သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ခြောက်ဆယ်ပြည့် မြန်မာ့လွတ်လပ်ရေး


မြန်မာပြည်မှာ စစ်အစိုးရကို ဒီမိုကရေစီ စနစ်ကျင့်သုံးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်လက် တိုက်တွန်းနေတဲ့ အချိန်မှာပဲ ဗြိတိန်နိုင်ငံထံက လွတ်လပ်ရေးရတာအနှစ်(၆၀)ပြည့်ပွဲအတွက်ပြင်ဆင်နေကြပါတယ်။

ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ကာရင်စရက်ဆင်ဗက်က နိုင်ငံရေး အကျဉ်းသား အာလုံးလွှတ်ပေးဖို့ စစ်အစိုးရကို ကြာသပတေးနေ့မှာ စာရေးပြီး တိုက်တွန်းလိုက်ပါတယ်။

ဒီမိုကရေစီသို့ လမ်းပြမြေပုံဆိုတာ အချက်(၇)ချက်ဆိုတာ ပထမအချက်တောင်မပြီးသေးဘူး။ အမျိုးသား ညီလာခံကလည်း (၁၄)နှစ်ကြာခဲ့တယ် စသဖြင့် မြန်မာ့အရေး အလေးထားဖေါ်ပြတဲ့ ဧရာဝတီ စာစောင်ခေါင်းကြီးပိုင်းကနေ ဝေဖန်ရေးသားပါတယ်။ မြန်မာ့မိတ်ဆွေ မြောက်ကိုးရီးယားက စစ်ကောင်စီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဝမ်းမြောက်ဝမ်းသာ နှုတ်ခွန်းဆက်သရင်း နှစ်နိုင်ငံကြား ချစ်ကြည်စွာဆက်ဆံရေးတိုးမြှင့်နိုင်လိမ့်မယ်လို့ ဖေါ်ပြပါတယ်။ (၁၉၄၈)ခုနှစ်က မြန်မာနိုင်ငံဟာ ဗြိတိန်နိုင်ငံထံက လွတ်လပ်ရေးရခဲ့ပြီး (၁၉၆၂)ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းကာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအပါအဝင် ဒီမိုကရေစီ အဆောင်အယောင် အားလုံးကို ဖျက်သိမ်းပြီး ဆိုရှယ်လစ် သမ္မတနိုင်ငံထူထောင်ခဲ့ပါတယ်။ အဲဒီနောက် ခေတ် အဆက်ဆက် စစ်အစိုးရတွေက ဒီမိုကရေစီအမှတ်အသားဖြစ်တဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုများကို နှိပ်ကွပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီခေါင်းဆောင် တော်တော်များများဟာ ဖမ်းဆီးခံရ၊ နေအိမ် အကျယ်ချုပ်ခံနေကြရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG