သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဘုရှ် အရှေ့အလယ်ပိုင်း ခရီးစဉ်


အမေရိကန် သမ္မတ George Bush က အစ္စရေးကို ၁၉၆၇ခုနှစ်က သူသိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေကို သိမ်းပိုက်ခြင်း မပြုဘဲ ရပ်တန့်ဖို့ တောင်းဆိုပြီး ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိဖို့ရန်အတွက် လိုအပ်တဲ့ ခက်ခဲတဲ့ နည်းလမ်းတွေကိုလည်း ပြေလည်အောင် ဖြေရှင်းဖို့ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကို တိုက်တွန်းလိုက်ပါတယ်။

၂ရက်ကြာ ပါလက်စတိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ ကြာသာပတေးနေ့က သမ္မတဘွတ်ရှ်က နှစ်နိုင်ငံစလုံးဟာ ငြိမ်းချမ်းစွာ လုံခြုံစွာ အတူယှဉ်တွဲ နေထိုင်ရန်အတွက် သဘောတူညီချက်ရရှိဖို့ သန္နိဋ္ဌာန်ချထားတာကို သူယုံကြည်တယ်လို့ ပြောကြားလိုက်ပါတယ်။ ပါလက်စတိုင်းနိုင်ငံထူထောင်ခြင်းအားဖြင့် ဒေသတွင်းမှာ တည်ငြိမ်မှုရှိလာလိမ့်မယ်လို့လည်း ပြောကြားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG