သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နအဖစစ်အစိုးရ သတင်းစာပါ စွပ်စွဲချက်အပေါ် ကေအဲန်ယူ တုံ့ပြန်ပြောဆို


ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ဟာ အမေရိကန်လေတပ်အရာရှိတဦးဆီ
က အကူအညီအပါအဝင် ပြည်ပကထောက်ပံ့ငွေတွေရယူပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတယ်လို့ မြန်မာစစ်အစိုးရသတင်းစာမှာ စွပ်စွဲထားပါတယ်။ ဒီဇင်ဘာ
၆ ရက်နေ့က အမေရိကန်လေတပ်က ဗိုလ်မှူးအဆင့်ရှိ ရောဘတ်ဂျွန်စတင်လ်ဆိုသူက
ကေအဲန်ယူဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်တာမလာဘောကို လက်နက်ခဲယမ်းနဲ့ လမ်းလျှောက်
စကားပြောစက်တွေ ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့
ကေအဲန်ယူဘက်က တုံ့ပြန်ချက်ကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်
မအေးအေးမာက တင်ပြထားပါတယ်။

ဒီကိစ္စအပေါ်မှာ ဗိုလ်ချုပ်ကြီးတာမလာဘောက အခုလိုတုံ့ပြန်ပြောဆိုသွားပါတယ်။
“ကျနော့်ဆီကို နိုင်ငံခြား အဖြူတွေဆိုတာ လာကိုမလာဘူး။ ဒါ အလကား မဟုတ်က ဟုတ်ကတွေပြောနေတာ။ ကျနော်လုံး၀ မသိပါဘူး။ သူတို့က သက်သက်လိမ်လည်ပြီး
သူတို့ခေါင်း သူတို့ရှောင်တာ၊ သူတို့အပြစ်တွေ သူတို့ဖုံးတာပါ။ တကယ်သောင်းကျန်း
နေတာက သူတို့ပဲ။ ကျနော်ကတော့ ဒီလိုပဲ တည့်တည့်ပြောချင်တယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ ကျနော်တို့ကို ဘယ်သူကကူညီမလဲ။ တခါတလေ ဘာမဟုတ်တဲ့သတင်းတွေ
သူတို့ လျှောက်ဖြန့်နေတာပဲ။ တော်တော်ရယ်ဖို့ကောင်းပါတယ်။ ကျနော်တို့ ဘာမှမရ
ဘူးဗျ။ အခု နိုင်ငံတကာက ကူညီနေတာ Refugees ကိုပဲ ကူနေတာပဲ။ ဒီ ဒုက္ခသည်
စခန်းတွေကို ကူနေတာပဲ။ ကျနော်တို့ကို ဘာမှမကူညီဘူး”

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ အတွင်းရေးမှူးအဖွဲ့ဝင် ပဒိုမန်းရှာ
ကလည်း အခုလိုတုံ့ပြန်ပြောဆိုသွားပါတယ်။
“အဲဒါကတော့ မှားတဲ့သတင်းပါပဲ။ အမေရိကန်တွေက ဒီလို လက်နက်ကိုင်တိုက်ပွဲ၊ လက်နက်ကိုင်ပဋိပက္ခနဲ့ပတ်သက်တာ ဒီလို လက်နက်အကူအညီ၊ လက်နက်ကိုင်အဖွဲ့
အစည်းတွေကို ကူညီတာ လုံးဝမလုပ်ပါဘူး”

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက ကရင်ပြည်နယ်အတွင်း ဒီကေဘီအေ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ဝင်တွေပိုင်တဲ့ ကားတွေကို ကေအဲန်ယူတပ်ဖွဲ့ဝင်တွေက
ပစ်ခတ်ခဲ့မှုကြောင့် အရပ်သားတွေ သေဆုံးခဲ့ရမှုကို မြန်မာစစ်အစိုးရက သတင်းစာ
ထဲမှာ ဝေဖန်ထားပါတယ်။ စနေနေ့က ပစ်ခတ်ခဲ့မှုတွေနဲ့ပတ်သက်ပြီး ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာက အခုလို တုံ့ပြန်ပြောဆိုသွားပါတယ်။
“ကျနော်သိရတာတော့ အလယ်ဘူတဲမှာလို့ပြောတယ်။ မြဝတီကားလမ်းမှာ။ ကားက
တော့ ဒီကေဘီအေနဲ့ နအဖစီးတဲ့ကား။ တိုက်ပွဲထဲမှာ လူထုလည်း တချို့ပါတယ်။
ကျနော်တို့လူတွေက လူထုပါမှန်းမသိဘူး။ အဲဒီမှာ နအဖတပ်သား လေးဦးကျတယ်၊ ဒီကေဘီအေဘက်က သုံးဦးကျတယ်၊ အခု သူတို့ဖော်ပြတဲ့ လူထုက လေးယောက်ကျ
တယ်။ အဲဒါ ကျနော်တို့ရတဲ့သတင်းပါ။ လူထုတွေကို ကျနော်တို့က တမင်သက်သက် တိုက်ခိုက်တာမဟုတ်ဘူး။ လူထုတွေနဲ့ နအဖတပ်တွေ၊ ဒီကေဘီအေတပ်ဖွဲ့တွေနဲ့ ရောပြီးမသွားဖို့လိုတယ်။ ဒီကေဘီအေနဲ့ နအဖနဲ့ ကျနော်တို့ဘက်ကို စစ်ဆင်နေတယ်၊
အခု။ အဲဒါကြောင့် စစ်ဆင်ရေးနယ်မြေတွင်းမှာ အခုလို ပစ်ခတ်မှုတွေဖြစ်တာ”

မြန်မာစစ်အစိုးရအနေနဲ့ နှစ်ပေါင်း ၅၀ အတွင်း လူမျိုးစုတွေအပေါ်မှာ နှိပ်စက် ညှဉ်းပန်းသတ်ဖြတ်မှုတွေ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်၊ ၂၀၀၇ ခုနှစ် စက်တင်ဘာလ
တွေမှာလည်း လူသိရှင်ကြား ပြည်သူလူထုအပေါ်မှာ ပစ်ခတ်မှုတွေလုပ်ခဲ့ပြီး ဒါတွေ
ကိုတော့ မြန်မာစစ်အစိုးရအနေနဲ့ သတင်းအမှောင်ဖုံးထားတယ်ဆိုပြီး ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးဘက်က ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG