သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲပြီးသော်လည်း ထိုင်းနိုင်ငံရေး အလားအလာ မရေမရာရှိနေဆဲ


ထိုင်းနိုင်ငံမှာ မနှစ်က ရာထူးက ဖြုတ်ချခံခဲ့ရ
တဲ့ ဝန်ကြီးချုပ်ဟောင်း တက်ဆင်ရှင်နာဝပ်
(Thaksin Shinawatra) ကို ထောက်ခံသူတွေ
ဟာ မနေ့က လွှတ်တော်ရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရရှိသွားပြီးတဲ့
နောက် ညွန့်ပေါင်းအစိုးရတရပ်ဖွဲ့စည်းဖို့ ပြင်ဆင်လုပ်ကိုင်နေကြပါတယ်။ ထိုင်းနိုင်ငံ
ဟာ စစ်အုပ်ချုပ်ရေးအောက်မှာ တနှစ်ကြာ
ရောက်ရှိနေပြီးနောက် အခုရွေးကောက်ပွဲနဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ပြန်ဖွင့်လှစ်
လိုက်တာပါ။ ရွေးကောက်ပွဲပြီးသွားပေမယ့် နိုင်ငံရေးတည်ငြိမ်မှုရှိဖို့ အခြေအနေကတော့
အဝေးကြီးလိုသေးတယ်လို့ ဘန်ကောက်ရှိ ဗွီအိုအေသတင်းထောက် Luis Ramirez သတင်းပေးပို့ထားတာကို မအေးသန္တာကျော်က တင်ပြထားပါတယ်။

မနှစ်က ရာထူးကဖြုတ်ချခံရပြီး ပြည်ပမှာရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း
တက်ဆင်ရှင်နာဝပ်ကို ထောက်ခံတဲ့ ပြည်သူ့အာဏာပါတီ (PPP) က ပါလီမန်ရဲ့ အမတ်
နေရာ ၄၈၀ မှာ မဲအများစုနဲ့ အနိုင်ရရှိသွားပါတယ်။ ဒါပေမယ့် မဲထည့်ဝင်လာသူတွေ
အထွက်မှာ စစ်တမ်းကောက်ယူချက်အရ သိရတဲ့ မဲအရေအတွက်လောက်တော့ မများ
လှပါဘူး။ ဒီလို တဖက်က မဲအပြတ်အသတ်နဲ့မနိုင်တာကြောင့် PPP ပါတီဟာ မစ္စတာ
တက်ဆင်ကို ပြည်ပကပြန်ခေါ်ယူဖို့ သန္နိဋ္ဌာန်ချထားကြတဲ့ သူ့ကိုထောက်ခံသူတွေ
ဦးဆောင်ပြီး ညွန့်ပေါင်းအစိုးရတရပ် ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ဒီလို မစ္စတာတက်ဆင်ကို ပြန်ခေါ်ယူမယ့်အရေးကိုတော့ စစ်တပ်က တားဆီးမယ့်ပုံရှိတယ်လို့ လေ့လာသူတွေက ခန့်မှန်းထားပါတယ်။

နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ ၁၅ လတာကာလအတွင်း စစ်တပ်ရဲ့ စီးပွား
ရေးပိုင်းကိုင်တွယ်ပုံနဲ့ တခြားကိစ္စရပ်တွေအပေါ် စိတ်တိုင်းမကျဖြစ်နေတဲ့ ထိုင်းပြည်သူ
တွေဟာ မနေ့တုန်းက ဘယ်ပါတီကိုမှ ထောက်ခံလှတယ်မဟုတ်ဘဲ မဲပေးခဲ့ကြတာပါ။ ဘန်ကောက်က မဲထည့်ဝင်သူတယောက်ပြောတာကတော့ သူ ဘယ်ပါတီကိုမှ ကြိုက် လှတယ်မဟုတ်ပါဘူး။ ဒါပေမယ့် အာဏာသိမ်းတဲ့လူကိုတော့ မထောက်ခံပါဘူးလို့ အခုလိုပြောပါတယ်။
“စစ်အာဏာသိမ်းခဲ့တဲ့အချိန်ကစလို့ အနေအထားတွေ ဆိုးရွားနေတာပါ။ အထူးသဖြင့် စီးပွားရေးပိုင်းမှာပါ” လို့ပြောသွားတာပါ။

လေ့လာသူတွေကတော့ အခုမဲရလဒ်က စစ်အာဏာသိမ်းသူတွေအတွက် သင်ခန်းစာ
ပါပဲလို့ ပြောပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံရေးကို မစ္စတာတက်ဆင် ပြန်ဝင်ရောက်လာ
မယ့်အရေးကိုတော့ စစ်တပ်၊ မြို့မျက်နှာဖုံးအသိုင်းအဝိုင်းနဲ့ ဗျူရိုကရေစီယန္တရားထဲက
လူတွေ လက်ခံမခံ မသေချာပါဘူးလို့လည်း သူတို့က ဆိုပါတယ်။

စစ်ခေါင်းဆောင်တွေဘက်ကတော့ ပဏာမရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့ ကတိ
ပေးထားပါတယ်။ ဒါပေမယ့် အရေးကြီးမယ့်အချိန်ဖြစ်လာမယ့် လာမယ့်သီတင်းပတ်
တွေအတွင်း အစိုးရတရပ်ဖွဲ့စည်းရေးမှာ စစ်တပ်က ဘေးထွက်နေမနေဆိုတာကတော့ နောက်ထပ်မေးရမယ့် သီးခြားမေးခွန်း ဖြစ်နေပါတယ်။ ဘန်ကောက် ချူလာ
လောင်ကွန်းတက္ကသိုလ်က နိုင်ငံရေးဌာနပါရဂူ Thitinan Pongsudhirak ကတော့ အခုလိုသုံးသပ်ထားပါတယ်။
“ရှေ့လျှောက် သူတို့အခန်းကဏ္ဍကို ဘယ်လိုဖော်ကျူးမလဲဆိုတာ စောင့်ကြည့်ရမယ့်
ကိစ္စပါ။ သူတို့ နိုင်ငံရေးထဲမှာ ဆက်ပြီးရှိနေချင်ရင် ရှိနေပါလိမ့်မယ်။ ဒါပေမယ့်
အာဏာသိမ်းတာ ဘယ်လောက်ကြာသွားပြီလဲဆိုတာ ပြည်သူက လက်ချိုးရေပြီး စောင့်ကြည့်နေတယ်ဆိုတာ စစ်တပ်သိပါတယ်။ ဒါကလည်း အရင်ကတည်းက တွက်
ထားပြီးသားပါ။ ဒါပေမယ့် တိုင်းပြည်အတွက်တော့ တော့်တော့ကို မရေမရာနိုင်သေး
တဲ့ အနေအထားပါ” လို့ သုံးသပ်သွားပါတယ်။

ဟိုးအရင်ကတည်းကတည်ရှိခဲ့တဲ့ ပါတီတခုလည်းဖြစ်၊ စစ်တပ်ရဲ့ အပြည့်အ၀ ထောက်
ခံမှုရထားတဲ့ ဒီမိုကရက်ပါတီကတော့ ဒုတိယမဲအများဆုံး ရရှိပါတယ်။ တကယ်လို့သာ မစ္စတာတက်ဆင်ကို ထောက်ခံသူတွေဘက်က လာမယ့်ရက်ပိုင်းအတွင်း ညွန့်ပေါင်း
အစိုးရတရပ် မဖွဲ့နိုင်ဘူးဆိုရင် ဒီမိုကရက်ပါတီက တခြားပါတီငယ်တွေနဲ့ပေါင်းပြီး
ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ပါတယ်။ ဒီလိုသာဖြစ်ခဲ့ရင် တဖက်ကလည်း PPP ပါတီက
ပါလီမန်ရဲ့တဝက်နီးပါးကို ထိန်းချုပ်နေဦးမှာမို့ အစိုးရအတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပွား
နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

ပြီးတော့ စွမ်းဆောင်နိုင်စွမ်းမရှိတဲ့အစိုးရ နိုင်ငံကိုအုပ်ချုပ်မယ်ဆိုရင်လည်း နိုင်ငံတွင်း ပြဿနာတွေကို ဖန်တီးသလိုဖြစ်ပြီး နောက်တခေါက် စစ်တပ်က ဝင်ရောက်စွက်ဖက်
ရမယ့်အနေအထား ရောက်နိုင်ပါတယ်လို့ လေ့လာသုံးသပ်သူတွေက သတိပေးနေကြ
ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG