သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စ ဘူတိုလုပ်ကြံခံရခြင်း နောက်ကွယ်တွင် အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ ရှိနေကြောင်း ပါကစ္စတန်အစိုးရ ပြောကြား


ပါကစ္စတန်အစိုးရက အတိုက်အခံ
ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ
ဘူတို လုပ်ကြံခံရတဲ့နောက်ကွယ်မှာ
အယ်လ်ခိုင်းဒါး အကြမ်းဖက်သမားများ ပါရှိ
တယ်လို့ ဆိုပါတယ်။

အယ်လ်ခိုင်းဒါး ခေါင်းဆောင် ဘက်တူလာ မာစွတ် (Baitullah Mehsud) က မစ္စဘူတိုကို သတ်ဖြတ်တဲ့ အကြမ်းဖက်သမားများကို ချီးကျူးဂုဏ်ပြုတဲ့ ပြောဆိုသံကို ထောက်လှန်းရေးဌာနက ဖြတ်တောက် အသံသွင်းထားတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဂျာဗက် ချီမား (Javed Cheema) က သတင်းထောက်များအား သောကြာနေ့မှာ ပြောကြားပါတယ်။

မာစွတ်ဟာ ပါကစ္စတန်နိုင်ငံမှာ အလိုရှိဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက် အပါအဝင်
ဖြစ်ပြီးအာဖဂန် နယ်စပ်အနီး တောင်ပိုင်း ဝါဇစ်စတန်ဒေသမှာ နေထိုင်တယ်လို့ ထင်ရ
ပါတယ်။ နိုင်ငံခြားမှာ ၈ နှစ်ကြာ တိမ်းရှောင်ခဲ့ရာကနေ အောက်တိုဘာလက ပါကစ္စတန်
နိုင်ငံကိုပြန်အလာ နာရီပိုင်းအတွင်းမှာတင်ပဲ မစ္စဘူတိုကို ကရာချီးမှာ အသေခံ
ဗုံးဖောက်ခွဲ တိုက်ခိုက်ရာမှာလည်းပဲ မာစွတ် နောက်ကွယ်က ပါဝင်ခဲ့တယ်လို့ ပြောခွင့်ရ
ပုဂ္ဂိုလ်က ပြောပါတယ်။

မစ္စဘူတိုရဲ့ နောက်ဆုံး ဗွီဒီယိုတိတ်ခွေကို သတင်းထောက်များအား ပြသရင်း မစ္စဘူတိုဟာ သေနတ်ဒဏ်ရာဖြင့် သေဆုံးတာမဟုတ်ဘူး၊ ဗုံးစ မှန်လို့သေတာ မဟုတ်ဘဲ ပေါက်ကွဲမှု ပြင်းအားကြောင့် သူမ ခေါင်းနဲ့ ကားအမိုးကို အရှိန်နဲ့ ဆောင့်မိတဲ့ဒဏ်နဲ့ သေဆုံးသွားတာ
ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပါကစ္စတန်အစိုးရက စုံစမ်းမှုနှစ်ခုလည်း ပြုလုပ်နေတယ်လို့ ပြည်ထဲရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထောက်များကို ရှင်းလင်းပြောကြားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG