သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်ဘက်မှ John Edwards နှင့် ရီပတ်ဘလီကန်မှ Rudy Giuliani တို့ သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲမှ နုတ်ထွက်


၂၀၀၈ ခုနှစ် အမေရိကန်သမ္မတရွေးကောက်
ပွဲမှာ ပါတီကိုယ်စားလှယ်လောင်းဖြစ်ဖို့အတွက်
ဝင်ရောက် ယှဉ်ပြိုင် နေကြတဲ့ ဒီမိုကရက်ပါတီ
က John Edwards နဲ့ ရီပတ်ဘလီကန်ပါတီက
Rudy Giuliani တို့ ပါတီတွင်းအကြိုရွေးချယ်ပွဲ
တွေကနေ နုတ်ထွက်လိုက်ကြပါပြီ။ Giuliani
ကတော့ နောက်ထပ် ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်းတဦးဖြစ်တဲ့ ဂျွန်
မက်ကိန်းကို ထောက်ခံဖို့ရှိပါတယ်။ သမ္မတ
လောင်းဖြစ်ဖို့ ယှဉ်ပြိုင်နေကြတဲ့ နောက်ဆုံး အခြေအနေတွေနဲ့ပတ်သက်ပြီး ဗွီအိုအေ
သတင်းထောက် Jim Malone ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ဦးကျော်ကျော်သိန်း
က တင်ပြထားပါတယ်။

ဒီမိုကရက်တစ်ပါတီက သမ္မတကိုယ်စားလှယ်လောင်း ယှဉ်ပြိုင်ပွဲမှာ အခုဆိုရင် ဟီလာရီ
ကလင်တန် (Hillary Clinton) နဲ့ ဘရက် အိုဘားမား (Barack Obama) နှစ်ဦးပဲ
ကျန်ပါတော့တယ်။

North ကာရိုလိုင်းနား အထက်လွှတ်တော်အမတ်ဟောင်း ဂျွန် အက်ဒွပ်က သူ ဆက်ပြီး အရွေးချယ်မခံတော့ဘူးဆိုတဲ့အကြောင်း ကို နယူး အော်လင်းန်ပြည်နယ်ကနေ
ကြေညာခဲ့ပါတယ်။ ယှဉ်ပြိုင်အရွေးခံမယ်လို့ လွန်ခဲ့တဲ့တနှစ်က သူကြေညာခဲ့တဲ့နေရာ
မှာပဲ သူ ဆက်ပြီး မပြိုင်တော့ဘူးဆိုတာကို ကြေညာခဲ့တာပါ။

၂၀၀၅ ခုနှစ်မှာ ကက်ထရီးနား ဟာရီကိန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဆင်းရဲသားရပ်ကွက်
ကို နောက်ခံထားပြီး အမေရိကန်မှာ ဆင်းရဲ မွဲတေမှုပပျောက်သွားအောင် ဆက်ပြီး လုပ်ဆောင်သွားကြဖို့ သူ့ကိုထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။

“ကျနော်တို့ လုပ်ဆောင်ခဲ့ကြတဲ့ ကိစ္စတွေကို လက်မလျှော့လိုက်ကြပါနဲ့၊ ဖြစ်လာဖို့ရှိတာ
တွေကို ကျောခိုင်းထွက်မသွားကြပါနဲ့၊ ဘာ့ကြောင့်လည်းဆိုတော့ ဒီအချိန် ဒီကာလဟာ နှစ်ခုကွဲပြားနေတဲ့အမေရိကန်ကို တခုတည်းဖြစ်အောင် ကျနော်တို့အားလုံး အတူတကွ လုပ်ဆောင်ကြရမယ့် အချိန်ကာလဖြစ်လို့ပါပဲ။ ကျေးဇူးတင်ပါတယ်၊ ဘုရားသခင် ကောင်းချီးပေးပါစေ၊ အလုပ်လုပ်ကြပါစို့။”

Edwards က သူ ဘယ်သူ့ကို ထောက်ခံမယ်ဆိုတာ မကြေညာခဲ့ပါဘူး။ ဒါပေမယ့်
Clinton နဲ့ Obama တို့ကတော့ အက်ဒွပ်ကို ထောက်ခံတဲ့သူတွေ သူတို့ကိုထောက်ခံ
လာအောင် လုပ်ဆောင်ဖို့ စိတ်အားထက်သန်နေကြပါပြီ။

ကလင်တန်က ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်းတခုမှာ ခုလိုပြောခဲ့ပါတယ်။

“သူ့အတွက် ကျမ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်၊ သူ့မိသားစုအတွက် ဆုမွန်
ကောင်း တောင်းလိုက်ပါတယ်။ သူ လုပ်ဆောင် ခဲ့တာတွေဟာ သိပ်ကို အရေးကြီး
တယ်ဆိုတာ အထင်အရှားပါ။ အထူးသဖြင့် ဆင်းရဲမွဲတေမှုပေါ်မှာ အဓိကအာရုံစိုက်ဖို့
ကျမတို့ကို တွန်းအားပေးခဲ့တဲ့အချက်ပါ။ ဒီကိစ္စဟာ ကျမရဲ့ မဲဆွယ်စည်းရုံးမှုမှာ အဓိက အကြောင်းတခုအဖြစ် ရှိနေမှာဖြစ်ပြီး ကျမရဲ့ သမ္မတ သက်တမ်းမှာလည်း အဓိက ကိစ္စတခုအဖြစ်ရှိနေဖို့ မျှော်လင့်ပါတယ်။”

အိုဘားမားက ကိုလိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့မှာလုပ်တဲ့ မဲဆွယ် စည်းရုံးပွဲတခုမှာ ခုလို
ပြောပါတယ်။

“ဒီနိုင်ငံအတွက် Edwards ထမ်းဆောင်တဲ့တာဝန်တွေအတွက် ကျနော် သူ့ကို ကျေးဇူး
တင်ပါတယ်၊ Elizabeth Edwards ကိုလည်း သူ့ရဲ့ ရဲစွမ်းသတ္တိနဲ့ စိတ်ခွန်အားပံ့ပိုးမှုတွေ
အတွက် ကျေးဇူးတင်ပါတယ်။”

အက်ဒွပ်ရဲ့ဇနီးဖြစ်သူ Elizabeth ဟာ ခင်ပွန်းဖြစ်သူ မဲဆွယ် စည်းရုံးစဉ်ကာလအတွင်း
မှာ ကင်ဆာရောဂါခံစားနေရတာပါ။

ကလင်တန်နဲ့အိုဘားမားတို့ဟာ ဆူပါအင်္ဂါနေ့လို့ခေါ်နေကြတဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့
မှာ ပြည်နယ် ၂၂ ခုမှာကျင်းပမယ့် ဒီမိုကရက်ပါတီ အကြိုရွေးချယ်ပွဲတွေအတွက် အာရုံ စိုက်လုပ်ဆောင်နေကြပါပြီ။

ဒီအတောအတွင်းမှာပဲ အင်္ဂါနေ့ကလုပ်ခဲ့တဲ့ ရီပတ်ဘလီကန်ပါတီရဲ့ ဖလော်ရီဒါပြည်နယ် အကြိုရွေးချယ်ပွဲမှာ အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်း အနိုင်ရခဲ့ပြီးတဲ့နောက် နယူးယောက်မြို့တော်ဝန်ဟောင်း Rudy Giuliani ဟာလည်း ပြိုင်ပွဲက ထွက်လိုက်ပါပြီ။

မက်ကိန်းဟာ အခုဆို ရီပတ်ဘလီကန်ပါတီရဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်ပွဲမှာ ဦးဆောင်သူဖြစ်သွားပါပြီ။

“ကျနော်တို့ ဆက်သွားရဦးမှာဖြစ်ပေမယ့် နီးကပ်လာပါပြီ။ ဒီအတွက် ကျနော် အထူးပဲ ကျေးဇူးတင်ပါတယ်။”

အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း၊ မက်ဆက်ချူးဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး
ဟောင်း မစ်တ် ရွမ်မ်နီနဲ့ အာကင်ဆော ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မိုက်
ဟပ်ကာဘီးတို့ဟာ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်း ဘယ်သူဖြစ်မယ်ဆိုတာကို အဆုံးအဖြတ်ပေးမယ့် ဆူပါအင်္ဂါနေ့ ပြည်နယ် ၂၁ ခုက ရွေးချယ်ပွဲတွေအတွက်
အကျိတ်အနယ် ယှဉ်ပြိုင်နေကြပါပြီ။

အစောပိုင်း အိုင်အိုဝါနဲ့ နယူးဟမ့်ပ်ရှိုင်းယားပြည်နယ်တွေမှာလို သမ္မတလောင်း အကြို ရွေးချယ်ပွဲတွေမှာ ကိုယ်စားလှယ်လောင်း တွေဟာ မဲဆန္ဒရှင်တွေနဲ့ တဦးချင်းသော်
လည်းကောင်း၊ အုပ်စုငယ်လေးတွေလိုက်သော်လည်းကောင်း ထိတွေ့ပြောဆိုခဲ့ရပါတယ်။

ဒါပေမယ့် နောက်သီတင်းပတ်ကျင်းပမယ့် ဆူပါအင်္ဂါနေ့ ပြိုင်ပွဲတွေမှာတော့ ကိုယ်စား
လှယ် လောင်းတွေဟာ ရုပ်မြင်သံကြား ကြော်ငြာတွေအတွက် ငွေအမြောက်အများသုံးရ
မှာဖြစ်ပြီး ထောက်ခံမှုရဖို့ရာ ပြည်နယ်တခုကနေ တခုကို အချိန်တိုတိုနဲ့ သွားရောက် စည်းရုံးကြရတော့မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG