သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးတိုင်း ပျဉ်ပုံကြီးတွင် ဗုံးပေါက်ကွဲ


ရန်ကုန် - ကျောက်ကြီး ခရီးသည်တင် ဘတ်စ်ကားတစင်းဟာ ပဲခူး ပျဉ်ပုံကြီးမှာ ဗုံးပေါက်ကွဲခဲ့ တယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်း ၈နာရီ ခွဲ ဝန်းကျင် ခရီးသည်တွေ အနားယူဖို့ ကားရပ်နားနေစဉ် ခရီးသည် အတော်များများလည်း ကားပေါ်က အောက်ရောက်နေကြချိန်မှာ ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့် ကားစပယ်ယာ တဦးကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ပဲခူးနယ်ခံ တဦးက ပြောပါတယ်။ ပေါက်ကွဲတဲ့ကားဟာ ကျောက်ကြီးနဲ့ ရန်ကုန်သွား ရွှေမြန်မာ ခရီးသည်တင် ဘတ်စ်ကားဖြစ်တယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို မေးမြန်းဖို့ ဆက်သွယ်လို့ မရသေးပါဘူး။ ရန်ကုန် အဝေးပြေးဂိတ်က ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းကို မေးမြန်းတော့ သူတို့ ဒီကနေ နေ့လည်ပိုင်းမှာ ဒီသတင်းကို သိရှိခဲ့တယ်။ ဒါပေမယ့် အသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အခု ရက်သတင်းပတ်အတွင်း ဗုံးပေါက်ကွဲတာဟာ ဒါ စတုတ္တအကြိမ်လို့ ပြောရမှာပါ။ ပထမဆုံးဖြစ်ခဲ့တာက မြို့တော်သစ် နေပြည်တော်အနီး ပျဉ်းမနား ဘူတာမှာဖြစ်ပြီး တဦးသေဆုံးပါတယ်။ နောက်ရက်တွေမှာတော့ ရန်ကုန်ဘူတာကြီးနဲ့ ဖြူးမြို့နယ်အတွင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG