သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရွေးကောက်ပွဲကို သတ်မှတ်သည့်ရက်တွင် ကျင်းပဖြစ်မဖြစ် လာမည့်အင်္ဂါနေ့တွင် ကြေညာမည်


ပါကစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့တပတ်က လုပ်ကြံ
ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို
(Benazir Bhutto) ရဲ့ပါတီက မကြာခင်ကျင်းပ
မယ့် ရွေးကောက်ပွဲမှာ သူတို့ ပါဝင်ယှဉ်ပြိုင်ပါ
မယ်လို့ ကြေညာလိုက်ပြီးတော့ နောက်တနေ့
ဖြစ်တဲ့ ဒီနေ့မှာတော့ နိုင်ငံတဝန်းဖြစ်ပွားနေတဲ့
ပဋိပက္ခတွေ လျော့ပါးသွားပါတယ်။

အခုဆိုရင် ဒီရွေးကောက်ပွဲကျင်းပဖြစ်ဖို့ ဖိအား
ပေးမှုတွေက သမ္မတ ပါဗက်မူရှာရက်ဖ်
(Pervez Musharraf) အပေါ် ကျရောက်နေပါ
တယ်။ ဇန်နဝါရီ ၈ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်
ထားတဲ့ ရွေးကောက်ပွဲကို စီစဉ်ထားတဲ့ရက်မှာ
ပဲ ကျင်းပမလား၊ ဒါမှမဟုတ် ရက်ရွှေ့ဆိုင်းမ
လားဆိုတာ မကြာခင်ကြေညာမယ်လို့
ရွေးကောက်ပွဲ ကျင်းပရေးအရာရှိတွေက ပြော
ပါတယ်။ ပါကစ္စတန်ရဲ့ နောက်ဆုံးအခြေအနေ
တွေနဲ့ပတ်သက်ပြီး အစ္စလမ်မာဘတ်မြို့တော်
က ဗွီအိုအေသတင်းထောက် Nancy Amelia
Collins သတင်းပေးပို့ထားတာကို မအေးသန္တာ
ကျော်က တင်ပြပေးထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို ရွေးကောက်ပွဲအတွက် ရာဝါပင်ဒီမြို့မှာ မဲဆွယ်
ပြီးအပြန် လုပ်ကြံခံခဲ့ရတာ ၄ ရက်ရှိသွားတဲ့အချိန်မှာတော့ ပါကစ္စတန် နိုင်ငံတဝန်းက
အနေအထားတွေ ပုံမှန်ဘက်ကို တဖြည်းဖြည်း ပြန်ရောက်နေပါပြီ။ မစ္စဘူတို လုပ်ကြံခံ
ခဲ့ရပြီး သေဆုံးသွားခဲ့ရလို့ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ ဒီနိုင်ငံတဝန်းမှာ ဝရုန်း
သုန်းကား ဖြစ်သွားခဲ့ရပါတယ်။ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး လူ ၄၀ လောက်
သေဆုံးလို့ တိုက်တာအဆောက်အဦးတန်ဖိုး သိန်းသန်းချီ ပျက်ဆီးခဲ့ရပါတယ်။

စတော့ဈေးကွက် တနင်္လာနေ့ စဖွင့်ဖွင့်ချင်းမှာပဲ တန်ဖိုး ၄.၇ သန်း ကျဆင်းခဲ့ရတဲ့ ကရာချိစတော့ဈေးကွက်ဒါရိုက်တာ Shoaib Memon ကတော့ ရွေးကောက်ပွဲ မြန်မြန် မကျင်းပနိုင်ဘဲနဲ့တော့ ဒီဈေးကွက် ဈေးပြန်တက်မယ့်အလားအလာ မရှိဘူးလို့ ပြောပါ
တယ်။
“ရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်းမယ်ဆိုရင် မသေချာမှုတွေ ပိုဖြစ်စေပြီးတော့
ဈေးကွက်တန်ဖိုးက ၁၀ ကနေ ၁၅ ရာခိုင်နှုန်းအထိ ဆက်ကျနိုင်ပါတယ်” လို့
Mr Memon ပြောသွားတာပါ။

ဒီဇန်နဝါရီလ ၈ ရက်နေ့မှာ ကျင်းပဖို့ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲကို အဲဒီနေ့မှာ
ကျင်းပဖြစ် မဖြစ်ဆိုတာ အင်္ဂါနေ့မှာကြေညာမယ်လို့ ရွေးကောက်ပွဲ အရာရှိတွေက
ပြောပါတယ်။ အစ္စလမ်မာဘတ်မြို့မှာရှိတဲ့ မဟာဗျူဟာလေ့လာရေးတက္ကသိုလ်က
ညွှန်ကြားရေးမှူး Fazalur Rehman ကတော့ ရွေးကောက်ပွဲကျင်းပဖြစ်ဖို့ အရေးကြီးလှ
ပါတယ်လို့ ဆိုပါတယ်။
“ဒီကိစ္စသိပ်ကိုအရေးကြီးပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို ရွေးကောက်ပွဲကို
ဖြစ်အောင်ကျင်းပရမှာပါ။ အခုချက်ချင်း မဟုတ်ဘူးဆိုရင်တောင် အနှေးနဲ့အမြန်တော့ ကျင်းပရမှာပါ။ ဒါနဲ့ပတ်သက်ပြီး ပြည်သူတွေဘက်က လျှော့ပေးမယ့်ပုံမရှိပါဘူး” လို့ ပြောသွားပါတယ်။

တနင်္ဂနွေကတော့ ကွယ်လွန်သူ မစ္စဘူတိုရဲ့ပါတီ ပါကစ္စတန်ပြည်သူ့ပါတီကို သူ့ရဲ့
အသက် ၁၉ နှစ်အရွယ် သားဖြစ်တဲ့ Bilawal Bhutto Zadari ဦးဆောင်မယ်လို့ သူ့ပါတီ
က ကြေညာခဲ့ပါတယ်။ သားဖြစ်တဲ့ Bilawal ဗြိတိန်နိုင်ငံက အောက်စ်ဖို့ဒ်တက္ကသိုလ်ကို
ပြန်ပြီးတော့ ဘွဲ့ရတဲ့အထိ ကျောင်းတက်နေတုန်းမှာဆိုရင်တော့ မစ္စဘူတိုရဲ့ ခင်ပွန်း
ဖြစ်တဲ့ Asif Ali Zadari က ပီပီပီပါတီရဲ့ တွဲဖက်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပေး
သွားမှာပါ။ အခု ပီပီပီပါတီဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ပြောပါ
တယ်။

တခြားအတိုက်အခံပါတီတွေကလည်း ရွေးကောက်ပွဲကို စီစဉ်ထားတဲ့ရက်မှာ ကျင်းပ
ပေးဖို့ တောင်းဆိုနေကြပါတယ်။ ဒါပေမယ့် လက်ရှိအာဏာရ ပါကစ္စတန် မွတ်ဆလင်-ကျူပါတီကတော့ ရွေးကောက်ပွဲဟာ သုံးလေးလလောက်အထိ ကြန့်ကြာနိုင်တယ်လို့ ပြောနေပါတယ်။ အခုချက်ချင်းသာ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် မစ္စဘူတိုရဲ့ ပီပီပီ
ပါတီက ထောက်ခံမဲအများကြီးရသွားမှာကို သမ္မတ ပါဗက်မူရှာရက်ဖ်က စိုးရိမ်တဲ့ပုံရှိ
တယ်လို့ နိုင်ငံရေးအကဲခတ် Fazalur Rehman ကပြောပါတယ်။
“သမ္မတမူရှာရက်ဖ်အတွက် အတော့ကို စဉ်းစားစရာဖြစ်နေပါတယ်။ အခုသာ ရွေးကောက်ပွဲကျင်းပလိုက်ရင် ပီပီပီပါတီကို လူတွေက စာနာသနားပြီး မဲထည့်ကြ မလားဆိုတာကိုပေါ့။ အဲဒီလိုသာဆိုရင်တော့ ပါလီမန်မှာ ပီပီပီပါတီက အမတ်နေရာ
အများစုရပြီး သိပ်အင်အားကြီးသွားနိုင်ပါတယ်။ ဒီကိစ္စကို အစိုးရက အကြီးအကျယ်
ပူပန်နေပါတယ်” လို့ Mr Rehman က ပြောသွားတာပါ။

ဒီနေ့မှာတော့ ပါကစ္စတန်နေရာအတော်များများမှာ ဆူပူအကြမ်းဖက်မှုတွေ လျော့ကျ သွားပြီဖြစ်ပေမယ့် ဆူပူမှုတွေရှိတဲ့အပိုင်းတွေ ကျန်နေပါသေးတယ်။ တောင်ပိုင်းက
Hyderabad မြို့မှာဆိုရင် ကန့်ကွက်ဆန္ဒပြသူတွေက သေနတ်တွေကို လေထဲပစ်
ဖောက်လို့ ခဲတွေနဲ့လည်း ပေါက်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG