သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပ ကော်မရှင် မြန်မာပြည်အတွက် လူမှုရေးထောက်ပံ့မှု အကူအညီ ယူရို ၁၈သန်းပေးမည်


ဥရောပ ကော်မရှင်က မြန်မာပြည်သို့ လူမှုရေးထောက်ပံ့မှု အမေရိကန် ဒေါ်လာ(၂၆)သန်းနဲ့ ညီမျှတဲ့ ယူရို (၁၈)သန်း ပေး သွားမယ်။ ရှမ်း၊ မွန်၊ ကရင်ပြည်နယ်များ၊ စစ်ကိုင်းနဲ့ တနင်္သာရီတို့က အတိဒုက္ခရောက် နေကြသူ တစ်သန်း အတွက် အဓိကထား ကူညီသွားမယ်ဖြစ်ကြောင်း အီးယူက မြန်မာပြည်ကို (၁၉၉၄)ခုနှစ် ကတည်းက လူသားချင်း စာနာမှု အေထောက်ပံ့များ ပေးနေခဲ့တာ သန်း(၁၀၀)ကျော် သွားပြီ ဖြစ်ကြောင်းစသည်ဖြင့် အီးယူရဲ့ ကြေငြာချက်ထဲမှာ ပါရှိပါတယ်။

မြန်မာကိစ္စ ဖြေရှင်းရေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို အကြံပေး ကူညီဖို့ ကုလသမဂ္ဂ အဖွဲ့ဝင် (၁၄)နိုင်ငံပါဝင်တဲ့မြန်မာ့မိတ်ဆွေနိုင်ငံစုစည်းဝေးပွဲကို နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌါနချုပ်မှာ ကျင်းပပြုလုပ်ပါတယ်။ အဲဒီ စည်းဝေးပွဲကို အတွင်းရေးမှူးချုပ်နဲ့အတူ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီလည်း တက်ရောက်ကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG