ဇန်န၀ါရီ ၈၊ ၂၀၀၈ - အမေရိကန်ပြည်ထောင်စု
ရဲ့ သမ္မတလောင်း ပဏာမရွေးချယ်ပွဲတွေ
အနောက်မြောက်ပိုင်းဒေသက နယူးဟမ့်ပ်ရှဲ
ပြည်နယ်မှာ အင်္ဂါနေ့မှာ စတင်ကျင်းပမှာ
ဖြစ်ပါတယ်။
သမ္မတလောင်းတွေအဖြစ် ယှဉ်ပြိုင် အရွေးခံရဖို့
အတွက် တနှစ်ကျော် မဲဆွယ်ပွဲတွေ လုပ်ခဲ့တဲ့
နောက်ပိုင်း ပြည်သူ့စစ်တမ်းကောက်ယူကြည့်
တဲ့အခါ ဒီမိုကရက် သမ္မတလောင်းတွေနဲ့ ရီပတ်ဘလီကန်ပါတီက သမ္မတလောင်းတွေ
အတွက် မဲပေးကြပုံတွေဟာ ထူးထူးခြားခြား တိုက်ဆိုင်နေတာကို တွေ့ရပါတယ်။