အငှားယာဉ်တွေနဲ့ ခရီးသည်တင်ဘတ်စ်ကား
တွေကို ရောင်းချပေးနေတဲ့ CNG ဓာတ်ငွေ့
တွေကို လျှော့ချလိုက်တယ်လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်းသူ အသိုင်းအဝိုင်းက ပြော
ပါတယ်။ အဲဒီလို လျှော့ချလိုက်တာကြောင့်
အငှားယာဉ် မောင်းသူတွေရော ခရီးသည်
တွေပါ အခက်အခဲတွေ့နေကြရပါတယ်တဲ့။
အပြည့်အစုံကို ဦးကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။
ဘာ့ကြောင့် အခုလို ဓာတ်ငွေ့ရောင်းချတာတွေ လျှော့ချလိုက်တယ်ဆိုတဲ့ အကြောင်းပြ
ချက်ကိုတော့ တိတိကျကျ မသိရပါဘူး။ ၂၈ ရက်နေ့ကစပြီး အဲဒီလို လျှော့ချခဲ့တာလို့
ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့တဲ့ အငှားယာဉ်မောင်းသူတွေ က ပြောပါတယ်။
အရင်တုန်းက တနေ့ကို ဘယ်နှစ်ကြိမ် ထည့်ထည့် ထည့်ခွင့်ပြုထားရာကနေ အခုတော့
တနေ့ကို တကြိမ်ပဲ ထည့်ခွင့်ပေးပါတော့တယ်တဲ့။
ဒါကို အစိုးရကလည်း တရားဝင်ကြေညာပြီး လျှော့ချတာမဟုတ်ပါဘူး။ မနေ့က ရန်ကုန်
မြို့ မီးပွိုင့်တွေမှာ ယာဉ်ထိန်းရဲတွေက ကားတွေကို လိုက်ပြောတယ်လို့ အမည်မဖော်လို
တဲ့ အငှားယာဉ်မောင်းသူတဦးက ဗွီအိုအေကိုပြောပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လမှာ လောင်စာဆီဈေးနှုန်းတွေကို ရုတ်တရက် အဆများစွာ တက်
လိုက်ပြီးတဲ့နောက် စက်တင်ဘာလမှာတော့ ပြည်သူလူထုစားဝတ်နေရေး ပြေလည်
စေဖို့၊ ဒုက္ခ အပေါင်းကနေ ကင်းဝေးစေဖို့ဆိုပြီး ရဟန်းသံဃာတော်တွေက မေတ္တာပို့
ဆုတောင်းကြွချီပွဲတွေ လုပ်ခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ အခုတခါ CNG ဓာတ်ငွေ့ရောင်းတာကို လျှော့ချပြန်တာပါ။ ဒီလို
လျှော့ချ လိုက်တာကြောင့် ကိုယ်ပိုင်ယာဉ်မရှိဘဲ အငှားယာဉ်တွေနဲ့ ခရီးသည်တင်
ဘတ်စ်ကားတွေကို အားကိုးအားထားပြုနေရတဲ့ အများပြည်သူတွေပဲ ထိခိုက်နစ်နာ
မှာပါတဲ့။ အငှားယာဉ်မောင်းသူတဦးက ဗွီအိုအေကို အခုလိုပြောပြခဲ့ပါတယ်။
“ဥပမာ၊ သူ မီးအစိမ်း လေးတုံးရှိတယ်၊ ဂက်စ်အပြည့်ဆိုရင်ပေါ့နော်။ အစိမ်းလေးတုံးရှိ
တာကို နှစ်တုံးကုန်သွားရင် တွေ့တဲ့ဆိုင်မှာဝင်ထည့်၊ ကျန်တဲ့နှစ်တုံးကို။ နောက်တခါ နှစ်တုံးကုန်သွားရင် နောက်တခါ ထပ်ထည့်၊ တနေ့ထဲမှာ သုံးကြိမ်ပဲ ထည့်ထည့်၊ လေးကြိမ်ပဲထည့်ထည့်၊ ကြိုက်သလောက်ထည့်။ အဲလို ရတာပေါ့ နော်၊ အခုတော့ မရ
ဘူးပေါ့နော်၊ တနေ့တကြိမ်ပဲပေါ့။ ဆီစာအုပ်မှာ တကြိမ်ဖြည့် ပြီးသွားပြီဆိုတာနဲ့ နောက်
တခေါက် မလာနဲ့တော့ပေါ့။ လာချင်ရင် နောက်နေ့ကျမှ လာတော့ပေါ့။
“လောလောဆယ် မပေးနိုင်လို့နေမှာပေါ့။ ကားတွေများတဲ့အခါကျတော့လေ၊ လို သလောက်ဖြည့်နေတဲ့အခါ နောက်က ဂက်စ်ကမလိုက်နိုင်ရင် မပေးနိုင်ဘူးလေ။
သူ့ဘက်က ပေါသွားပြီဆိုရင်တော့ သူပြန်ပြီးတော့ ဖွင့်ရင် ဖွင့်ပေးမှာပေါ့။ လောလော
ဆယ်ကတော့ ဂက်စ်ကားကတော့ ဖြစ်သွားတာပဲ။ ဂက်စ်ကားဆိုတာ တက္ကဆီဂက်စ်
တွေလေ။
“တက္ကဆီသမား ဒုက္ခရောက်တယ်တော့မဟုတ်ဘူး၊ ခရီးသည် ဒုက္ခရောက်မှာပေါ့။
သူက ဂက်စ်က အရင်လို ဗုံးပေါလအော မရဘူးဆိုရင် ၃,၀၀၀ နဲ့ လိုက်တဲ့ လမ်းကို
သူ ၅,၀၀၀ ရမှ လိုက်တော့မှာပေါ့။ နောက် တချို့ကျတော့လည်း ဂက်စ် ကားမှာ
မနက်တယောက် ညတယောက် ရှိတယ်လေ၊ မနက်မောင်းသွားပြီးလို့ ကုန်သွားပြီ
ဆိုရင် ညသမားမှာ ထည့်မရတော့ဘူးလေ၊ သွားပြီလေ၊ အဲဒါမျိုးလေး တွေတော့
ရှိမှာပေါ့ နော။”
အစိုးရထုတ် ၂၈ ရက်နေ့ သတင်းစာတွေမှာတော့ ရတနာ ကမ်းလွန် သဘာဝဓာတ်ငွေ့
မြေကနေ သဘာဝဓာတ်ငွေ့ ပိုပြီး ထုတ်လုပ်ဖြန့်ဖြူးနိုင်အောင် ပြင်ဆင်စရာရှိတာတွေ
ကို မွမ်းမံပြင်ဆင်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အား
ထုတ်လုပ် ဖြန့်ဖြူးတာကို ထိခိုက်မှုမရှိစေရအောင် စီစဉ်ထားပါတယ်တဲ့။ ဒါပေမယ့် မော်တော်ယာဉ်တွေကို CNG ဓာတ်ငွေ့ရောင်းချပေးနေတာကို လျှော့ချသွားမယ်ဆိုတာ
ကိုတော့ ဖော်ပြထားခြင်းမရှိကြောင်းပါ။