ရန်ကုန်ဆေးရုံကြီးမှာ ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေရတဲ့ နိုင်ငံရေး နှစ်ရှည် အကျဉ်းသားတဦးဖြစ်တဲ့ သတင်းစာဆရာ
ကြီး ဦးဝင်းတင်ကို မနေ့က အာဏာပိုင်တွေ
က အင်းစိန်အကျဉ်းထောင်ကို ပို့လိုက်ပါပြီ။
ဆရာဦးဝင်းတင် ဆေးရုံတက်နေစဉ် ရက်
တွေအတွင်း သူ့ကို အာဏာပိုင်တချို့က လာ ရောက်တွေ့ဆုံပြီး ဝန်ခံကတိလက်မှတ်
ထိုးခိုင်းခဲ့ပေမယ့် ဆရာဦးဝင်းတင်က
လက်မှတ်ထိုးဖို့ ငြင်းဆိုခဲ့တယ်လို့လည်း
သိရပါတယ်။ မြန်မာစစ်အစိုးရဘက်က
တရားဝင်ထုတ်ပြန်ကြေညာချက်တွေဖြစ်တဲ့
မေလ လူထုဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ခု ရွေးကောက်ပွဲကိစ္စတွေကို ပြောဆိုခြင်းဟာ မြန်မာ့ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှု အခြေအနေတွေအပေါ် အချိန်ကြန့်ကြာအောင်
ပြုလုပ်တာ ဖြစ်တယ်ဆိုတဲ့ ဆရာ့သဘောထားတွေကို ပဲရစ်စ်မြို့က ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မသင်းသီရိက သတင်းပေးပို့ထားပါတယ်။
ရန်ကုန်ဆေးရုံကြီး အကျဉ်းကျဆေးကုဆောင်ကနေ မနေ့ကညနေပိုင်း ရုတ်တရက်
ဆရာဦးဝင်းတင်ကို လာခေါ်သွားပြီး အင်းစိန်အကျဉ်းထောင်ကို ပြန်ပို့လိုက်တာဖြစ်
တယ်လို့ ဆရာ့ကို ပုံမှန် ထောင်ဝင်စာတွေ့ခွင့်ရသူ ဦးမောင်မောင်ခင်က ဗွီအိုအေကို
ပြောပြပါတယ်။
“မနေ့က ကျနော် သူနဲ့ နောက်ဆုံးတွေ့တဲ့အချိန်တုန်းကတော့ သူက ဒီနေ့မှ ပြန်ရမှာ
လို့ပြောတာ၊ အင်းစိန်ထောင်ကြီးကို၊ ဆေးရုံကဆင်းခွင့်ပေးလိုက်ပြီ၊ ဒီကနေ့မှပြန်ရမှာ။
ဒါကြောင့် မနက်ကို စောစောလာ၊ စားစရာတော့ နည်းနည်းပါးပါးယူခဲ့ပါလို့ ပြောတာ။
ဒါပေမယ့် ညတုန်းက မီဒီယာမှာ သတင်းလေးကြားလိုက်တော့မှ ကျနော်လည်း အံ့သြ
သွားတယ်။ ဒီမနက် ဟုတ်မဟုတ်စုံစမ်းတော့မှ ဟုတ်တယ်ဆိုတာ သိရပါတယ်”
ဆရာဦးဝင်းတင်ဟာ အူကျဝေဒနာ ခံစားနေရတာကြောင့် ခွဲစိတ်ကုသဖို့ လိုလာတဲ့
အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က အင်းစိန်ထောင်ကနေ ရန်ကုန်ဆေးရုံကြီး
ကို ပို့လိုက်တာဖြစ်ပြီး ၂၅ ရက်နေ့မှာ ခွဲစိတ်ကုသမှုတွေ ခံယူခဲ့ရပါတယ်။
အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဆရာဦးဝင်းတင်ဟာ သူ့အတွက် ဒုတိယအကြိမ်မြောက်
ခွဲစိတ်ကုသမှု ခံယူရတာဖြစ်ပါတယ်။ ဆရာ့ရဲ့ နောက်ဆုံး ကျန်းမာရေးအခြေအနေကို
တော့ ဦးမောင်မောင်ခင်ကပဲ အခုလိုဆက်ပြောပြပါတယ်။
“ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။ ခွဲထားတဲ့အနာကလည်း ကောင်းတယ်။ အနာအနှောင့်အယှက်မရှိဘူး။ ဖျားတာနာတာလည်း မရှိဘူး။ တခြား သွေးတိုးတွေ
ဘာတွေလည်း မရှိပါဘူး။ ကျန်းမာရေးကတော့ ကောင်းပါတယ်”
ဆရာဦးဝင်းတင်ကို ဆေးရုံတက်နေစဉ်အတွင်း အာဏာပိုင်တွေက လာပြီးတွေ့ခဲ့တာ
ရှိပါသလားလို့ မေးကြည့်တဲ့အခါမှာတော့ ဦးမောင်မောင်ခင်က ဆရာ့ကို သတင်း
တပ်ဖွဲ့က ရဲမှူး ရဲညွန့်နဲ့အဖွဲ့က ဆေးရုံမှာ လာပြီးတွေ့သွားသလို ဆရာ့ကို ခံဝန်
လက်မှတ် ထိုးခိုင်းတဲ့အတွက် ဆရာက အတော်လေး စိတ်ခံပြင်း ဒေါသဖြစ်သွားခဲ့ရ
တယ်ဆိုပြီး ဆရာဦးဝင်းတင်က ပြန်ပြောပြခဲ့တယ်လို့ ဦးမောင်မောင်ခင်က ပြောပါ
တယ်။
“လာတယ်ခင်ဗျ။ ၇ ရက်၊ ၂ လ၊ ၂၀၀၈ မှာ။ ရဲမှူးနဲ့အဖွဲ့လာတယ်။ လာပြီး ဆရာ
ဦးဝင်းတင်ကို မေးပါတယ်။ ဆရာ ကျန်းမာရေးမကောင်းဘူး မဟုတ်လား၊ သွေးတိုး
ရှိတယ်မလား၊ ဆီးကျိတ်ရှိတယ်မလား၊ အဲတော့ ဆရာလွတ်ဖို့အတွက် လက်မှတ်ထိုး
ပါဆိုပြီး လာပြီးတော့ ထိုးခိုင်းတယ်။ ဆရာကတော့ တော်တော်ခံပြင်းသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်မှတ်ထိုးတဲ့ကိစ္စက ၉၃ ခုလောက်ကတည်းက လက်မှတ် မထိုးဘူးဆိုတဲ့မူကိုရပ်တည်ပြီး ကိုင်ခဲ့တာလေ။ ၂၀၀၅ ခုနှစ်မှာ သူ့ကို လွှတ်မယ်လို့
လုပ်တုန်းက ထောင်ဘူးဝကို ခေါ်လာတဲ့အချိန်တုန်းကတောင်မှ အဲဒီလက်မှတ်ထိုးတဲ့
ကိစ္စ မပါဘူး။ ဒီတိုင်းလွှတ်ဖို့။ အခုမှ လာ လက်မှတ်ထိုးခိုင်းတယ်ဆိုတော့ သူလည်း တော်တော်လေးတော့ ခံပြင်းသွားတာပေါ့ဗျာ။ အဲဒါကြောင့် ကျနော်မထိုးနိုင်ဘူးလို့ သူပြောလိုက်တယ်။ ပြောလိုက်တော့ သူ့ကို တခါထပ်မေးတယ်။ အပြင်ရောက်ရင်
ဘာလုပ်မှာလဲ၊ အပြင်ရောက်ရင် ကျနော် နိုင်ငံရေးလုပ်မှာပေါ့တဲ့။ ဘယ်လိုနိုင်ငံရေး
လုပ်မလဲ ဆိုလို့ရှိရင်တဲ့ အခြေခံမူ ၆ ချက်မှာ နံပါတ် ၆ ဖြစ်တဲ့ တပ်မတော်သား
၂၅ ရာခိုင်နှုန်းပါရမယ်ဆိုတဲ့ဟာကို ဆန့်ကျင်တဲ့နိုင်ငံရေးလုပ်မှာလို့ သူက အဲလိုပြော
လိုက်တယ်”
ဒါကြောင့် ဆရာဦးဝင်းတင်ကို အခုလို ရုတ်တရက်ပြန်ပို့လိုက်တာလို့ ယူဆပါသလားလို့ မေးကြည့်ပါတယ်။
“ကျနော်တို့ကတော့ အမျိုးမျိုးတွေးတာပေ့ါ။ အဲဒါကြောင့်လည်း ဖြစ်ရင်ဖြစ်မယ်၊ ဒါမှ
မဟုတ် တခြား ကျန်းမာလို့လည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ဒါကတော့ သူတို့မှပဲ သိမှာပါပဲ။ ဘာကြောင့်ပြန်ပို့လဲဆိုတာ သူတို့ကိုယ်တိုင်မှပဲ သိမှာပဲ”
ဦးမောင်မောင်ခင် ပြောပြခဲ့တာဖြစ်ပါတယ်။
အခုနောက်ဆုံး အာဏာပိုင်တွေဘက်က တရားဝင်ထုတ်ပြန်ထားတဲ့ လာမယ့် မေလ
အတွင်း လူထုဆန္ဒခံယူပွဲတွေလုပ်မယ့်ကိစ္စ၊ ၂၀၁၀ မှာ ကျင်းပပေးမယ့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွေအပေါ်မှာ ဆရာ့ရဲ့ အမြင်သဘောထားတွေများ ပြောပြ ခဲ့တာရှိပါသလားလို့ မေးကြည့်တော့ အပြီးသတ်အောင်တောင် ရေးဆွဲနိုင်ခြင်းမရှိသေး
တဲ့ အခြေခံဥပဒေကို မေလမှာ ဆန္ဒခံယူပွဲလုပ်မယ်ဆိုတာ သဘာဝမကျသလို အချိန်
ဆွဲမှု သက်သက်သာဖြစ်တယ်လို့ ဆရာဦးဝင်းတင်က မှတ်ချက်ချခဲ့ကြောင်း သိရပါ
တယ်။
“သူပြောတာတော့ ဒါက ချိတ်ထားတာတွေအကုန်လုံး ပြုတ်ထွက်ကုန်တာပေါ့ကွာတဲ့။
ဒါ ၂ နှစ်အချိန်ဆွဲလိုက်ပြန်တာပေါ့တဲ့၊ အဲလိုပြောပါတယ်”
ဆရာဦးဝင်းတင်ဟာ ထောင်တွင်းနေထိုင်ရတဲ့နှစ်ပေါင်း ၁၈ နှစ်ကျော်နေပြီဖြစ်သလို ဆရာ့ကိုချမှတ်ထားတဲ့ ပြစ်ဒဏ်အရ ထောင်သက်တမ်းဟာလည်း ရက်ကျော်လွန်နေ
ပြီဖြစ်ပါတယ်။
၁၉၈၈ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေနောက်ပိုင်း ဆရာကြီးဟာ ပထမဆုံး
အဖမ်းခံခဲ့ရတဲ့ မြန်မာ့နိုင်ငံရေး ထိပ်တန်းခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ ဆရာ
ဦးဝင်းတင်ဟာ မြန်မာ့ဒီမိုကရေစီရေးအပေါ် ရပ်တည်ချက်နဲ့ စိတ်ဓာတ်ဟာလည်း မပြောင်းမလဲရှိနေကြောင်း ဦးမောင်မောင်ခင်ကို ပြောပြခဲ့တယ်လို့ သိရပါတယ်။
“သူ ကျနော့်ကိုပြောပြခဲ့တာက သူ တလျှောက်လုံးရပ်တည်ခဲ့တာ နံပါတ်တစ်က
စုလွှတ်တွေ့ဆိုတဲ့ မူသုံးချက်အပေါ်မှာ သူရပ်တည်ခဲ့တယ်တဲ့။ တလျှောက်လုံး၊ အဖမ်း ခံခဲ့ရကတည်းက၊ ၉၁၊ ၉၂ လောက်ကတည်းက အခုထက်ထိ ရပ်တည်ခဲ့တာတဲ့။
စုလွှတ်တွေ့ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို
လွှတ်ရမယ်၊ လွှတ်တော်ခေါ်ပေးရမယ်၊ တွေ့ဆုံဆွေးနွေးရမယ်ဆိုတဲ့ဟာကို သူရပ်တည်
ခဲ့တယ်တဲ့။ နောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေစုပြီး ကိုယ့်ကိုယ်ကို ဘယ်လို
ရပ်တည်နိုင်အောင် လုပ်ရမလဲဆိုပြီး ရံသုံးရံကို သူတို့ချလိုက်တယ်တဲ့။ အဲဒီရံသုံးရံက
ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ဝန်းရံရမယ်။ လွှတ်တော်
ကို ဝန်းရံရမယ်။ အဲန်အယ်လ်ဒီအလံကို ဝန်းရံရမယ်ဆိုပြီး အဲဒီရံသုံးရံကို ချခဲ့တယ်တဲ့။
အဲဒီအတိုင်း ရပ်တည်ခဲ့တယ်။ အခုလည်း ဒီတိုင်းပဲ ဆက်ပြီးရပ်တည်သွားမှာပါပဲတဲ့”
ဆရာဦးဝင်းတင်ကို ပုံမှန်ထောင်ဝင်စာတွေ့ခွင့်ရနေသူ ဦးမောင်မောင်ခင်ကို ဗွီအိုအေ
က ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။