သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချာ့ဒ်သူပုန်များကို လုံခြုံရေးကောင်စီ ရှုတ်ချ၊ လူ သိန်းနှင့်ချီ၍ မြို့တော်မှ ထွက်ပြေး


ချာ့ဒ်နိုင်ငံမှာ သူပုန်တွေကို တိုက်ခိုက်နေ
တဲ့ အစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းက အထောက်အပံ့ပြုကြဖို့ ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီက တိုက်တွန်းလိုက်ပါတယ်။ ချာ့ဒ်နိုင်ငံပဋိပက္ခအတွင်း သိန်းနဲ့ချီတဲ့
အရပ်သားတွေ မြို့တော်ကို စွန့်ခွာထွက်ပြေး
ကြရပါတယ်။

သူပုန်တွေကို ပြစ်တင်ရှုတ်ချတဲ့၊ လိုက်နာ လုပ်ဆောင်ဖို့မလိုတဲ့ ဆုံးဖြတ်ချက်တခုကို
တနင်္လာနေ့က နယူးယောက်မြို့မှာ ကုလ
သမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ခဲ့ပါ
တယ်။

ချာ့ဒ်သမ္မတ အီးဒရစ်စ် ဒက်ဘီ (Idriss Deby) ရဲ့ တရားဝင်အစိုးရကို အထောက်
အပံ့ပေးကြဖို့ ဒီဆုံးဖြတ်ချက်ကနေ အဖွဲ့ဝင်နိုင်ငံတွေကို နှိုးဆော်ထားတယ်လို့ ကုလ
သမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး ယွန်း မော်ရိစ် ရီပဲ (Jean-Maurice Ripert) က
ပြောပါတယ်။

ပြင်သစ်အနေနဲ့ ချာ့ဒ်နိုင်ငံမှာ စစ်ဆင်ရေးတခုခုစဖို့ မရည်ရွယ်ထားဘူးလို့ ပြင်သစ်
နိုင်ငံခြားရေးဝန်ကြီး ဘနားဒ် ကူချ်နဲ (Bernard Kouchner) က သတင်းထောက်တွေ
ကို ပြောခဲ့ပါတယ်။

ပြင်သစ်ကိုလိုနီဟောင်းဖြစ်တဲ့ ချာ့ဒ်နိုင်ငံမှာ ပြင်သစ်တပ်သား ၁၅,၀၀၀ လောက်
တပ်ချထားပါတယ်။ နောက်ထပ် ၁၅၀ ကို ပြီးခဲ့တဲ့သီတင်းပတ်မှာ ထပ်စေလွှတ်ထားပြီး
အားလုံးကို တပ်လှန့်ထားပါတယ်။

သူပုန်တွေဟာ အန်ဂျာမီးနားမြို့တော်က ဆုတ်ခွာသွားပြီဖြစ်ပေမယ့် နောက်ထပ်
တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG