မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေပေါ်ပေါက်လာစေဘို့ မြန်မာစစ်အစိုးရကို ဖိအား ပေးတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ကြရာမှာ အခုနောက်ဆုံး ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာတော်တွေဦးဆောင်တဲ့ ဆနပြမှုတွေကို စစ်အစိုးရက ရက်ရက်စက်စက်ခြေမှုန်းပြီးတဲ့နောက်ပိုင်း မြန်မာ့ကျောက်မျက် တွေကိုတတိယနိုင်ငံတွေကတဆင့်တင်သွင်းရောင်းချမှုကို ပိတ်ပင်တာအပါအဝင် မြန်မာ စစ်အစိုးရရဲ့ ဒီမိုကရေစီရေး ဆန့်ကျင်မှုတွေကို တားဆီးတဲ့ ဥပဒေ တရပ်ကို အမေရိကန် လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုပေးခဲ့ပါတယ်၊
ဒါ့အပြင် အီးယူ ဥရောပသမဂ္ဂနဲ့ ကနေဒါ နိုင်ငံတွေကပါ တားဆီးအရေးယူမှုအသစ်တွေ ပြဌာန်းလာကြပါတယ်။ ဒီလို တားဆီး အရေး ယူမှုတွေဟာ အနောက်နိုင်ငံတွေက အများဆုံးဝယ်ယူတဲ့ ပတ္တမြားနီလာနဲ့ တခြား ကျောက် မျက်တွေအတွက် အဟန့်အတားတွေဖြစ်ပေမဲ့ ကျောက်စိမ်းလို အရှေ့တိုင်း သားတွေ နှစ် သက်တဲ့ ရတနာမျိုးအတွက်တော့ ထိရောက်မှုမရှိဘူးလို့ စောင့်ကြည့် လေ့လာသူ တွေက သုံးသပ်ကြပါတယ်။