သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပို့ဆောင်ရေးလုပ်ငန်းတွေ စစ်အစိုးရ ချုပ်ကိုင်ထားခြင်းကြောင့် ပြည်သူများ အငတ်ဘေးကြုံ


မြန်မာနိုင်ငံထဲမှာ သန်းနဲ့ချီတဲ့ အဟာရ ချို့တဲ့ နေသူတွေကို ကူညီနိုင်ဖို့ အလှူငွေတွေ ထပ်မံ လှူဒါန်း ကြပါလို့ WFP ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်ကနေ မေတ္တာ ရပ်ခံလိုက်ပါတယ်။ စစ်အစိုးရကနေ သယ်ယူ ပို့ဆောင်ရေးတွေကို တင်းတင်း ကျပ်ကျပ် ထိမ်းချုပ် ထားတာမို့ ပို့ဆောင်ရတဲ့ စရိတ် စကဟာ အတော့်ကို ကြီးမားနေတယ်လို့ WFP တာဝန်ခံတွေက ပြောနေကြတာကို ဗွီအိုအေသတင်းထောက် လူးဝိစ် ရာမီးရက်စ် က သတင်း ပေးပို့ထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး အကြောင်းစုံကို ဆက်ပြီး ဦးဝင်းအောင် က တင်ပြပေးထားပါတယ်။

၂၀၀၇ ခုနှစ်မှာ မြန်မာပြည်က နိုင်ငံခြားကို ဆန်တင်ပို့တာ တိုးလာတာကို တွေ့ရတယ်လို့ မြန်မာပြည်မှ ဆန် ပြတ်တယ်လို့တော့ မဆိုနိုင်ပါဘူးတဲ့။ ဒါပေမယ့်လို့ မြန်မာပြည်တွင်း လူတွေ၊ ကုန်ပစ္စည်းတွေ တနေကနေ တနေရာကို ရွှေ့ပြောင်းတာ၊ သယ်ယူတာကို ကန့်သတ်ထားတာ ခန်းမှန်းခြေ အားဖြင့် လူငါးသန်းလောက် အဟာရချို့တဲ့ နေတယ်လို့ ကုလသမဂ္ဂရဲ့ အဲဒီ စားနပ်ရိက္ခာ အစီအစဉ်က ဆိုတယ်ခင်ဗျ။ စားနပ်ရိက္ခာ အလိုအပ်ဆုံး ဝေးလံ သီခေါင်တဲ့ ဒေသဆီကို ရောက်ဖို့ သယ်ယူပို့ဆောင် ရေးကို အကြီးအကျယ် ထိမ်းချုပ် ထားပြီးတော့၊ ဈေးကလည်း ကြီးလွန်းလို့ မိမိတို့ရဲ့ အေဂျင်စီ အနေနဲ့ အခက်အခဲကြီးများနဲ့ ရင်ဆိုင် နေရတယ်လို့ WFP စားနပ်ရိက္ခာ အစီအစဉ် အာရှဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် ပေါ ရက်စလီ (Paul Risley) က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“သယ်ယူ ပို့ဆောင်ရေးကို အစိုးရက လုပ်တယ်၊ အစိုးရက သူ့စည်းမျဉ်း ထုတ်ပြီးတော့ သူကပဲ လုပ်တယ်၊ ကျနော်တို့ရဲ့ စားနပ် ရိက္ခာတွေကို လွှဲပြောင်း ပေးရတယ်၊ အဲဒီကမှ တခါ သယ်ယူ ပို့ဆောင်ရေး ဌါကို တဆင့် ပြောင်းပြီးတော့မှ စုစည်း ကားနဲ့ သယ်ယူ ပို့ဆောင်တာလို့ ပြောသွားတာပါ။”

စားနပ်ရိက္ခာ သယ်ယူပို့ဆောင်တဲ့ နေရာမှာ ယုံကြည် စိတ်ချရရေး၊ လှူဒါန်းတဲ့ ငွေတွေနဲ့ အဂတိ လိုက်စားတဲ့ သယ်ယူပို့ဆောင်ရေး အတွက် သုံးရတာကို WFP အဖို့ အရွေးရ ခက်တဲ့ ကိစ္စဘဲလို့ WFP တာဝန်ခံများက ပြောပါတယ်။ အဲဒီ စားနပ်ရိက္ခာတွေ လိုအပ်သူများထံ ဖြောင့်ဖြောင့် တန်းတန်း ရောက်ဖို့ဟာ အင်မတန် အရေးကြီးတယ်လို့ မစ္စတာ ရက်စလီ က အခုလို ဆက်ပြီးပြောပါတယ်။

“ကျနော်တို့ ရိက္ခာထဲက ဆန်ဟာ ပြည်တွင်းက မြစ်ဝကျွန်းပေါ်မှာ ဝယ်ရတာပါ၊ ကျနော်တို့ ငွေအများဆုံး သုံးစွဲနေရတာက ဆန်တို့၊ တခြား ရိက္ခာတို့ ဝေးလံ သီခေါင်တဲ့ လူတွေဆီကို ရောက်အောင် ပို့တဲ့နေရာမှာ သယ်ယူ ပို့ဆောင်တဲ့ စရိတ်ဖြစ်ပါတယ်။ အဲဒါကြောင့် သောက ရောက်နေရတာပါ၊ ငွေတွေကို လိုအပ်တဲ့လူတွေ၊ မိသားစုတွေ အကျိုးအတွက် သုံးစွဲရတာထက် ဆန်တို့၊ နောက်ပြီး တခြား ရိက္ခာတို့ သယ်ယူပို့ဆောင်ရေး အတွက် သွားပြီး သုံးစွဲနေရတာ ဖြစ်တယ်လို့ ရှင်းပြသွားတာပါ။”

မြန်မာ စစ်အစိုးရက သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး ကန့်သတ် ချက်တွေ၊ ရခိုင်ပြည်နယ် အတွက်ကတော့ လျှော့ချ လိုက်ပါပြီ။ နောက်ထပ်လည်းပဲ အလားတူ လျှော့ချမယ်လို့ မျှော်လင့်တဲ့ အကြောင်း WFP က ပြောဆိုပါတယ်။ မြန်မာပြည်မှာ နိုင်ငံရေးအရ သဘောထား ကွဲလွဲသူတွေကို နှိပ်ကွပ်လို့ စစ်အစိုးရ အပေါ် အမေရိကန် အပါအဝင် နိုင်ငံတချို့က တိုက်ရိုက် အထောက် အပံ့ ပေးရေးကို ကန့်သတ် ထားပါတယ်။ ဒါပေမယ်လို့ အမေရိကန်နဲ့ WFP တာဝန်ခံများ ဝါရှင်တန်မြို့နဲ့ ရောမ မြို့တို့မှာ ဆွေးနွေးပြီး နောက်ပိုင်းမှာတော့ အမေရိကန်ရဲ့ အထောက်အပံ့ တိုးလာနိုင်တယ်လို့ ဗွီအိုအေ သတင်းထောက် လူးဝိစ် ရာမီးရက်စ် က သတင်းပေးပို့ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG