သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ လွတ်လပ်ရေးနေ့မှာ တောင်းဆို ဆန္ဒပြ


လွတ်လပ်ရေးနေ့အခမ်းအနားတွေကို
အသီးသီး ကျင်းပနေချိန်မှာပဲ လွတ်လပ်ရေး
ဆုံးရှုံးနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ
လွတ်မြောက်ရေး ဆန္ဒပြ လှုပ်ရှားမှုတခုလည်း
ရန်ကုန်မြို့မှာ ဒီကနေ့ ဖြစ်ခဲ့ပါတယ်။

ရန်ကုန်မြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
က လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပချိန်
မှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ
လူငယ် ၁၄ ယောက်က ဆန္ဒ ပြခဲ့ကြတာပါ။
ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ လူငယ်တဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“၈ လပိုင်းမှာ ဖမ်းဆီးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ အဲဒီလူတွေကို အမြန်ဆုံး ပြန်
လွှတ်ပေးဖို့ ကျနော်တို့ ဆန္ဒပြတာပါ။ ဆန္ဒပြတာတော့ ကျနော်တို့ ထောင်အဝတ်
အစားနဲ့ပေါ့၊ ထောင်အဝတ်အစား၊ အပေါ်က အပြာနု၊ အောက်က အပြာရင့်နဲ့၊
လက်ကို အပေါ်မြှောက်ပြီး လက်ထိတ်ခတ်ထားတဲ့ ပုံစံမျိုးနဲ့ ၁၀ မိနစ် ဆန္ဒပြပါ
တယ်။

“ထောင်ထဲကို ရောက်ပြီဆိုရင် ထောင်အဝတ်အစား ဝတ်ရတဲ့သဘောမျိုး၊ ထောင်ကျ
နေတဲ့သဘောမျိုး၊ အဲဒီလူတွေကို ပြန်လွှတ်စေချင်တဲ့ သဘောမျိုးနဲ့ ကျနော်တို့
ကိုယ်တိုင် ခံစားခဲ့ရတဲ့ပုံစံမျိုးနဲ့ ကျနော်တို့ ဆန္ဒပြတာပါ။

“အန်န်အယ်လ်ဒီရုံးမှာ လာပြခြင်းရဲ့ အကြောင်းရင်းက တကမ္ဘာလုံး တနိုင်ငံလုံးသိနိုင်
တဲ့ အနေအထား ဆုံချက်နေရာ ဖြစ်လို့ပါပဲ။ တကယ်လို့ ဖမ်းသွားမယ်ဆိုရင်လည်း ဖမ်းသွားပေါ့နော်။”

ဒီကနေ့ အန်န်အယ်လ်ဒီရုံးရှေ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ လူငယ်တဦးက ပြောပြခဲ့
တာပါ။

လွတ်လပ်ရေးနေ့ မနက်အစောကြီးမှာ အန်န်အယ်လ်ဒီ အဖွဲ့ဝင်တချို့ အဖမ်းခံခဲ့ ရတဲ့အကြောင်းကိုလည်း ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခုလိုပြောပါတယ်။

“မနေ့ညက သုံးရက်နေ့ည ၁၂ နာရီ၊ ဒီနေ့လို့ပြောရင်လည်း ဒီနေ့မနက်ပေါ့၊ ၁၂ နာရီ
ကျော် ၁ နာရီလောက်မှာ ဒေါပုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်
ကိုကျော်ကျော်နဲ့ တောင်ဒဂုံမြို့နယ်က လူငယ် အမျိုးသမီး မထက်ထက်အောင်တို့
နှစ်ယောက်ကို မေးစရာရှိတယ်ဆိုပြီးတော့ ခေါ်သွားတယ်။ ခုချိန်ထိ ပြန်မလွတ်သေး
ဘူး။ အခြေခံ ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့ ကျနော်တို့ မသိဘူး၊ သူတို့ လာ
ဖမ်းတဲ့လူတွေ ပြောသွားတာကတော့ စစ်ဆေးစရာ ရှိတယ် ပေါ့၊ ဒီတလုံးပဲ ပြော
သွားပါတယ်၊ နှစ်ယောက်ပါ။”

လွတ်လပ်ရေးနေ့မှာ လွတ်လပ်မှုဆုံးရှုံးပြီး အဖမ်းခံခဲ့ရတဲ့လူတွေနဲ့ ပတ်သက်လို့
ဦးဉာဏ်ဝင်းပြောခဲ့တာပါ။

XS
SM
MD
LG