သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလင်တန်၊ အိုဘားမားနဲ့ မက်ကိန်းတို့ စူပါအင်္ဂါနေ့ ပဏာမ ရွေးကောက်ပွဲများတွင် အနိုင်ရ


မနေ့က Super Tuesday ရွေးကောက်ပွဲမှာ ပြည်နယ်နှစ်ဆယ်ကျော်က မဲဆန္ဒရှင်တွေက မဲပေးခဲ့ကြပြီးနောက် ဒီမိုကရက် ပါတီဘက်မှာ
ဟီလာရီ ကလင်တန်နဲ့ ဘာရက် အိုဘားမားတို့
နှစ်ယောက် သူမသာ ကိုယ်မသာ သိပ်မကွာ
လှပေမယ့် ရီပတ်ဘလီကန် ပါတီဘက်မှာ
တော့ ဂျွန်မက်ကိန်းက သူ့ပြိုင်ဖက်တွေဖြစ်တဲ့
မစ်တ် ရွမ်မ်နီနဲ့ မိုက် ဟပ်ကာဘီ တို့အပေါ်
မဲအများအပြားနဲ့ အနိုင်ရခဲ့ပါတယ်။
ဒီအကြောင်း မိုက် အို ဆူလီဗန် သတင်းပေးပို့ထားတာကို ဦးထွန်းအောင်က တင်ပြ
ထားပါတယ်။

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက နယူးယောက်၊ နယူးဂျာဆီ၊ ကယ်လီဖိုး
နီးယားနဲ့ တချို့ အရေးကြီးတဲ့ တခြား ပြည်နယ်တွေမှာပါ အနိုင်ရခဲ့ပါတယ်။ အကြိတ်
အနယ် ယှဉ်ပြိုင်ရတဲ့ အမျိုးသား ပဏာမ ရွေးကောက်ပွဲမှာ အရေးကြီးတဲ့ အောင်ပွဲ
တွေရခဲ့တယ်လို့ သူက ဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ အနောက်တောင်၊ အနောက်အလယ်နဲ့ အရှေ့ မြောက်ပိုင်းတွေက ပဏာမရွေးကောက်ပွဲတွေမှာ အနိုင်ရခဲ့ပါတယ်။ ကျွန်တော်အနိုင်မရနိုင်ဘူးလို့
ပြောဆိုတာကို ကျွန်တော်ဘယ်လိုမှ မပြောချင်ပေမယ့် နောက်ကနေလိုက်လာပြီး၊
အနိုင်ရတာကို ကျွန်တော် ကျေနပ်ပါတယ်။ ကျွန်တော်တို့ဟာ အမေရိကန်သမ္မတ
အတွက် တင်မြှောက်ခံရဖို့ ရီပတ်ဘလီကန်ပါတီရဲ့ ရှေ့က ပြေးနေသူအဖြစ် ဒီကနေ့
ညကစပြီး ယူဆရတော့မယ်” လို့ မက်ကိန်းက ပြောကြားပါတယ်။

ဒီမိုကရက်တစ်ပြိုင်ပွဲမှာ အထက်လွှတ်တော်အမတ် ဟီလာရီ ကလင်တန်က သူ့ဌာနေ
ပြည်နယ် နယူးယောက် အနီးအနားက နယူးဂျာဆီပြည်နယ်တွင်မက တခြား
ပြည်နယ်တွေမှာ အဓိက အနိုင်ရခဲ့ပါတယ်။

“ဒီညမှာ စံချိန်တင်လောက်တဲ့ အရေအတွက် မဲဆန္ဒရှင်တွေက သမိုင်းတွင်ဖို့တွင်
မဟုတ်ဘဲနဲ့ အမေရိကန် ပြန်လည်ထူထောင်ဖို့ မဲပေးခဲ့ကြတာပါ။ အမေရိကန်
ဆမိုးဝါးနယ်မြေ၊ အာကန်ဆောပြည်နယ်၊ မက်ဆာချူးဆက်ပြည်နယ်၊ နယူးဂျာဆီ
ပြည်နယ်၊ အိုကလာဟိုးမားပြည်နယ်၊ တန်နက်ဆီနဲ့ ဒီကြီးမားတဲ့ နယူးယောက်ပြည်နယ်
ကလူတွေ မဲပေးခဲ့ကြတာပါ” လို့ ကလင်တန်က ပြောပါတယ်။

ဟစ္စပန်းနစ်လို့ခေါ်တဲ့ တောင်အမေရိကနွယ်ဖွား အမေရိကန် နိုင်ငံသားတွေရဲ့ မဲ အထောက်အကူအဖြစ် ကလင်တန်က ကယ်လီဖိုးနီးယားမှာ အနိုင်ရခဲ့ပါတယ်။ ဒီ
ပြည်နယ်က ပါတီ နှစ်ခုစလုံးအတွက် သမ္မတလောင်းတင်မြှောက်ရေး အမျိုးသားညီလာ
ခံတွေမှာ ကိုယ်စားလှယ်မဲ အများဆုံး ပေးဆောင်ပါလိမ့်မယ်။ ဒါပေမဲ့ တခြားပြည်နယ် အများအပြားကလာသူ ကယ်လီဖိုးနီးယားကိုယ်စားလှယ်တွေက အနိုင်အရှုံးအတိုင်း
ဝေပုံကျ ခွဲဝေယူရပါလိမ့်မယ်။

ကလင်တန်ရဲ့ ဒီမိုကရက်တစ် ပြိုင်ဘက် အထက်လွှတ်တော်အမတ် ဘာရက် အိုဘားမား
က သူရဲ့ဌာနေပြည်နယ် အီလီနွိုင်းနဲ့ အယ်လ်ဘားမား၊ ဂျော်ဂျီယာလို တောင်ပိုင်း
ပြည်နယ်တွေနဲ့ အနောက်ပိုင်းပြည်နယ်များဖြစ်တဲ့ ကော်လိုရားဒိုးနဲ့ ယူတားမှာ အဓိက
အနိုင်ရခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ အချိန်အခါ ရောက်လာပါပြီ။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုဟာ စစ်မှန်ပြီး
အမေရိကန် ပြောင်းလဲလာတော့မယ်”လို့ အိုဗားမားကပြောပါတယ်။

ရီပတ်ဘလီကန်ပါတီဘက်မှာ အုပ်ချုပ်ရေးမှူးဟောင်း မစ်တ် ရွမ်မ်နီက ယူတား၊
ကော်လိုရားဒိုးနဲ့ မွန်တားနားပြည်နယ်တွေအပါအဝင် သူ့ဌာနေပြည်နယ် မက်ဆာ
ချူးဆက်မှာ အောင်ပွဲခံခဲ့ပါတယ်။

“တခုကတော့ သေချာပါတယ်။ အဲဒါကတော့ မဲဆွယ်ပွဲတွေ ဆက်လုပ်သွားမှာပဲ
ဖြစ်တယ်” လို့ ရွမ်မ်နီက ပြောပါတယ်။

ရီပတ်ဘလီကန် မိုက် ဟပ်ကာဘီးက သူအုပ်ချုပ်ရေးမှူးအဖြစ် ထမ်းဆောင်ခဲ့တဲ့ဌာနေ
အာကန်ဆော ပြည်နယ်နဲ့ တောင်ပိုင်းပြည်နယ်များ ဖြစ်တဲ့ အနောက် ဗာဂျီးနီးယား၊ အယ်လ်ဘားမား၊ ဂျော်ဂျီယာနဲ့ တန်နက်ဆီ ပြည်နယ်တွေမှာ အနိုင်ရခဲ့ပါတယ်။ တချိန်
က နှစ်ချင်း ခရစ်ယာန် ဘက်ပတစ် ဘုန်းကြီးဖြစ်သူ ဟပ်ကာဘီးမှာ ငွေကြေးရံပုံငွေ အကန့်အသတ်ရှိနေပေမယ့်လို့လည်း သူအနိုင်မရဘူးလို့ ဝေဖန်ပြောဆိုသူတွေကို စိန်ခေါ်လိုက်ပါတယ်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း လူအတော်များများက ဒါဟာ လူနှစ်ဦးယှဉ်ပြိုင်တဲ့
ပြိုင်ပွဲရယ်လို့ ပြောဆိုနေကြပါတယ်။ ခင်ဗျားတို့ သိတဲ့အတိုင်းပါပဲ ကျွန်တော် ယှဉ်ပြိုင် နေဆဲရှိတယ်”လို့ ဟပ်ကာဘီးက ပြောကြားပါတယ်။

မေရီလန်း၊ ဗာဂျီးနီးယားနဲ့ ဝါရှင်တန် ဒီစီမှာ ဖေဖော်ဝါရီလ ၁၂ရက်နေ့နဲ့ အိုဟိုင်းယိုးနဲ့ တက္ကဆက်ပြည်နယ်တွေမှာ သမ္မတ ကိုယ်စားလှယ်လောင်း ပဏာမရွေးကောက်ပွဲတွေ ဆက်လုပ်သွားဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG