သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့မှာ ဖမ်းဆီးမှုတွေ ဆက်လက်ရှိနေဆဲ


ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ဥက္ကဌ ဦးသက်ေ၀ ကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာပါ။ ရန်ကုန်မြို့က တကိုယ်တော် ဆန္ဒပြသူတဦးအဖြစ် လူသိများပြီး ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ဖမ်းဆီးခံနေရတဲ့ ဦးအုန်းသန်း ကို ရုံးထုတ်စစ်ဆေး ရာမှာ ဦးသက်ေ၀ သွားရောက်နေတုန်း အခုလို အဖမ်းဆီးခံခဲ့ရတာပါ။ ဒီကနေ့ နေ့လည်ပိုင်းက ဦးသက်ေ၀ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အကြာင်းကိုတော့ မိသားစုဝင်တဦး က အခုလို ပြောပြပါတယ်။

“တကိုယ်တော် ဦးအုန်းသန်း လေ၊ သူ့ရုံးထုတ်ကို အဲဒါ သွားပြီးတော့ အားပေးစကား ပြောတာ။ အဲဒါ ဟိုရောက်တော့ သူ့ကို ဖမ်းထားလိုက်တယ်။ ဘာအကြောင်းရယ် လို့တော့ မသိရဘူး။ ကျနော် ရောက်တော့ ကျနော်မေးတော့လည်း လာဆွဲသွားတယ်။ ဘယ်အဖွဲ့အစည်း ကလည်း ဆိုတာတော့ သူတို့လည်း မပြောနိုင်ဘူးတဲ့၊ အဲဒီ ကျောက်တံတား စခန်းကနေပြီးတော့။ ကျောက်တံတား တရားရုံးမှာ လမ်း ၃၀ ထိပ်ကလေ၊ ကမ်းနားလမ်း။ ဘာအကြောင်းမှလည်း မကြားပါဘူး။ အခုကတော့ စိုးရိမ်တာပေါ့၊ အခုထက်ထိ ဘာမှလည်း အကြောင်းမကြားဘူး။ ဘယ်လိုက်လို့ လိုက်ရမှန်းလည်း မသိဘူး။”

ထိမ်းသိမ်းခံနေရသူတွေကို ပြန်လွှတ်ပေးဖို့ ပြည်တွင်းပြည်ပက တိုက်တွန်းမှုတွေ ရှိနေချိန်မှာ အခုလို ဖမ်းဆီးမှုတွေ ဆက်လက် ရှိနေတာကြောင့် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အခုလုပ်ရပ်တွေအပေါ် ဝေဘန်ပြစ်တင် လိုက်ပါတယ်။ ဒါဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အကျိုးမရှိစေနိုင်ဘူးလို့လည်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ကျနော်တို့ အမြင်ကတော့ဗျာ၊ ကျနော်တို့ အခုရည်ရွယ် မျှော်လင့်နေတဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် မကောင်းတဲ့ လက္ခဏာတွေလို့ပဲ မြင်တယ်ဗျာ။ ဒီဥစ္စာတွေက မဖြစ်သင့်တော့ဘူးလေ၊ တွေ့ဆုံဆွေးနွေးရေးအတွက် ဒီ process (လုပ်ငန်းစဉ်) ကလည်း ဒီလောက် နှေးဖို့ မကောင်းဘူးလေ။ ဘာဖြစ်လို့လည်းဆိုတော့ တိုင်းပြည် စီးပွားရေး အခြေအနေကလည်း မကောင်းဘူးလေ။ ဒါဟာ အမြန်ဆုံး ဖြစ်စေချင်တယ်။ အခုဟာက မဖြစ်ပဲနဲ့ ကြန့်ကြာနေတာတော့ မကောင်းဘူး။”

ဒါဟာ ဒီရက်ပိုင်း အဖမ်းအဆီးတွေထဲက နောက်ဆုံး အဖမ်းအဆီး သတင်းတခုပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ ကလည်း ဖမ်းဆီးမှုတွေ ရှိနေရာမှာ၊ ပြီးခဲ့တဲ့ သောကြာနေ့ လွတ်လပ်ရေးနေ့တုန်းကလည်း ရန်ကုန်တိုင်း ဒေါပုံမြို့နယ်က အန်အယ်လ်ဒီ လူငယ် ၂ ယောက် ဖမ်းဆီးခံခဲ့ရသလို၊ အဲဒီမတိုင်ခင် တရက်ကလည်း သံဃာတော်တပါး အပါအဝင် အနည်းဆုံး ၅ ယောက် ဖမ်းဆီးခံခဲ့ရတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG