သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီအာရေးဗီးယားသို့ လက်နက်ရောင်းချမည့်အစီအစဉ် အမေရိကန် ကြေညာ


အီရန်နိုင်ငံကို ကန့်သတ် ထိန်းချုပ်ရေး အမေရိကန်ကဦးဆောင်ပြီး ကြိုးပမ်းနေတာ
ရဲ့ တစိတ်တပိုင်းအဖြစ် အဆင့်မြင့် စစ်
လက်နက်ပစ္စည်းတွေ ဆော်ဒီအာရေးဗီးယား
ကို ရောင်းချမယ့်အစီအစဉ်ကို သမ္မတဘုရှ်
အစိုးရက ကွန်ဂရက်စ်လွှတ်တော်ကို တရား
ဝင် အသိပေးလိုက်ပါပြီ။

ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီးယာ့ဒ်မြို့မှာ
ဆော်ဒီဘုရင် အဗ္ဗဒူလာနဲ့ အမေရိကန်သမ္မတ
ဘုရှ်တို့ တွေ့ဆုံအပြီး တနင်္လာနေ့မှာ ဒီကြေညာချက်ထွက်ခဲ့တာပါ။

တရားဝင်အသိပေးချက်ဟာ အမေရိကန် ဥပဒေပြုအမတ်တွေအနေနဲ့ ဒီလိုရောင်းချ
တာကို ကန့်ကွက်မယ်ဆိုရင် ရက် ၃၀ အတွင်း ကန့်ကွက်နိုင်အောင် ဖွင့်ပေးလိုက်တာ
ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Sean McCormack က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အဆိုပြုထားတဲ့ ဒီရောင်းချမှုအစီအစဉ်အရဆိုရင် သမားရိုးကျဗုံးတွေကနေ ပစ်မှတ်ကို
တိုက်ရိုက် ထိမှန်စေနိုင်တဲ့ အဆင့်မြင့်ရှုပ်ထွေးတဲ့ ဗုံးမျိုး ပြောင်းလဲထုတ်လုပ်ဖို့ ပစ္စည်း
ကိရိယာ ဒေါ်လာ သန်း ၁၂၀ ဖိုး ဆော်ဒီအာရေးဗီးယားကို ရောင်းချမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG