၂၀၀၆ ခုနှစ်မှာ ဝန်ကြီးချုပ်ဟောင်း
သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra)
ကို ထိုင်းစစ်တပ်က ဖြုတ်ချအာဏာသိမ်းပြီး
နောက် ဒီသီတင်းပတ်မှာတော့ ရွေးကောက် တင်မြှောက်ထားတဲ့ အမတ်တွေနဲ့ ဖွဲ့စည်းတဲ့ ထိုင်းပါလီမန်ကို ပထမဆုံးအကြိမ် ပြန်လည်
ဖွင့်လှစ်ခဲ့ပါပြီ။ ပါလီမန်လွှတ်တော်အသစ်မှာ သက်ဆင်ရဲ့မဟာမိတ်တွေ အများအပြား
ပါဝင်နေပြီး ပြည်ပမှာနေထိုင်နေတဲ့ ဝန်ကြီး
ချုပ်ဟောင်းသက်ဆင် ပြည်တော်ပြန်လာဖို့ ဟန်တပြင်ပြင်အနေအထားကို ရောက်ရှိနေ
ပါတယ်။ ဒီကနေ့ဖွင့်လှစ်လိုက်တဲ့ ထိုင်း
ပါလီမန်လွှတ်တော်အသစ်နဲ့ ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် လူးဝစ်ရာမီ
ရက်ဇ် (Luis Ramirez) သတင်းပေးပို့ထားတာကို ဦးရော်နီညိမ်းက တင်ပြထားပါတယ်။
ထိုင်းပါလီမန်အသစ်ရဲ့ လွှတ်တော်အစည်းအဝေးကို ထိုင်းဘုရင်ကြီးရဲ့သားတော်
အိမ်ရှေ့မင်းသား ဘာဂျီးယားလောင်ကွန်း (Vajiralongkorn) က အခမ်းအနားနဲ့ ဒီက
နေ့ ဖွင့်လှစ်ပေးခဲ့တာပါ။
၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ မစ္စတာသက်ဆင်ကို ဝန်ကြီးချုပ်ရာထူးက ထွက်ပေးဖို့ လမ်းပေါ်ကဆန္ဒပြပွဲတွေ အရှိန်မြင့်လာချိန်မှာ မစ္စတာသက်ဆင်က ထိုင်းပါလီမန်ကို ဖျက်သိမ်းခဲ့ပြီးနောက် ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်အစည်းအဝေး ပြန်လည်ကျင်းပနိုင်တာ ဒီကနေ့ဟာ ပထမဆုံးအကြိမ်ပါ။
အဲဒီနှစ် စက်တင်ဘာလမှာပဲ ထိုင်းစစ်တပ်က အာဏာသိမ်းပြီး ရာထူးကဖြုတ်ချခဲ့တာ
ကြောင့် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ အဲဒီကတည်းက ပြည်ပမှာနေထိုင်နေ
တာပါ။
အာဏာသိမ်း ထိုင်းစစ်တပ်က ခန့်အပ်တဲ့ အိမ်စောင့်အစိုးရထဲက မစ္စတာသက်ဆင်ကို ဆန့်ကျင်ကြသူတွေက သူ့ရဲ့ ထိုင်းရတ်ထိုင်း နိုင်ငံရေးပါတီကို ဖျက်သိမ်းပစ်ဖို့နဲ့ သူ့ကို
လည်း နိုင်ငံရေးလောကထဲ ပြန်မဝင်ဖို့ တားမြစ်အမိန့်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေ
မယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းပါလီမန်ရွေးကောက်ပွဲမှာတော့ မစ္စတာ
သက်ဆင်ရဲ့ မဟာမိတ်တွေ ပြန်လည်စုစည်းထားတဲ့ ပြည်သူ့အာဏာပါတီ (ပီပီပီ) က အနိုင်ရရှိခဲ့ပါတယ်။ ပီပီပီအပါအဝင် မဟာမိတ်ခြောက်ပါတီနဲ့ ဖွဲ့စည်းလိုက်တဲ့
ညွန့်ပေါင်းအစိုးရဟာ ထိုင်းအောက်လွှတ်တော်ရဲ့ အမတ် ၄၈၀ နေရာမှာ အမတ် ၃၀၀
ကျော်နဲ့ လွှတ်တော်ကို ထိန်းချုပ်သွားနိုင်ပါပြီ။
မစ္စတာသက်ဆင်ကို နိုင်ငံရေးထဲပြန်ဆွဲသွင်းဖို့ ဆုံးဖြတ်ထားတဲ့ သူ့ရဲ့ မဟာမိတ်တွေနဲ့
သူ့ကို နိုင်ငံရေးထဲက ဆက်ပြီးကန်ထုတ်ထားချင်တဲ့ သူတွေကြားက ပဋိပက္ခတွေ
ကြောင့် တိုင်းပြည်ဖရိုဖရဲဖြစ်မယ့် အန္တရာယ်ကိုတော့ ရှောင်ရှားနိုင်ခဲ့ပြီလို့ လေ့လာ
သုံးသပ်သူတွေက ဆိုကြပါတယ်။ မစ္စတာသက်ဆင်ကို နိုင်ငံရေးထဲက ထာဝရထုတ်
ပယ်ထားချင်တဲ့ သူ့ရဲ့အတိုက်အခံတွေ လုံးပမ်းခဲ့ကြသမျှ မအောင်မမြင် ဖြစ်ခဲ့ကြပါ
တယ်။ ဒါပေမယ့်လည်း မစ္စတာသက်ဆင် အာဏာနဲ့ဝေးဝေးမှာရှိနေဖို့အတွက် တခြား အားမာန်ပြင်းပြင်း ကြိုးပမ်းမှုတွေကို သူ့ရဲ့ပြိုင်ဘက်တွေက မလွှဲမရှောင်သာ နောက်
ထပ်လုပ်လာနိုင်တယ်လို့ နိုင်ငံရေးပါမောက္ခ ထီထင်နန် ပေါင်စွပ်ဒီရပ်က်
(Thitinan Pongsudhirak) က ဗွီအိုအေကို အခုလိုသုံးသပ်ပြပါတယ်။
“ဒါကတော့ သက်ဆင်အပေါ်မှာလည်းတည်တယ်။ သူ့မဟာမိတ်တွေ နိုင်သွားတာကို
သူက အောင်ပွဲမာန် မယစ်ဖို့လိုတယ်။ သူ့ကို သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ကြမယ်
ဆိုရင် သူကလည်း အဲဒီလို အခါအခွင့်ကို သည်းညည်းခံပြီး စောင့်နိုင်မယ်ဆိုရင်
ကျနော်တို့နိုင်ငံဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ကျေအေးမှု တမျိုးတဖုံဆီကို ရောက်နိုင်တယ်။
“ဒါပေမယ့် တကယ်လို့ သက်ဆင်က သူ့မဟာမိတ်တွေ အနိုင်ရတဲ့အပေါ် မူတည်ပြီး ခပ်ပြင်းပြင်းဖိအားတွေပေးနေရင်၊ သူ့အတိုက်အခံတွေကို ချောင်ပိတ်ဖို့လုပ်နေရင် အတိုက်အခံတွေကလည်း အလွန်အကျွံတွေ လုပ်လာကြမှာပေါ့။ သက်ဆင်ရဲ့
ထိုင်းရတ်ထိုင်းပါတီကို ဖျက်ပစ်ဖို့ လိုလိုလားလား ရှိခဲ့ကြတာကို ပြန်ကြည့်ရင် တွေ့ရ
မှာပါ။ အဲဒီတော့ သက်ဆင်ဟာ ချောင်ပိတ်နေတယ်ဆိုရင် အတိုက်အခံတွေကလည်း နောက်တခါထပ်ပြီး သက်ဆင်ရဲ့ အလိုတော်ရိပါတီကို ဖျက်ပစ်ဖို့ ဝန်လေးကြမှာ
မဟုတ်ဘူးပေါ့”
ဘန်ကောက်မြို့ ချူလာလောင်ကွန်းတက္ကသိုလ်က နိုင်ငံရေးပါမောက္ခ မစ္စတာ
ထီထင်နန် သုံးသပ်ပြသွားတာပါ။
ထိုင်းစစ်တပ်နဲ့ မစ္စတာသက်ဆင်ကို ဆန့်ကျင်ကြတဲ့ တခြားသူတွေက သူ့ကို အာဏာ အလွဲသုံးစားလုပ်မှု၊ လာဘ်စားမှုတွေနဲ့ စွပ်စွဲထားကြတာပါ။ လူအများစု ထောက်ခံမှု
ရရှိရေးဗျူဟာနဲ့ မစ္စတာသက်ဆင် စည်းရုံးထားသူတွေကတော့ သူ့ကိုထောက်ခံကြတဲ့ ဆင်းရဲနွမ်းပါးတဲ့ ထိုင်းပြည်သူအများစု ဖြစ်ကြပါတယ်။
လာမယ့်သောကြာနေ့မှာ ထိုင်းဝန်ကြီးချုပ်သစ်ကို ရွေးချယ်ကြတော့မှာပါ။ တခါက ဘန်ကောက်မြို့တော်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့ပြီး ရုပ်မြင်သံကြား အချက်အပြုတ် စီစဉ် တင်ဆက်သူလည်းဖြစ်တဲ့ အသက် ၇၂ နှစ်အရွယ် ပီပီပီပါတီခေါင်းဆောင် ဆမတ်
စွန်ထာရာဝတ် (Samak Sundaravej) ဟာ ထိုင်းဝန်ကြီးချုပ် ဖြစ်လာတော့မှာပါ။
စစ်အာဏာသိမ်းပြီးနောက် နွံနစ်သွားတဲ့ ထိုင်းစီးပွားရေးကို ပြန်ဆွဲတင်ဖို့ကိစ္စဟာ ထိုင်းအစိုးရသစ်လုပ်ဆောင်မယ့် နံပါတ်တစ် အစီအစဉ်ပါ။ ပီပီပီပါတီဟာ ရွေးကောက်
ပွဲ မဲဆွယ်ကာလမှာ ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအပေါ် ထိန်းချုပ်ထားတာတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ အပါအဝင် ရွေးကောက်ပွဲကတိကဝတ်တွေ အများကြီးပေးထားပါတယ်။