သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမတလောင်း ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေ


အမေရိကန်နိုင်ငံ အိုင်အိုဝါ (Iowa) ပြည်နယ်မှာ Caucus တွေက ၂၀၀၈ ခုနှစ် အမေရိကန် သမတ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်များ ရွေးချယ်ဖို့အတွက် မဲပေးဖို့ ပြင်ဆင်နေကြပါပြီ။

မဲဆန္ဒရှင် ၂,၀၀၀,၀၀၀ ကျော်တို့ဟာ အလွန်အမင်း အေးစက်နေတဲ့ကြားကပဲ မဲပေးဖို့ပြင်ဆင်နေကြတယ်။ ကြာသပတေးနေ့ညမှာပဲ သူတို့ အခြေအတင် ဆွေးနွေးကြပြီးမှ မဲပေးကြမှာဖြစ်တယ်။ သက်ဆိုင်ရာပါတီ ကိုယ်စားပြု ရွေးကောက်ပွဲဝင်မယ့် ပုဂ္ဂိုလ်များကို ရွေးချယ်ကြမှာဖြစ်တယ် စသဖြင့် သတင်းများမှာ ရှင်းလင်းဖော်ပြပါတယ်။

ဒီမိုကရက်တစ်ပါတီထဲက အထက်လွှတ်တော်အမတ်များ ဖြစ်ကြတဲ့ ဂျွန် အက်ဝက် (John Edward)၊ ဟယ်လာရီ ကလင်တန် (Hillary Clinton) နဲ့ ဘားရက် အိုဘားမား (Barack Obama) တို့ သုံးပွင့်ဆိုင် အကျိတ်အနယ် ယှဉ်ပြိုင်နေကြပါတယ်။

နယူးဟမ်ရှား (New Hampshire) ပြည်နယ်မှာ ဘားရက် အိုဘားမားက -

“ကျနော်တို့ ကမ္ဘာကြီးကို ပြောင်းလဲရမယ်။ ဒီနေရာကနေ စတင်မှာဖြစ်တယ်။ ကျနော်နဲ့အတူ ရပ်တည်ကြပါ။ ကျေးဇူးတင်ပါတယ်။”

ရီပါပလစ်ကန်တွေထဲက မန်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး မစ် ရော်မနီ (Mitt Romney)၊ အော်ကန်ဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မိုက် ဟက်ကာဘီ (Mike Huckabee) တို့ ရှေ့က ပြေးနေကြပြီးတော့ အိုင်အိုဝါ ပြည်နယ်မှာ ရော်မနီ အင်တိုက်အားတိုက် မဲဆွယ်မှုကြောင့် ဟက်ကာဘီကို ကျော်လွှားနိုင်လိမ့်မယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG