သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် အနောက်မြောက်ပိုင်း ဗလီတစ်ခုအတွင်း အသေခံ ဗုံးဖောက်ခွဲမှုကြောင့် လူ ၅၀ ထက်မနဲ သေဆုံး


ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက ဗလီထဲမှာ အသေခံ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုကြောင့်
ဝတ်ပြုသူ လူ ၅၀ ထက်မနဲ သေဆုံးသွားပါတယ်။ ပြစ်မှတ်ထားခံရဖွယ်ရှိတဲ့ ဝန်ကြီးဟောင်း အက်ဖ်တက် ရှာပါအို ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ သူ့သားနဲ့ တခြားလူ ဒါဇင်များစွာ ဒဏ်ရာရခဲ့ကြပါတယ်။

ပါကစ္စတန် သမတ ပါဗက်ဇ် မူရှာရက်က အဲဒီလို တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး လက်သည် ဘယ်သူဘယ်ဝါ ဆိုတာ ဖော်ထုတ်ဖို့ လုံခြုံရေးနဲ့ ထောက်လှန်းရေး အေဂျင်စီများကို ညွှန်ကြားထားပါတယ်။

ပါကစ္စတန် အနောက်မြောက်ပိုင်းပြည်နယ် မြို့တော် ပက်ရှ်ဝါ အနီး ရှာပါအိုဝန်း အတွင်းမှာရှိတဲ့ ဗလီဝတ်ကျောင်းထဲမှာ မွတ်စလင်တို့ရဲ့ မြင့်မြတ်တဲ့ အစ် အက်ဒဟာ ပွဲတော် ဝတ်ပြုဆုတောင်းနေစဉ် အဲဒီလို တိုက်ခိုက်တာဖြစ်ပါတယ်။

ဗလီဝတ်ကျောင်းအတွင်း ဝတ်ပြုကော်ဇောတွေအပေါ်မှာ လူခန္ဓာကိုယ် အစိတ်အပိုင်းများ ပြန့်ကျဲနေပြီး သွေးအိုင်တွေနဲ့ စွန်းပေနေတယ်လို့ ဝတ်ပြုသူတွေက ပြောကြားကြပါတယ်။

အစ္စလာမ် စစ်သွေးကြွတွေကို ဝန်ကြီးဟောင်း ရှာပါအို ကို ရှေ့လအတွင်း ဒုတိယအကြိမ် လုပ်ကြံတာဖြစ်ပါတယ်။

XS
SM
MD
LG