သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“အီရတ်တွင် အကြမ်းဖက်မှုများ လျော့ကျလျက်ရှိ။”-သမ္မတဘုရှ်


အီရတ်နိုင်ငံအတွင်းကို အမေရိကန်တပ်ဖွဲ့တွေ တိုးမြှင့်စေလွှတ်တဲ့ မဟာဗျုဟာဟာ အောင်
မြင်မှုတွေ ရနေပြီလို့ အမေရိကန် သမ္မတဘုရှ်
က ပြောဆိုပါတယ်။ စနေနေ့က ကူဝိတ်နိုင်ငံ
ကိုရောက်တဲ့အချိန်မှာ သမ္မတဘုရှ်က အီရတ်
နိုင်ငံအရေးနဲ့ပတ်သက်ပြီး သူ့ရဲ့ အကဲဖြတ်
ချက်ကို ပြောဆိုခဲ့တာပါ။ ကူဝိတ်နိုင်ငံခရီး
စဉ်ဟာ အီရတ်နိုင်ငံ တည်ငြိမ်ရေး
အမေရိကန်အစိုးရရဲ့ ကြိုးပမ်းချက်တွေအပေါ်
ထောက်ခံမှုရအောင်နဲ့ အရှေ့အလယ်ပိုင်း
ဒေသတွင်း အီရန်ရဲ့သြဇာလွှမ်းမိုးမှု ကြီးထွား
လာတာကို တားဆီး ထိန်းသိမ်းနိုင်ရေး
အရှေ့အလယ်ပိုင်းကို သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေထဲက တခုဖြစ်ပါတယ်။ ဗွီအိုအေ
သတင်းထောက် Challiss McDonough ကိုင်ရိုမှာရှိတဲ့ အရှေ့အလယ်ပိုင်းဗျူရိုကနေ သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။

အီရတ်နိုင်ငံအတွင်းမှာ အမေရိကန်တပ်ဖွဲ့တွေ တိုးမြှင့်ချထားတဲ့အတွက် အကြမ်းဖက်မှု
တွေ သိသိသာသာ လျော့ကျသွားတယ်လို့ အမေရိကန် သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ်
(George W. Bush) က ပြောဆိုပါတယ်။ အီရတ်မှာရှိတဲ့ တပ်ဖွဲ့ ၂၀,၀၀၀ ကို ဒီနှစ်
နှစ်လယ်မှာ အီရတ်ကနေ ပြန်လည်ဆုတ်ခွာဖို့ ကိစ္စကိုတော့ အမေရိကန်စစ်တပ်ကပဲ
ဆုံးဖြတ်ဖို့ ခွင့်ပြုသင့်တယ်လို့လည်း သူက ပြောပါတယ်။

အီရတ်မှာရှိတဲ့ အမေရိကန် တပ်ဖွဲ့ ထိပ်တန်း စစ်ဦးစီးမှူး ဗိုလ်ချုပ်ကြီး ဒေးဗစ်ဒ်
ပက်ထရေးယပ်စ် (David Petraeus) နဲ့ အီရတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး
ရိုင်ယန်ခရော့ကာ (Ryan Corcker) တို့နဲ့ တွေ့ဆုံအပြီး သမ္မတ ဘုရှ်က သတင်းထောက်
တွေကို ပြောပြခဲ့တာပါ။

“အီရတ်နိုင်ငံဟာ ပြီးခဲ့တဲ့ တစ်နှစ်ကနဲ့စာရင် မတူတော့ပါဘူး၊ ပြောင်းလဲနေပါပြီ။ လုပ်
ဆောင်စရာ ခက်ခဲတဲ့ တာဝန်တွေကတော့ အများကြီးရှိပါသေးတယ်၊ အကြမ်းဖက်မှု အနေအထားကတော့ သိသိသာသာ လျော့ကျသွားပါတယ်။ ဘဂ္ဂဒက်မှာ မျှော်လင့်ချက်
တွေပြန်ပြီး ရှင်သန်လာနေပါပြီ၊ တိုင်းပြည်တဝှမ်း မြို့နယ်ကျေးရွာတွေမှာ မျှော်လင့်
ချက်တွေ ပြန်ပြီး ရလာနေပါပြီ။ အကြမ်းဖက်မှုတွေကြားက ဘေးလွတ်ရာကို ထွက်
ပြေးနေခဲ့ကြတဲ့ အီရတ်နိုင်ငံသားတွေ အခုတော့ သူတို့ဘဝတွေကို သူတို့ ပြန်ပြီး
တည်ဆောက်နေကြပါပြီ။” လို့ သမ္မတဘုရှ်က ပြောပါတယ်။

အီရတ်နိုင်ငံအတွင်းက အမေရိကန် တပ်ဖွဲ့တွေ ပိုပြီး ဆုတ်ခွာဖို့ သူ့အနေနဲ့ ဆုံးဖြတ်
မထားတဲ့အကြောင်း သမ္မတဘုရှ်က ဆိုပါတယ်။ ဒီလိုဆုတ်ခွာဖို့ဆိုတာ ဗိုလ်ချုပ်ကြီး
ပက်ထရေးယပ်စ်ရဲ့ ထောက်ခံ တင်ပြချက်တွေအပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး ပက်ထရေးယပ်စ်က ဒီကိစ္စနဲ့ပတ်သက်လို့ မတ်လမှာ အမေရိကန်
ကွန်ဂရက်စ်လွှတ်တော်ကို အစီရင်ခံစာတင်ဖို့ ရှိပါတယ်။ စောစောပိုင်း တစ်ရက်အလို
ကတော့ အမေရိကန် သမ္မတဘုရှ်က အမေရိကန် တပ်ဖွဲ့တွေ အီရတ်မှာ အနည်းဆုံး
၁၀ နှစ်လောက် ဆက်ရှိနေမယ်လို့ NBC ရုပ်မြင်သံကြားဌာနကို ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ ဘုရှ်က အီရတ်နိုင်ငံထဲကို အကြမ်းဖက်သမားတွေ ဝင်ရောက် အောင်လုပ်နေတယ်လို့ သုံးနှုန်းပြောဆိုပြီး ဒါကို ပိတ်ဆို့ဟန့်တားပေးဖို့ ဆီးရီးယားနိုင်ငံ
ကို တောင်းဆိုလိုက်ပါတယ်။ အီရန်နိုင်ငံဟာ အီရတ်နိုင်ငံအတွင်းက လက်နက်ကိုင်တွေ
နဲ့ အကြမ်းဖက် အုပ်စုတွေကို ထောက်ခံအားပေးနေတယ်လို့ စွပ်စွဲလိုက်ပြီး ဒီလို မလုပ်ဖို့ လည်းတောင်းဆိုလိုက်ပါတယ်။

“အီရန်နိုင်ငံက သူလျှိုတွေကို ကျနော်တို့ ဖမ်းဆီးမိထားပါတယ်။ အီရန်ဘက်က အကြမ်း
ဖက်သမား အဖွဲ့တွေကို ဘယ်လို သင်တန်းတွေပေးတယ်၊ သတ်ဖြတ်တာတွေ တိုက်ခိုက်
တာတွေ လုပ်နိုင်အောင် ဘယ်လို အကူအညီတွေပေးနေတယ်ဆိုတာတွေကို ကျနော်တို့
ပိုပြီး သိလာနေပါတယ်။” လို့ သမ္မတဘုရှ်ကပြောပါတယ်။

အီရန်နဲ့ ဆီးရီးယား နှစ်နိုင်ငံလုံးကတော့ အီရတ်နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ဖြစ်
အောင် မြှောက်ထိုးပင့်ကော်လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်ထားပါတယ်။ အီရတ်နိုင်ငံအတွင်း ကစဉ့်ကလျား မတည်မငြိမ်ဖြစ်နေတာတွေက သူတို့နိုင်ငံတွေရဲ့ တည်ငြိမ်မှုတွေကိုလည်း ထိခိုက်စေတယ်လို့ ပြောပါတယ်။

သမ္မတဘုရှ်ကတော့ အမေရိကန်တပ်ဖွဲ့တွေကို အခုလို ပြောဆိုပါတယ်။

“ရဲဘော်တို့ တာဝန်ယူ ထမ်းဆောင်တာတွေကို သမိုင်းက သက်သေပြပါလိမ့်မယ်။
ခင်ဗျားတို့ ထမ်းဆောင်နေတဲ့ တာဝန်တွေဟာ ပင်လယ်ရပ်ခြားမှာရှိနေတဲ့ ရန်သူကို လုံးလုံးလျားလျား အနိုင်တိုက်ဖို့ပါပဲ၊ ဒီလို အနိုင်တိုက်မှလည်း ကျနော်တို့အနေနဲ့ အမေရိကန်ပြည်ထောင်စုအတွင်းကို လာပြီး ရန်ရှာတိုက်ခိုက်တာကို မခံရမှာပါ။”

သမ္မတဘုရှ်က အမေရိကန်တပ်ဖွဲ့တွေဟာ သွေးအေးအေးနဲ့ လူသတ်သမားတွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အတွေးအခေါ်ဆိုင်ရာ ရုန်းကန် တိုက်ပွဲအတွင်းမှာ
တစိတ်တပိုင်း ပါဝင်ဆောင်ရွက်နေသူတွေလို့ ပြောဆိုသုံးနှုန်းသွားပါတယ်။ သူ့အသုံး အနှုန်းအရဆိုရင် အနာဂတ်ကို အဆိုးမြင်သူတွေကို ဆန့်ကျင်နေတာလို့ဆိုပါတယ်။
အမုန်းတရားကို အခြေခံတဲ့ အတွေးအခေါ်ကို ချေဖျက်နှိမ်နှင်းဖို့ဆိုရင် မျှော်လင့်ချက် အတွေးအခေါ်ကို တည်ထောင်ရမယ် လွတ်လပ်မှုအတွေးအခေါ်ကို အခြေခံရမယ်လို့
ပြောပါတယ်။

အမေရိကန်တပ်ဖွဲ့တွေနဲ့ တွေ့ဆုံပြီးတဲ့နောက် သမ္မတဘုရှ်ဟာ ကူဝိတ်နိုင်ငံအတွင်း
အမျိုးသမီး အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေသူတွေရဲ့ စကားဝိုင်းဆွေးနွေးပွဲကို
လည်း တက်ရောက်ခဲ့ပါတယ်။

ကူဝိတ်နိုင်ငံဟာ အမေရိကန်နဲ့ နီးစပ်တဲ့ မဟာမိတ်နိုင်ငံဖြစ်ပေမယ့်လည်း အမေရိကန်
အစိုးရရဲ့ မူဝါဒတချို့နဲ့ ပတ်သက်လို့တော့ အကြီးအကျယ် စိုးရိမ်မှုတွေ ရှိနေပါတယ်။ ရှီးယားမူစလင်လူဦးရေ အများစုနဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ တပ်စွဲထားတဲ့ကြားမှာ
ကူဝိတ်အနေနဲ့ အမေရိကန်တပ်ဖွဲ့တွေ အီရန်ကို ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်ခြေအပေါ်
စိုးရိမ်မှုတွေ ရှိနေပါတယ်။ အာရပ်စော်ဘွားများ နိုင်ငံကတော့ ဒီလို တိုက်ခိုက်မယ်
ဆိုရင် သူ့တို့နယ်မြေကို သုံးလာတာမျိုး ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အိမ်နီး
ချင်း အီရတ်နိုင်ငံက အကြမ်းဖက်မှုတွေ သူ့နယ်ထဲ နယ်ကျွံဝင်လာမှာကိုလည်း စိုးရိမ်
နေပါတယ်။

အမေရိကန်သမ္မတ ဘုရှ်ဟာ ကူဝိတ်ကနေ အမေရိကန် ရေတပ် ပဉ္စမမြောက် ရေတပ်
တပ်ဖွဲ့ အခြေစိုက် ဌာနချုပ် Bahrain ကို ရောက်နေပါပြီ။ ဘာရိန်းကနေ ရှေ့သီတင်း
ပတ် ဝါရှင်တန်ကို ပြန်မရောက်ခင် အာရပ်စော်ဘွားများ နိုင်ငံ၊ ဆော်ဒီအာရေးဗီးယားနဲ့ အီဂျစ်နိုင်ငံတွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG