သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ခြောက်ဆယ်ပြည့် မြန်မာ့လွတ်လပ်ရေးနေ့


မြန်မာ့လွတ်လပ်ရေး အနှစ်ခြောက်ဆယ်ပြည့် အခမ်းအနားတွေကို မြန်မာ စစ်အစိုးရဘက်ကရော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLDပါတီဘက်ကရော သီးခြားစီ ကျင်းပခဲ့ကြပါတယ်။ NLDပါတီ ကတော့ လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြီးခဲ့တဲ့ စက်တင်ဘာ အရေးအခင်း တုန်းက အဖမ်းခံထားရသူတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆို ခဲ့ပါတယ်။

NLD အဖွဲ့ဝင် လူငယ်နှစ်ဦးဟာ လွတ်လပ်ရေးနေ့ မတိုင်ခင်ညကပဲ ထိန်းသိမ်းခံလိုက်ရပြီး အခုဆိုရင် ဖမ်းခံရတဲ့ ပါတီဝင်ပေါင်း ၉၇ဦးရှိသွားပြီလို့ NLDပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

နှစ်ခြောက်ဆယ်ပြည့် လွတ်လပ်ရေးနေ့မှာ NLD ပါတီဝင်တွေနဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေက ရန်ကုန်မြို့ရှိ NLD ရုံးချုပ်ရှေ့မှာ ၁၀မိနစ်လောက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီအချိန်မှာ အရပ်ဝတ် အရပ်စားနဲ့ စစ်ဘက်အရာရှိတွေက ဗွီဒီယိုရိုက်ကူးခဲ့ကြပါတယ်။

မြန်မာ့ လွတ်လပ်ရေးနေ့ အထိန်းအမှတ်အဖြစ် ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲတဲ့ အခမ်းအနားတွေ တော့ မရှိပါဘူး။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လွတ်လပ်ရေး နှစ်ပတ်လည် နှုတ်ခွန်းဆက်စကားမှာတော့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးမှာ တတိုင်းပြည်လုံးပါဝင်ဆောင်ရွက်ဖို့ကို တိုက်တွန်း ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စက်တင်ဘာ ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး ဘာမှ ပြောဆိုခြင်းမရှိဘဲ သူဟာ စစ်တပ်ရဲ့ ဒီမိုကရေစီ လမ်းညွန်မြေပုံအတိုင်း ဒီမိုကရေစီ ဖော်ဆောင်သွားမယ်လို့ပဲ အကြိမ်ကြိမ် ပြောဆိုနေတာပါ။

XS
SM
MD
LG