သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပုတ်ခတ်ရေးသားသည်ဆိုသည့် ကဗျာတပုဒ် ပြည်တွင်းဂျာနယ်တစ်ခုတွင် ဖေါ်ပြ


မြန်မာနိုင်ငံမှာ စာပေ ရေးသားထုတ်ဝေခွင့်တွေကို တင်းတင်းကြပ်ကြပ်
ချုပ်ကိုင်ထားတဲ့ကြားကပဲ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို ပစ်မှတ်ထားပြီး လျို့ဝှက် ဝေဖန်ရေးသားတဲ့ ကဗျာတပုဒ် ဒီတပတ်ထဲမှာ ပေါ်လာခဲ့ပါတယ်။ ဇန္ဒဝါရီလ ၂၁ ရက်နေ့ထုတ် အချစ်ဂျာနယ်ပါ ကဗျာဆရာ စောဝေရဲ့ ကဗျာတပုဒ်က သာမန်အားဖြင့် ဖတ်မယ်ဆိုရင် ဗာလင်တိုင်း ချစ်သူများနေ့အတွက် ကဗျာတပုဒ်လို့ ထင်စရာပါ။ ဖေဖော်ဝါရီ ဆယ့်လေးလို့ နာမည်ပေးပါတယ်။ ဒါပေမယ့်လည်း ကဗျာပါ စာကြောင်းတွေက ရှေ့စာလုံးတွေကို ပေါင်းဖတ်လိုက်မယ်ဆိုရင် မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို
ဝေဖန်တိုက်ခိုက်တဲ့ အဓိပ္ပါယ်တွေ တွေရပါတယ်။ ဒီလို ဝေဖန်ရေးသားတဲ့ ကဗျာဆရာ စောဝေကို အာဏာပိုင်တွေက ဖမ်းဆီးသွားတယ်လို့လည်း ရန်ကုန် စာပေအသိုင်း
အဝိုင်းကပြောပါတယ်။ ကဗျာဆရာစောဝေအနေနဲ့ ဒီကဗျာကို ရည်ရွယ်ချက်ရှိရှိ ရေးခဲ့တာဖြစ်နိုင်တယ်လို့ ရန်ကုန်စာပေအသိုင်း
အဝိုင်းက ခန့်မှန်းပါတယ်။ မြန်မာစစ်အစိုးရက အတိုက်အခံတွေရဲ့ စာပေရေးသားထုတ်ဝေခွင့်အပါအဝင် ပြည်တွင်း ထုတ်ဝေတဲ့စာဆောင်တွေအပေါ် တင်းတင်းကြပ်ကြပ် ကန့်သတ်ပိတ်ပင်ထားပါတယ်။ ဒီကြားထဲကပဲ စစ်အစိုးရကို ဝေဖန်ရေးသားတဲ့ စာတွေ ဒီစာစောင်တွေကနေ ထွက်ပေါ်ခဲ့ဘူးပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG