သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စဘူတို လုပ်ကြံခံရမှုနှင့်ဆက်စပ်၍ သံသယရှိသူနှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့များ ဖမ်းဆီး


ပါကစ္စတန်နိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို ပြီးခဲ့တဲ့လက ဗုံးခွဲ လုပ်ကြံခံရမှုနဲ့ဆက်စပ်ပြီး ဆယ်ကျော်သက်ရွယ်တဦး အပါအဝင် သံသယ ဖြစ်သူနှစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ ပါကစ္စတန် လုံခြုံရေးတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

အသက် ၁၅ နှစ်အရွယ် Aitezez Shah ကို အနောက်မြောက်ပိုင်းက ဒီရာ အစ္စမေးလ် ခန်း ဆိုတဲ့မြို့မှာ ကြာသပတေးနေ့နှောင်းပိုင်းက ဖမ်းဆီးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ထောက်လှမ်းရေးအရာရှိတွေက ပြောပါတယ်။ အဲဒီလူငယ်ဟာ ရှီးယား ဘုရားဝတ်ပြုကျောင်းတခုကို အသေခံတိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့လည်း အဲဒီအရာရှိတွေကဆိုပါတယ်။

မစ္စဘူတိုကိုလုပ်ကြံဖို့ တာဝန်ပေး ဖွဲ့စည်းထားတဲ့ ငါးဦးပါအဖွဲ့မှာ သူလည်းပါခဲ့ တယ်လို့ အဲဒီလူငယ်က ဝန်ခံထွက်ဆိုကြောင်း တာဝန်ရှိသူတွေက ပြောကြပါ တယ်။ မစ္စဘူတိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ရာဝါလ်ပင်ဒီမြို့မှာ မဲဆွယ်စုဝေးပွဲတခုအပြီး လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။

ဒီလုပ်ကြံမှုအတွက် အယ်လ်ကိုင်းဒါးနဲ့ အချိတ်အဆက်ရှိတဲ့ လက်နက်ကိုင် ခေါင်းဆောင် ဘိုင်တူလာ မဆုဒ် (Baitullah Mehsud) မှာ တာဝန်ရှိတယ်လို့ ပါကစ္စတန်ရော အမေရိကန်တာဝန်ရှိသူတွေကပါ ပြောကြပါတယ်။

ဒါပေမယ့် မဆုဒ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့ ပါဝင်ပတ်သက်ခြင်း မရှိ ဘူးလို့ ငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG