သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဲန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်း စင်္ကာပူမှာ ဆေးကုသမှုခံယူ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဦးမြင့်သိန်း ကျန်းမာရေး မကောင်းတဲ့အတွက် စင်္ကာပူနိုင်ငံမှာ ဆေးကုသခံယူဖို့ ရောက်နေတယ်လို့ သိရပါတယ်။

စင်္ကာပူနိုင်ငံ အထွေထွေ ရောဂါကု ဆေးရုံကြီးမှာ ဆေးကုသ ခံယူဖို့ မနေ့ညနေပိုင်းကပဲ စင်္ကာပူကို ရောက်ရှိလာတာလို့ မိသားစုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ လောလောဆယ်မှာ အကြိုဆေးစစ်မှုတွေ ခံယူနေပြီး မကြာခင်မှာ သူ ခံစားနေရတဲ့ ရောဂါ အခြေအနေတွေနဲ့ ပတ်သက်လို့ ပိုပြီး တိတိကျကျ သိနိုင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

အစာအိမ်ရောဂါ၊ ကျောက်ကပ်ရောဂါတွေ ခံစားနေရတဲ့ အသက် ၆၂ နှစ်အရွယ်ရှိ ဦးမြင့်သိန်း ဟာ မကြာသေးခင်ကလည်း ရန်ကုန်မြို့မှာ ဆေးကုသခံယူခဲ့ပြီး သက်သာမလာသေးတဲ့အတွက် အခုလို စင်္ကာပူဆေးရုံမှာ ဆေးကုသ ခံယူဖို့ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးကို အားပေးထောက်ခံခဲ့တာကြောင့် အရေးအခင်းကာလ အတွင်းမှာပဲ မြန်မာစစ်အစိုးရက တိုင်းရင်းသား ခေါင်းဆောင် တချို့နဲ့အတူ ဦးမြင့်သိန်းကို ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ ဦးမြင့်သိန်းဟာ အစာအိမ်ဝေဒနာကို ခံစားနေခဲ့ရပေမယ့် ကင်ဆာရောဂါရှိမှန်းကို အောက်တိုဘာလ နှောင်းပိုင်း အင်းစိန် အကျဉ်းထောင်ထဲမှာ သိရှိခဲ့ရတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG