South ကာရိုလိုင်းနားပြည်နယ်မှာ ဇန်နဝါရီလ
၂၆ ရက်၊ စနေနေ့ကလုပ်ခဲ့တဲ့ ဒီမိုကရက်တစ်
ပါတီ သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်
ပွဲမှာ အီလီနွိုင်းပြည်နယ် အထက်လွှတ်တော်
အမတ် ဘရက် အိုဘားမား (Barack Obama) အနိုင်ရရှိခဲ့ပါတယ်။ ပြိုင်ဘက်နှစ်ဦးဖြစ်တဲ့ နယူးယောက်ပြည်နယ် အထက်လွှတ်တော်
အမတ် ဟီလာရီ ကလင်တန် (Hillary
Clinton)၊ North ကာရိုလိုင်းနား အထက်
လွှတ်တော်အမတ်ဟောင်း ဂျွန် အက်ဒွပ်
(John Edwards) တို့ နှစ်ယောက်ပေါင်းရတဲ့
မဲအရေအတွက်ထက် အပြတ်အသတ်ပိုရပြီးတော့ အနိုင်ရသွားတာပါ။ ဒီရွေးချယ်ပွဲဟာ
အာဖရိကန်-အမေရိကန်နွယ်ဖွား ဘရက် အိုဘားမားအတွက် အနိုင်ရဖို့လိုအပ်တဲ့
ရွေးချယ်ပွဲဖြစ်ပါတယ်။ သူဟာ လူမည်း မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှု အပြည့်အဝရခဲ့
တယ်လို့ မဲပေးတဲ့ရလဒ်တွေက ပြနေပါတယ်။ ဒါပေမယ့် သူနဲ့ ဘိုးစဉ်ဘောင်ဆက်
မျိုးရိုးတူသူ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို ရဖို့သာ သူလုပ်တာမဟုတ်ဘဲ မဲဆန္ဒရှင်
အားလုံးရဲ့ ထောက်ခံမှုရဖို့ လုပ်တာပါလို့ အိုဘားမားကပြောခဲ့ကြောင်း ဗွီအိုအေသတင်း
ထောက် ဂရေ့ဂ် ဖလေးကပ်စ် (Greg Flakus) က သတင်းဆောင်းပါး ပေးပို့ထားတာကို ဦးကျော်ကျော်သိန်းက တင်ပြထားပါတယ်။
သူဟာ အမေရိကန်နိုင်ငံသား လူမျိုးစုအားလုံး၊ တိုင်းရင်းသားမျိုးနွယ်စုအားလုံး၊ ကိုးကွယ်တဲ့ဘာသာအားလုံး က လူတွေရဲ့ ထောက်ခံမဲတွေရအောင် ဆက်လုပ်သွား
မယ်လို့ ကိုလမ်ဘီယာဟိုတယ်လ်တခုမှာ စုဝေးလာကြတဲ့ သူ့ကို ထောက်ခံသူတွေကို
ဘရက် အိုဘားမားက ပြောခဲ့ပါတယ်။ အိုင်အိုဝါပြည်နယ်မှာ ရခဲ့တဲ့အောင်ပွဲ၊ နယူး
ဟမ့်ပ်ရှိုင်းယားနဲ့ နီဗားဒါး တို့မှာ ရခဲ့တဲ့ အားကောင်းတဲ့ ထောက်ခံမှုတွေနဲ့အတူ ဒီ
South ကာရိုလိုင်းနားမှာ အောင်မြင်မှုဟာ သမ္မတလောင်းအဖြစ် နောက်ဆုံး အမည်စာရင်းတင်သွင်းခံရတဲ့အထိ သူ့ကို အားကောင်းစေခဲ့တယ်လို့ ပြောပါတယ်။
“ဒီနိုင်ငံရဲ့ နေရာအနှံ့က ပြိုင်ပွဲကြီးလေးခုပြီးတဲ့နောက် ကျနော်တို့ မဲအများဆုံးရပါပြီ၊ ကိုယ်စားလှယ်အရေအတွက် အများဆုံး ရပါပြီ၊ ဟိုးအရင်ကာလတုန်းက ကျနော်တို့
မြင်ခဲ့ရဖူးတဲ့ အမျိုးမျိုးကွဲပြားသော အမေရိကန်နိုင်ငံသားတွေကို တစုတစည်းတည်း ကျနော်တို့ရပါပြီ။”
မျှော်လင့်ထားခဲ့ကြတဲ့အတိုင်းပဲ လူမည်း မဲဆန္ဒရှင် အများအပြားရဲ့ထောက်ခံမှုကို
အိုဘားမား အပြည့်အဝရခဲ့တယ်လို့ မဲရုံအထွက် ကောက်ယူတဲ့စစ်တမ်းတွေက ပြပါ
တယ်။ ဒါပေမယ့် လူဖြူတွေရဲ့ ထောက်ခံမှုကိုလည်း လူထုဆန္ဒမဲကောက်ယူမှုတွေက
ကြိုတင် ခန့်မှန်းခဲ့တာထက် ရာခိုင်နှုန်း အများကြီးပိုပြီး ရခဲ့ပါတယ်။ ဟီလာရီကလင်တန်
နဲ့ သမ္မတဟောင်း ဘီလ် ကလင်တန်တို့က အိုဘားမားကို ဝေဖန် တိုက်ခိုက်ခဲ့ကြတာ
တွေဟာ လူမည်းတချို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရပါတယ်။ အဲဒီဝေဖန် တိုက်ခိုက်မှုတွေပြီးတဲ့နောက် အသားအရောင်ကိစ္စဟာ South ကာရိုလိုင်းနားပြိုင်ပွဲမှာ အဓိကအချက်တရပ်ဖြစ်ခဲ့ပါတယ်။ ထင်ရှားတဲ့ South ကာရိုလိုင်းနား ဒီမိုကရက် ခေါင်းဆောင်တဦးကတောင်မှ အပြောအဆိုတွေ လေသံလျှော့ဖို့ သမ္မတဟောင်းကို ပြောခဲ့ပါသေးတယ်။
လူမည်း မဲဆန္ဒရှင်တွေပေါ်မှာ လုံးလုံးအခြေခံတဲ့ South ကာရိုလိုင်းနားမှာ မဲအချိုး မညီ
မမျှနဲ့ အနိုင်ရခဲ့တာဟာ တခြားပြည်နယ် တွေမှာ သူ့ရဲ့အလားအလာကို ထိခိုက်စေ
မလားလို့ အိုဘားမားကို ထောက်ခံသူတချို့က စိုးရိမ်ကြပါတယ်။ တခြားပြည်နယ်တွေ
က လူဖြူတွေ၊ လာတီနိုလူမျိုးတွေနဲ့ တခြားလူမျိုးတွေက အိုဘားမားဟာ လူမျိုးစုကိစ္စ
ကိုကျော်လွန်တဲ့ ကိုယ်စားလှယ်လောင်း တဦးအဖြစ်မမြင်ဘဲ လူမည်း ကိုယ်စားလှယ် လောင်းတဦးအဖြစ် မြင်မှာကို သူတို့က စိုးရိမ်ကြတာပါ။ လူမျိုးစုကိစ္စကိုကျော်လွန်တဲ့ ကိုယ်စားလှယ်လောင်းတဦး ဖြစ်တယ်ဆိုတဲ့ ရုပ်ပုံလွှာဟာ လူဖြူလူဦးရေ ၉၀ ရာခိုင်
နှုန်းကျော်ရှိတဲ့ အိုင်အိုဝါပြည်နယ်မှာ သူ့ကို အနိုင်ရစေခဲ့တဲ့ ရုပ်ပုံလွှာဖြစ်ပါတယ်။
အမေရိကန်ပြည်သူလူထုဟာ အမျိုးမျိုးကွဲပြားနေပြီး သူတို့ကို အတူတကွစုစည်းမိ
အောင် လုပ်လို့မရဘူးဆိုတဲ့ အယူအဆကို South ကာရိုလိုင်းနား ရွေးချယ်ပွဲအပြီး
ပြောတဲ့မိန့်ခွန်းမှာ အိုဘားမားက ပယ်ချခဲ့ပါတယ်။
“လူချမ်းသာတွေဟာ လူဆင်းရဲတွေကို လုံး၀ ဂရုမစိုက်ဘူး၊ လူဆင်းရဲတွေက မဲမပေး
ဘူးဆိုတဲ့ အယူအဆ၊ အာဖရိကနွယ်ဖွား အမေရိကန်တွေက လူဖြူကိုယ်စားလှယ်
လောင်း တယောက်ကို မထောက်ခံဘူး၊ လူဖြူတွေက အာဖရိကနွယ်ဖွား အမေရိကန် ကိုယ်စားလှယ်လောင်းတယောက်ကို မထောက်ခံဘ့ူးဆိုတဲ့ အယူအဆ၊ လူမည်းတွေ
နဲ့ လာတီနိုလူမျိုးစုတွေ အတူတကွ မရပ် တည်နိုင်ဘူးဆိုတဲ့ အယူအဆ။ ဒါဟာ
ကျနော်တို့ယုံကြည်တဲ့ အမေရိကန်နိုင်ငံမဟုတ်ဘူးဆိုတာကို ပြောဖို့ ကျနော်တို့
ဒီည ဒီနေရာကို ရောက်လာခဲ့ကြတာပါ။”
အိုဘားမားအနိုင်ရပြီဆိုတာကို ကနဦး မဲရေတွက်မှုတွေက ပြခဲ့ပြီးတဲ့နောက် ဟီလာရီ ကလင်တန်ဟာ South ကာရိုလိုင်းနားက နေ ထွက်ခွာသွားခဲ့ပါတယ်။ တန်နက်ဆီ
ပြည်နယ်၊ နက်ရှ်ဗီးလ်မြို့မှာ သူ့ကို ထောက်ခံသူတွေကို မိန့်ခွန်းပြောရာမှာ
အိုဘားမား အနိုင်ရတာနဲ့ပတ်သက်လို့ ခပ်တိုတိုပဲ မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။
သမ္မတကိုယ်စားလှယ်လောင်းတွေအားလုံးအတွက် နောက်လာမယ့် အရေးအကြီးဆုံး ရွေးချယ်ပွဲတွေကတော့ ဆူပါအင်္ဂါနေ့လို့ ခေါ်နေကြတဲ့ ဖေဖော်ဝါရီလ ၅ ရက်၊ အင်္ဂါနေ့
ကျ ပြည်နယ် ၂၂ ပြည်နယ်မှာ ကျင်းပပြုလုပ်မယ့် အကြိုရွေးချယ်ပွဲတွေပဲ ဖြစ်ပါတယ်။