရယ် ပါတီဖက်က ချွန်ဒွန်းယောင် (Chung Dong-young) ကတော့ ဗုဒ္ဓဟူးနေ့ မဲရုံတွေပိတ်အပြီး နာရီပေါင်းများစွာ အကြာမှာ သူ့ရဲ့ အရေး ရှုံးနှိမ့်မှုအကြောင်း ဝန်ခံ ခဲ့ပါတယ်။

မဲ ၈၀ ရာခိုင်နှုန်းကျော် ရေတွက် ပြီးစီးခဲ့ရာမှာ မစ္စတာလီ က ၄၈ ရာခိုင်နှုန်း၊ ချွန်က ၂၇ ရာခိုင်နှုန်းခန့် ရရှိခဲ့ပါတယ်။ အနိုင်ရရှိတဲ့ သူ့ရဲ့မိန့်ခွန်းမှာ မစ္စတာလီ က နိုင်ငံရဲ့ စီးပွားရေးဦးမော့လာအောင် ဆောင်ရွက်သွားမယ်လို့ ကတိပေး ပြောကြားသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် တွမ် ကေစီ (Tom Casey) ကတော့ ဝါရှင်တန် အနေနဲ့ တောင်ကိုရီးယား အစိုးရအသစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့် ရှိကြောင်း ပြောကြား ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG