သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားလုပ်ငန်းစဉ် ဖျက်သိမ်းပြီးစီးကြောင်း အစီရင်ခံရန် မြောက်ကိုရီးယားပျက်ကွက်


ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းက မြောက်ကိုရီး
ယားနိုင်ငံနဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်အရ မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ နျူကလီးယား လုပ်ငန်းတွေကို ၂၀၀၇ ခုနှစ်မကုန်ခင် ဖျက်
သိမ်းပေးပြီး စာရင်းဇယားတွေ အတိအကျ
ဖော်ပြပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ အမေရိ
ကန်နိုင်ငံက တနင်္လာနေ့က အတည်ပြု ပြောကြားလိုက်ပါတယ်။ အဲဒီသဘောတူညီ
ချက်အရ မြောက်ကိုရီးယားနိုင်ငံက စီးပွား
ရေး၊ လောင်စာဆီနဲ့ နိုင်ငံရေးအရ အကူ
အညီတွေကို အပြန်အလှန် ရရှိမှာဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဌာနကတော့ ဒီကိစ္စအပေါ်မှာ စိုးရိမ်ပူပန်မှုမဖြစ်ဘဲ လုပ်ငန်းစဉ်အတိုင်း ဆက်လက်
အကောင်အထည်ဖော်သွားမှာဖြစ်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဗွီအိုအေ သတင်းထောက် David Gollust သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြ
ပေးပါမယ်။

မြောက်ကိုရီးယားနိုင်ငံက သတ်မှတ်ထားတဲ့ရက်အတောအတွင်း သူ့ရဲ့ နျူကလီးယား လုပ်ငန်းစဉ်တွေကို ဖျက်သိမ်းပေးဖို့ ပျက်ကွက်တဲ့ကိစ္စဟာ ဒီ ရှုပ်ထွေးနက်နဲလှတဲ့ နျူကလီးယားပြဿနာကြီးတခုလုံးရဲ့ ပထမဆုံး ဆူးငြောင့်ခလုတ်တော့ မဟုတ်ပါဘူး။ ဒီသဘောတူညီချက်မှာပါတဲ့အတိုင်း မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အပြည့်အ၀ လိုက်နာဆောင်ရွက်ဖို့ ပါဝင်ဆွေးနွေးခဲ့ကြတဲ့နိုင်ငံတွေက တိုက်တွန်းလုပ်ဆောင်ကြ
လိမ့်မယ်လို့ သက်ဆိုင်ရာအရာရှိတွေက ပြောပါတယ်။

တခြားလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအပြင် မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူက လီးယားလက်နက် ဘယ်နှစ်ခုထုတ်လုပ်ခဲ့တယ်၊ ဒီအတွက် ဘယ်နိုင်ငံတွေက အကူ
အညီရခဲ့တယ်၊ ဘယ်နိုင်ငံတွေကို အကူအညီပေးခဲ့တယ် ဆိုတာတွေကို အသေးစိတ် ထုတ်ပြန်ကြေညာရမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက မကြာခင်နှစ်များ
အတွင်း ယူရေနီယံ လျှို့ဝှက်ပြန့်ပွားရေးလုပ်ငန်းတွေအပြင် ၁၉၉၀ ခုနှစ်တွေတုန်းက
လက်နက်ထုတ်လုပ်နိုင်တဲ့ အဆင့်မီ ပလူတိုနီယံ လုပ်ငန်းစဉ်ကိုပါ မြောက်ရီးယားနိုင်ငံ
ဘက်က အတိအလင်း ထုတ်ပြန်ကြေညာပေးဖို့ အမေရိကန်နိုင်ငံဘက်က လိုလားနေ
ပါတယ်။

မြောက်ကိုရီးယားစံတော်ချိန် ညသန်းခေါင်ကျော်တဲ့အထိ နျူကလီးယားလုပ်ငန်းစဉ်
တွေ နောက်ထပ်ဖျက်သိမ်းပြီးကြောင်း မြောက်ကိုရီးယားဘက်က တစုံတရာ အစီရင်ခံ လာခြင်းမရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရ
ပုဂ္ဂိုလ် တွမ်ကေစီ (Tom Casey) က ပြောပါတယ်။

အခုလိုဖြစ်လာမယ်ဆိုတာကို ကြိုတင်မျှော်လင့်ထားကြတဲ့အတွက် အမေရိကန်၊ ဂျပန်
နဲ့ တောင်ကိုရီးယားနိုင်ငံတို့က ဒီကိစ္စအပေါ် စိတ်ပျက်တဲ့အကြောင်း ကြိုတင်တိုင်ပင်ပြီး
နာရီပေါင်း တော်တော်လေးအလိုမှာ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါ
တယ်။

မြောက်ကိုရီးယားဘက်က အခုလို အချိန်မီမထုတ်ပြန်နိုင်တာဟာ စိတ်မကောင်းစရာ
ဖြစ်ပေမယ့် ဒီသဘောတူညီချက်ပါ လုပ်ငန်းရပ်တွေကို ဆက်လက်အကောင်အထည် ဖော်သွားဖို့အတွက် သံတမန်ရေးအရ ဆောင်ရွက်မှုတွေကိုတော့ လုပ်ဆောင်သွားရမှာ
ဖြစ်တယ်လို့ တွမ်ကေစီက ဆက်ပြောပါတယ်။
“အရေးကြီးတာက ဖျက်သိမ်းပြီးကြောင်းကြေညာချက်ကို ဒီကနေ့ ထုတ်ပြန်နိုင်တယ်၊ မထုတ်ပြန်နိုင်ဘူးဆိုတဲ့ ကိစ္စမဟုတ်ပါဘူး။ အရေးကြီးတာက သဘောတူညီချက်မှာ ပါတဲ့အချက်တွေကို အချိန်မီလုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုတဲ့ကိစ္စပါ။ ဒါမှလည်း ဒီ
သဘောတူညီချက်က အဓိပ္ပာယ်ရှိမှာပါ။ နောက် ဒီကိစ္စနဲ့ပတ်သက်ပြီး မြေက်ကိုရီး
ယားနဲ့လည်း ကျနော်တို့ ထပ်မံဆွေးနွေးပြီးသားပါ။ သေချာတာကတော့ မြောက်ကို
ရီးယားအပါအဝင် တခြားဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့နိုင်ငံတွေနဲ့ ဒီကိစ္စကို ထပ်ဆွေးနွေး ကြရဦးမှာဖြစ်သလို မြောက်ကိုရီးယားနိုင်ငံက ဖျက်သိမ်းပြီးစီးကြောင်း ကြေညာချက်
ကို ထုတ်ပြန်နိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်”

သံတမန်ရေးအရ အကူအညီတွေရရှိဖို့ မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ နျူကလီးယား လုပ်ငန်းစဉ်တွေကို ဖျက်သိမ်းပစ်ဖို့ ၂၀၀၅ ခုနှစ်က မူအားဖြင့် သဘောတူခဲ့တာဖြစ်ပါ
တယ်။

မြောက်ကိုရီးယား နျူကလီးယားအရေး အထူးစေ့စပ်ညှိနှိုင်းရေးမှူး အရှေ့အာရှရေးရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာဟေးလ် (Christopher Hill) က တခြားနိုင်ငံတွေ
က အထူးသံတမန်တွေနဲ့ ဒီကိစ္စကို အခုအပတ်နှောင်းပိုင်းမှာ သီးခြားစီ တွေ့ဆုံဆွေးနွေး
ဖို့ရှိတယ်လို့ မစ္စတာကေစီက ဆက်ပြောပါတယ်။

လောလောဆယ်မှာတော့ ရုရှား၊ ဂျပန်၊ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအပြင်
အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ တရုတ်နိုင်ငံတို့ အပါအဝင် ၆ နိုင်ငံစလုံးအနေနဲ့
တပေါင်းတစည်းထဲ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်မရှိဘူးလို့ မစ္စတာကေစီက ဆက်ပြော
သွားပါတယ်။

XS
SM
MD
LG