သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက် ဘလော့ဂ်ရေးသူတစ်ဦးကို မြန်မာ အာဏာပိုင်များ ဖမ်းဆီး


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ မြန်မာစစ်အစိုးရက အင်တာနက်မှာ ဘလော့ဂ်စာမျက်နှာ ဖွင့်ထားတဲ့ ဘလော့ဂ်ဂါတစ်ဦးဖြစ်တဲ့ ကိုနေဘုန်းလတ်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီလို ဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းကြောင့် မြန်မာနိုင်ငံအတွင်း အင်တာနက်သုံးသူတွေ အထူးသတိထားနေရတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။

အင်တာနက်ဆိုင်တွေကလည်း အီးမေးလ်သုံးသူတွေ၊ ဝက်ဘ်ဆိုက်တ်တွေလာပြီး ကြည့်တဲ့သူတွေကို ဆိုင်ရှင်တွေက သတိထားစောင့်ကြပ်တာတွေ လုပ်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း အင်တာနက် ဘလော့ဂ်စာမျက်နှာဖွင့်ထားတဲ့သူတွေကို ဖမ်းဆီးတာဟာ အင်တာနက်သတင်းအချက်အလက်တွေကို ပိတ်ပင်ဟန့်တားနေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်တွေထဲက နောက်ဆုံးခြေလှမ်းတစ်ခု ဖြစ်တယ်ဆိုပြီး သတင်းလွတ်လပ်ခွင့် လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့တွေက ပြစ်တင်ရှုတ်ချပါတယ်။

ဘလော့ဂ်ဂါတစ်ဦးဖြစ်တဲ့ ကိုနေဘုန်းလတ်ဟာ သူ့ အင်တာနက်စာမျက်နှာမှာ အနုပညာအကြောင်းတွေနဲ့ ဝတ္ထု၊ ကဗျာတွေ တင်ပြရေးသားနေသူ ဖြစ်ပါတယ်။ ကိုနေဘုန်းလတ်ကို ပြန်လွှတ်ပေးဇို့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေလည်း အင်တာနက်စာမျက်နှာတွေမှာ တွေ့နေရပါတယ်။

ရန်ကုန်မြို့ခံ အင်တာနက်သုံးတဲ့ လူငယ်တွေကတော့ အင်တာနက်ဟာ ဒီနေ့ခတ်ရဲ့ သတင်းအချက်အလက်တွေ အဓိက ရှာဖွေတဲ့နေရာဖြစ်ပြီး ဒီလို ဘလော့ဂ်ရေးသူတွေကို ဖမ်းဆီးတာတွေ အာဏာပိုင်တွေဘက်က မလုပ်သင့်ဘူးလို့ ဝေဖန်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG