သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘုရှ် အရှေ့အလယ်ပိုင်းသို့ ခရီးထွက်ခွာ


အမေရိကန်သမ္မတဘုရှ်က သူ့ရဲ့ ရှစ်ရက်ကြာ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း ဆွေးနွေးပွဲ
တွေမှာ အီရန်အကြောင်းပါလိမ့်မယ်လို့ ပြော
လိုက်ပါတယ်။ ယူရေနီယမ်ကို ဘယ်လိုသန့်စင်
တယ်ဆိုတာ သိအောင်လုပ်ခွင့်ပေးလိုက်ရင်
အီရန်ဟာ ခြိမ်းခြောက်မှုတရပ် ဆက်ဖြစ်နေ
လိမ့်မယ်လို့ သမ္မတကဆိုပါတယ်။

ယူရေနီယမ်ကို ဘယ်လိုသန့်စင်ရမယ်ဆိုတာ
အီရန်နိုင်ငံက သိပြီးသားဖြစ်နေပြီလို့ အမေရိကန်ထောက်လှမ်းရေး အဖွဲ့အစည်း
တွေက ဒီဇင်ဘာလမှာ အစီရင်ခံခဲ့ပါတယ်။
၂၀၁၀ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်ကြား တချိန်ချိန်မှာ ညူကလီးယားလက်နက် ထုတ်လုပ်ဖို့
လုံလောက်တဲ့ ယူရေနီယမ်ပမာဏကို သန့်စင်နေတယ်လို့လည်း ဆိုထားပါတယ်။

အဲဒီအစီရင်ခံစာမှာပဲ အီရန်ဟာ သူ့ရဲ့ ညူကလီးယားလက်နက်အစီအစဉ်ကို ၂၀၀၃
ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့ပြီးပြီလို့ လည်း ဖြော်ပထားပါသေးတယ်။ ဒီအစီရင်ခံ
စာဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းကို အရောရောအထွေးထွေး အချက်ပေးခဲ့တယ်လို့
မစ္စတာဘုရှ်က အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG