သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယားပြည်နယ်တွင် ပြတိုက်များကို အမေရိကန် ဖယ်ဒရယ် ထောက်လှမ်းရေးအဖွဲ့ ဝင်ရောက်စီးနင်း


မြန်မာနိုင်ငံ အပါအဝင် ထိုင်း၊ တရုတ်နဲ့ အမေရိကတိုက် နေရင်း တိုင်းရင်းသားတွေ နေထိုင်တဲ့ နေရာတွေကနေ အနုလက်ရာ ရှေးဟောင်း ပစ္စည်းတွေ ခိုးသွင်းယူလာတာတွေကို FBI အမေရိကန် ဖယ်ဒရယ် ထောက်လှမ်းရေးက စုံစမ်းခဲ့ပြီးတဲ့နောက် မနေ့က ကယ်လီဖိုးနီးယားပြည်နယ်က ပြတိုက်လေးခုကို FBI ထောက်လှမ်းရေးက ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်။

၅ နှစ်ကြာလောက်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ဒီ ရှေးဟောင်း အနုပညာပစ္စည်း ရာနဲ့ချီပြီး အမေရိကန် ပြည်ထောင်စုထဲကို တရားမဝင် သွင်းယူလာခဲ့တဲ့ လော့စ်အိန်ဂျယ်လိစ် (Los Angeles) က လူနှစ်ဦးကို ပစ်မှတ်ထား ဖမ်းဆီးဖို့ လုပ်ခဲ့တာပါ။

အခု ဝင်ရောက် စီးနင်းရှာဖွေခံရတဲ့ ကယ်လီးဖိုးနီးယားပြည်နယ် ပြတိုက်တွေဟာ အဲဒီ တရားမဝင် သွင်းလာတဲ့ ပစ္စည်းတွေ ရှိနိုင်တယ်လို့ ရဲက ယူဆထားပါတယ်။ ပြတိုက် တာဝန်ရှိသူတွေအနေနဲ့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ် - လက်ရှိ ပြတိုက်က ပစ္စည်းတစ်ခုကိုမှ သိမ်းဆည်းတာလည်း မရှိဘူးလို့ လော့စ်အိန်ဂျယ်လိစ် အနုပညာပြတိုက်ဆိုင်ရာ ပြောခွင့်ရသူက ပြောပါတယ်။ ဖမ်းဆီးမှုတွေလည်း မရှိဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG