သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူပါအင်္ဂါနေ့နှင့် နောက်ပိုင်း ရွေးချယ်ပွဲများ


ဖေဖော်ဝါရီ ၁၂၊ ၂၀၀၈ - ဖေဖော်ဝါရီလ ၅
ရက်နေ့ကကျင်းပခဲ့တဲ့ Super Tuesday စူပါ
အင်္ဂါနေ့ ပါတီတွင်း အကြိုရွေးချယ်ပွဲတွေမှာ ဒီမိုကရက်ပါတီက ဟီလာရီ ကလင်တန်နဲ့
ဘားရက် အိုဘားမားတို့ သူတင် ကိုယ်တင်
အနိုင်ရခဲ့ကြပေမယ့် ရီပတ်ဘလီကန်ပါတီ
ဘက်မှာတော့ ဂျွန် မက်ကိန်းက မဲအများဆုံး
ရခဲ့ပါတယ်။

အဲဒီရက်နောက်ကျင်းပတဲ့ ဖေဖော်ဝါရီလ ၉ ရက်၊ စနေနေ့ အကြိုရွေးချယ်ပွဲတွေမှာ
တော့ ဒီမိုကရက်ပါတီဘက်မှာ ဘားရက် အိုဘားမားက ပြည်နယ်သုံးခုစလုံးမှာ အနိုင်
ရခဲ့ပြီး ရီပတ်ဘလီကန်ပါတီဘက်မှာတော့ ဒုတိယနေရာကလိုက်နေတဲ့ မိုက် ဟပ်ကာ
ဘီးက ပြည်နယ်နှစ်ခုမှာ အနိုင်ရခဲ့တဲ့အတွက် ရွေးကောက်ပွဲဟာ ပိုပြီး စိတ်ဝင်စား
စရာ ကောင်းလာပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG