အမေရိကန်သမ္မတကတော် လော်ရာဘုရှ်
(Laura Bush) က ဒီကနေ့ကျရောက်တဲ့
မြန်မာ့ လွတ်လပ်ရေးနေ့မှာ မြန်မာစစ်အစိုးရ
ကိုပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ဒီကနေ့ထုတ်
ပြန်တဲ့ မစ္စစ်လော်ရာဘုရှ်ရဲ့ ထုတ်ပြန်ချက်မှာ
အဲဒီလို ဖော်ပြထား တာပါ။ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေကို ဦးကျော်ကျော်သိန်းက
အစီရင်ခံထားပါတယ်။
ဒီနေ့ဟာ မြန်မာနိုင်ငံရဲ့ အနှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့ဖြစ်ပေမယ့် မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ လွတ်လပ်ရေးရဲ့အရသာကို ခံစားကြရမယ့်အစား ထိတ်လန့်
ကြောက်ရွံ့မှု၊ ဆင်းရဲမွဲတေမှုနဲ့ နှိပ်ကွပ်မှုတွေကို ဗိုလ်ချုပ်ကြီးတွေရဲ့ အုပ်ချုပ်မှု
အောက်မှာ ခံစားနေကြရပါတယ်။
ဒီဗိုလ်ချုပ်ကြီးတွေဟာ မြန်မာနိုင်ငံရဲ့စီးပွားရေးကို လုယက် ခိုးယူပြီး ပေါကြွယ်ဝလှ
တဲ့ သယံဇာတ အရင်းအမြစ်တွေကိုလည်း ခိုးယူခဲ့တာကြောင့် တချိန်က အင်မတန်မှ
ချမ်းသာကြွယ်ဝတဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲ မှာ လူတဦးချင်း
စီရဲ့ဝင်ငွေ အနိမ့်ဆုံးဖြစ်သွားပြီး အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားပါပြီ။
အခြေခံ လူ့အခွင့်အရေးတွေကို မရှက်မကြောက်ချိုးဖောက်နေတဲ့ မြန်မာနိုင်ငံ စစ်
အစိုးရကို ပြစ်တင်ရှုတ်ချရာမှာ နိုင်ငံတကာအနေနဲ့ မိမိတို့နဲ့အတူ ၀ိုင်းဝန်း လက်တွဲ
ကြပါလို့ အမေရိကန်သမ္မတကတော် လော်ရာဘုရှ်ရဲ့ ထုတ်ပြန် ကြေညာချက်မှာ
ဖော်ပြထားပါတယ်။