သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်သမ္မတနဲ့ စင်္ကာပူ ဝန်ကြီးချုပ်တို့ မြန်မာ့အရေး ဆွေးနွေး


အခု သတင်းပတ်အတွင်း ပြင်သစ်နိုင်ငံကို ရောက်လာတဲ့ စင်္ကာပူ ဝန်ကြီးချုပ် လီယျှံလုံး နဲ့ အိမ်ရှင် ပြင်သစ်သမ္မတ နီကိုလတ် ဆာကိုဇီတို့ မြန်မာပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်းကို ဆွေးနွေးခဲ့ပါတယ်။ အဲဒီလို ဆွေးနွေးတဲ့အခါမှာ သမ္မတ ဆာကိုဇီဟာ မြန်မာတွေကို မေ့မထားသင့်ဘူးလို့ စင်္ကာပူ ဝန်ကြီးချုပ်ကို ပြောလိုက်ပါတယ်။ နောက်ပြီး မြန်မာ ပြဿနာဟာ အာစီယံအတွက် အဟန့်အတားကြီး ဖြစ်နေတယ်လို့လည်း ပြင်သစ်သမ္မတက သူ့ရဲ့ သဘောထားကို ထောက်ပြလိုက်ပါတယ်။ စင်္ကာပူ ဝန်ကြီးချုပ်ကလည်းပဲ မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်းရေး ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုကို စင်္ကာပူက ထောက်ခံတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG