သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလတ်စတစ်အိတ်အသုံးပြုမှု တရုတ်နိုင်ငံ ကန့်သတ်ပိတ်ပင်


တရုတ်နိုင်ငံဟာ ပလတ်စတစ်အိတ်တွေ စွန့်
ပစ်တဲ့အပေါ် အရေးယူ လုပ်ဆောင်နေပါပြီ။ ပလတ်စတစ်အိတ်တွေဟာ တရုတ်နိုင်ငံမှာ
မကြာခင်ပဲ အတိတ်သမိုင်း ဖြစ်သွားတော့မှာ
ပါ။ ဒီအကြောင်း ဗွီအိုအေရဲ့ ဟောင်ကောင်
က အာရှသတင်းဌာနခွဲကနေ ကလော်ဒီယာ
ဘလူးမေး Claudia Blume က သတင်း ဆောင်းပါးပေးပို့ထားတာကို ဦးကျော်ကျော်
သိန်းက တင်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ ဈေးဝယ်သူတွေဟာ ဇွန်လ ၁ ရက်နေ့ကစပြီး ပလပ်စတစ်အိတ်ဖိုးတွေကို ပေးကြရပါတော့မယ်။ အစိုးရရဲ့ စည်းကမ်း
အသစ်အရ အင်မတန်ပါးလွှာတဲ့အိတ်တွေ ထုတ်လုပ်တာကို ပိတ်ပင်ကန့်သတ်လိုက်ပြီ
ဖြစ်ပြီး ကုန်တိုက်ကြီးတွေမှာ အဲဒီအိတ်တွေ အသုံးပြုတာကိုလည်း တားမြစ်လိုက်ပါပြီ။ ဆိုင်တွေအနေနဲ့ ပိုပြီးရေရှည်ခံတဲ့ ပလတ်စတစ်အိတ်တွေကို အသုံးပြုနိုင်သေးပေမယ့် အိတ်ဖိုးကိုတော့ ဈေးဝယ်သူတွေက ပေးကြရပါမယ်။

ပလတ်စတစ်အိတ်အသုံးပြုတာကို လျှော့ချဖို့အတွက် ဈေးဝယ်သူတွေအနေနဲ့ အဝတ်
အိတ်တွေ၊ ဈေးခြင်းတောင်းတွေကို အသုံးပြုကြဖို့ အစိုးရရဲ့ အင်တာနက်စာမျက်နှာတခု
မှာ အားပေး တိုက်တွန်းထားပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော်လောက်မှာ ပလတ်စတစ်အိတ်တွေကို စပြီးတော့သုံးလာ
ကတည်းက တရုတ်စားသုံးသူတွေဟာ ဈေးဝယ်ထွက်တဲ့အခါ ပလတ်စတစ်အိတ်တွေ
ကို အလကားအသုံးပြုခဲ့ကြရတာပါ။ အခုဆိုရင် တရက်ကို ပလတ်စတစ်အိတ်ပေါင်း
သန်း ၃,၀၀၀ လောက်ထိ အင်မတန်များပြားတဲ့ အရေအတွက်ကို အသုံးပြုနေကြပါ
တယ်။ ဒီပလတ်စတစ်အိတ်တွေဟာ နောက်ကျတော့ မြေကြီးပေါ်မှာစုပြုံ၊ ရေစီး
ရေလာတွေပိတ်ဆို့ကုန်ပြီး အမှိုက်သရိုက်တွေ ဖြစ်ကုန်ပါတယ်။

ပတ်ဝန်းကျင်ရေးရာလှုပ်ရှားတဲ့အဖွဲ့တွေကတော့ အခု အရေးယူလုပ်ဆောင်မှုအသစ်ကို ကြိုဆိုကြပါတယ်။ ဒီလုပ်ဆောင်မှုအသစ် ဟာ အများပြည်သူရဲ့ ပူးပေါင်းဆောင်ရွက်မှု
ပါဝင်တဲ့အတွက် အထူးသဖြင့် အပြုသဘောဆောင်တယ်လို့ ဘေဂျင်းက Greenpeace
အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Yu Xin ကပြောပါတယ်။

“ဒါဟာ နေ့တဓူဝနေထိုင်မှုဘဝမှာ အပြောင်းအလဲလုပ်ဖို့ဖြစ်တာကြောင့် လူတွေအတွက် စိန်ခေါ်မှုတခုဖြစ်လာပါလိမ့်မယ်။ ဥပမာ အားဖြင့် ပလတ်စတစ်အိတ်တွေ စပြီး အသုံး
မပြုတော့တာ၊ သိပ်လွှင့်မပစ်ရမယ့် တူတွေသုံးတာ၊ စွမ်းအင်ချွေတာတဲ့ မီးလုံးတွေ
သုံးတာ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို အသုံးပြုတာ စသည်အားဖြင့်ပေါ့။
ဒါ့ကြောင့် ဒီသတင်းဟာ ကောင်းတဲ့ သတင်းလို့ ကျနော်တို့ထင်ပါတယ်။” လို့ Yu Xin
က ပြောပါတယ်။

ကမ္ဘာပေါ်မှာ အစိုးရလက်တဆုပ်စာလောက်ကပဲ အလကားရတဲ့ ပလတ်စတစ်အိတ်
တွေ အသုံးပြုတာကို ပိတ်ပင် တားမြစ်ပါသေး တယ်။ အာရှတိုက်မှာဆိုရင် ထိုင်ဝမ်နဲ့
ဘင်္ဂလားဒေ့ရှ်တို့က ပိတ်ပင်တားမြစ်ထားပါတယ်။ ဟောင်ကောင်နဲ့ သြစတြေးလျတို့
ကတော့ ပလတ်စတစ်အိတ်တွေ စွန့်ပစ်တာကို ထိန်းချုပ်လျှော့ချနိုင်မယ့် အရေးယူ
လုပ်ဆောင်မှုတွေ စဉ်းစားနေပြီလို့ Claudia Blume ပေးပို့တဲ့ သတင်းဆောင်းပါးမှာ
ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG