သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်အနောက်မြောက်ပိုင်းတွင် အသေခံဗုံးခွဲမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံး


ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ အတိုက်အခံပါတီတခုရဲ့ လူထုစုဝေးပွဲအတွင်း အသေခံဗုံးခွဲတိုက်ခိုက်ခဲ့လို့ လူ ၂၀ ထက်
မနည်းသေဆုံးပြီး တခြား ၂၅ ယောက်လည်း ဒဏ်ရာရသွားတယ်လို့ ပါကစ္စတန်တာဝန်ရှိသူ
တွေက ပြောပါတယ်။

အနောက်မြောက်ပိုင်းနယ်စပ်ပြည်နယ်က
ချာဆက်ဒါမြို့မှာ အဝါမီအမျိုးသားပါတီရဲ့
လူထုစုဝေးပွဲတခုမှာ ဗုံးပေါက်ကွဲခဲ့တာပါ။ သေဆုံးသူတွေထဲမှာ လုံခြုံရေးတာဝန်ကျ နှစ်ယောက်ထက်မနည်းလည်း ပါဝင်ပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်မှာကျင်းပဖို့ သတ်မှတ်ထားတဲ့ အရေးကြီးတဲ့ လွှတ်တော် ရွေးကောက်ပွဲတွေမတိုင်ခင် အကြမ်းဖက်မှုတွေ တိုးလာမှာကို စိုးရိမ်နေကြတဲ့ကြားထဲ
ကပဲ အခုလို ဗုံးဖောက်ခွဲခဲ့တာပါ။

စနေနေ့မှာပဲ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတိုရဲ့ ခင်ပွန်းဖြစ်သူ
အာဆစ်ဖ် အာလီ ဇာဒါရီက ဘူတိုရဲ့ မိခင်ပြည်နယ်ဖြစ်တဲ့ တောင်ပိုင်းဆင်းဒ်ပြည်နယ်
မှာ လူထုစုဝေးပွဲတခုပြုလုပ်ခဲ့ရာမှာ ခန့်မှန်းခြေ လူ တသိန်းလောက် တက်ရောက်ခဲ့
ကြပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဘနာဇီယာ ဘူတို လုပ်ကြံခံခဲ့ရပြီးကတည်းက
ဆိုရင် အဲဒီစုဝေးပွဲဟာ ပါကစ္စတန်ပြည်သူ့ပါတီရဲ့ ပထမဆုံး လူထုစုဝေးပွဲဖြစ်ပါတယ်။

ဇာဒါရီက ပါကစ္စတန်ကိုကယ်တင်ဖို့ သူ့မှာတာဝန်ရှိတယ်လို့ တက်ရောက်လာတဲ့လူ
တွေကို ပြောခဲ့ပါတယ်။ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ အစိုးရက မသမာမှုတွေ လုပ်လာနိုင်တယ်လို့ အတိုက်အခံဘက်က စွပ်စွဲပြောဆိုထားသော်ငြား ရွေးကောက်ပွဲ
မှာ ပါဝင်ခြင်းအားဖြင့် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သွားမယ်လို့ ဇာဒါရီက သန္နိဋ္ဌာန်
ချ ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG