အင်ဒိုနီးရှားနိုင်ငံတဝှမ်း ခရစ္စမတ်ပွဲတွေ ဆင်နွှဲတော့မယ့်အချိန် အင်ဒိုနီးရှားကျွန်း
ဆွယ်တလျှောက် အစိုးရက လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားပါတယ်။ ဗွီအိုအေသတင်းထောက် Nancy Amelia
Collins ဂျကာတာက သတင်းပေးပို့ထားတာ
ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါ
တယ်။
ခရစ္စမတ်ရာသီမှာ အင်ဒိုနီးရှားနိုင်ငံတဝှမ်း ဘုရားကျောင်းတွေ၊ ကုန်စုံဆိုင်ကြီးတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့
နေရာတွေအားလုံး အင်ဒိုနီးရှား အာဏာပိုင်
တွေက လုံခြုံရေးကို တင်းကျပ်ထားပါတယ်။
ကမ္ဘာ့ မူဆလင်အများဆုံးနေထိုင်တဲ့နိုင်ငံ
ဆိုပေမယ့် ဘာသာရေးကိုပဲ ရှေ့တန်းတင်တဲ့ နိုင်ငံမဟုတ်တဲ့ အင်ဒိုနီးရှားမှာ လူတွေက
ခရစ္စမတ်ပွဲတွေ ဆင်နွှဲဖို့ ပြင်ဆင်နေကြပါပြီ။
နေရာအတော်များများ ရဲတွေ၊ လုံခြုံရေးအဖွဲ့ဝင်တွေ ချထားတာတွေ့နေရပါတယ်။
ဝင်ပေါက်တွေမှာ အိတ်တွေကို စစ်ဆေးနေတာတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေ သယ် လာမှာစိုးတဲ့အတွက် ကားတွေကို စစ်ဆေးနေတာတွေ တွေ့နေရပါတယ်။
ဂျကာတာမြို့တွင်း ကုန်စုံဆိုင်ကြီးတခုအတွင်းက ခရစ္စမတ်သီချင်းသံတွေကို ကြားနေရ
တာပါ။ အစ်ကာဆိုတဲ့ အမျိုးသမီးတယောက်က ဒီကုန်စုံဆိုင်ကြီးထဲကို သူ့ကလေးကို ဆန်တာကလော့အဖိုးလို ဝတ်ထားတဲ့သူကို တွေ့နိုင်ဖို့ ခေါ်လာခဲ့တာပါ။
အင်ဒိုနီးရှားနိုင်ငံ ခရစ္စမတ်ရာသီတွေမှာဆိုရင် လုံခြုံရေးတင်းကျပ်တာကတော့ အမြဲ တမ်းလုပ်လေ့လုပ်ထ ကိစ္စတခုပါတဲ့။ လုံခြုံရေးနဲ့ပတ်သက်လို့ လိုအပ်တဲ့ ကြိုတင်ပြင်
ဆင်တာတွေ ရှိတဲ့အတွက် ဘေးရန်ကင်းကင်းနဲ့ ပျော်ရွှင်နိုင်မယ်လို့ သူက အခိုင်အမာ ယုံကြည်ပါတယ်။
ကျမတို့ဘုရားကျောင်းက လုံခြုံရေး ကောင်းကောင်းမွန်မွန် ချထားတယ်။ ကြိုတင်
ပြင်ဆင်သင့်တဲ့အတိုင်း ဘေးကင်းအောင် စောင့်ရှောက်ပေးထားတယ်လို့ ကျမတို့
ယုံပါတယ်။ ပြင်ဆင်တယ်ဆိုတာက ခရစ္စမတ်ညမှာ ကျမတို့က အပြင်ကိုထွက်တာမျိုး
ထက် ၂၅ ရက်နေ့ မနက်ပိုင်းမှာ လူအုပ်နဲ့ ဘုရားကျောင်းကို သွားတာမျိုးတွေ ကျမတို့
လုပ်ပါတယ်။ ဒါက အနည်းအများဆိုသလို ကြိုတင်တွက်ဆပြီး ဆောင်ရွက်တဲ့သဘော
ပါ။
အင်ဒိုနီးရှားနိုင်ငံအတွင်း ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပေါ်ပေါက်ခဲ့ပြီး ဒီလိုတိုက်ခိုက်
မှုတွေမှာ အရှေ့တောင်အာရှ အကြမ်းဖက်အုပ်စုဖြစ်တဲ့ ဂျေအိုင်ခေါ် ဂျမားအစ္စလား
မီးယားအဖွဲ့ကို အဓိကတာဝန်ရှိတဲ့အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။
ဒီလို ဗုံးခွဲတိုက်ခိုက်မှုတွေထဲမှာ ၂၀၀၀ ခုနှစ် ခရစ္စမတ်အကြိုညနေခင်းက နိုင်ငံတဝှမ်း ဘုရားကျောင်းတွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလည်း ပါဝင်ပါတယ်။ ၂၀၀၄ ခုနှစ်ကဆိုရင်
ဂျေဒဘလျူ မာရီးယော့ဟိုတယ်နဲ့ ဂျကာတာမှာရှိတဲ့ သြစတြေးလျသံရုံးအပြင်ဘက် ဗုံးခွဲတိုက်ခိုက်မှုတွေလည်း ပါဝင်သလို ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်အတွင်း ဘာလီ
ကျွန်း ဗုံးခွဲတိုက်ခိုက်မှုတွေလည်း ပါဝင်ပါတယ်။
ဒီလို အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး အင်ဒိုနီးရှားအာဏာပိုင်တွေက
အစ္စလမ်မစ် စစ်သွေးကြွ သုံးရာကျော်ကို ဖမ်းဆီး အပြစ်ပေး အရေးယူခဲ့ပါတယ်။
၂၀၀၂ ခုနှစ် ဘာလီကျွန်း ဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အပြစ်ဒဏ် အပေးခံထားရတဲ့
သူတွေထဲက နှစ်ယောက်ဟာ လောလောဆယ် သေဒဏ်ကျခံထားရပြီး သေဒဏ်စီရင်
ခံရဖို့ စောင့်ဆိုင်းနေပါတယ်။
ဂျေအိုင် အကြမ်းဖက်အဖွဲ့နဲ့ပတ်သက်လို့ စာရေးသားသူ Ken Conboy ကတော့ ပြီးခဲ့
တဲ့ နှစ်နှစ်ကျော်အတွင်း အင်ဒိုနီးရှားနိုင်ငံအတွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုပြီးများလာခဲ့တဲ့အကြောင်းနဲ့ ခရစ္စမတ် အားလပ်ရက်ကာလမှာ လုံခြုံရေးအရ ကြိုတင်ပြင်ဆင်တာတွေ လုပ်ဖို့လိုတဲ့အကြောင်း ပြောဆိုသွားတာပါ။
ဂျကာတာမြို့တော်မှာ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးစားတာမျိုးတွေ၊ အကြမ်းဖက်သမား
တွေရဲ့ တိုက်ခိုက်မှုပုံစံမျိုးတွေ အရင်က သမိုင်းမှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု နှစ်နှစ်
ကျော်လောက်အတွင်းမှာ ဂျမားအစ္စလားမီးယားအဖွဲ့ရဲ့ တိုက်ခိုက်မှုပုံစံမျိုးတွေ မရှိခဲ့
တော့ ဒါက သိပ်မဆိုးဘူးလို့ ပြောရမှာပါ။ ကျနော် ဒီသီတင်းပတ်တွေအတွင်းမှာပဲ လုံခြုံရေးအရာရှိတချို့ကို တွေ့ဆုံပြောဆိုကြည့်တော့ သူတို့ကလည်း မြို့တော်ကို ရုတ်တရက်တိုက်ခိုက်လာနိုင်တဲ့ ခြိမ်းခြောက်မှုမျိုးတော့ မရှိသေးပါဘူးလို့ ပြောပါတယ်။
သူတို့အနေနဲ့ သတိထားနေပါတယ်။ ဒါက ပုံမှန်လုပ်ကိုင်နေကြပုံစံမျိုး သတ်မှတ်ချက်ချ ဆောင်ရွက်နေတာပါ။
လုံခြုံရေးတိုးမြှင့်ချထားတယ်ဆိုတဲ့နေရာမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တပ်အဖွဲ့ဝင်တွေ ပါဝင်
တဲ့အကြောင်း အင်ဒိုနီးရှားအရာရှိတွေက ပြောပါတယ်။ နှစ်သစ်ကူးကာလအထိတော့
ဒီလို လုံခြုံရေးတွေ ဆက်ပြီး တိုးမြှင့်ချထားမယ်လို့ ပြောဆိုကြပါတယ်။