သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်အနောက်မြောက်ပိုင်း အသေခံဗုံးခွဲတိုက်ခိုက်မှုတခုအတွင်း လူ အနည်းဆုံး ၃၇ဦး သေဆုံး


ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက လူမျိုးနွယ်စုဒေသမှာ ရွေးကောက်ပွဲလူထုစုဝေးပွဲအပြီး အသေခံဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် လူပေါင်း အနည်းဆုံး ၃၇ဦးသေဆုံးပြီး ၉၀ကျော် ဒဏ်ရာရရှိခဲ့ကြပါတယ်။

အသေခံဗုံးခွဲတိုက်ခိုက်သူဟာ အာဖဂနစ္စတန်နယ်စပ်က ပရာချီးနားမြို့က ရွေးကောက်ခံ ကိုယ်စားလှယ်ရုံးကို သူ့ကားနဲ့ တိုက်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး Hamid Nawaz Khan က ပြောလိုက်ပါတယ်။ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း ဘန်နာဇီယာ ဘူတိုရဲ့ PPP ပါတီကို ထောက်ခံလိုလားသူတွေရဲ့ ရွေးကောက်ပွဲစည်းရုံးရေး လူထုစုဝေးပွဲအပြီးမှာ အခုလို တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

ဒီကနေ့ဟာဆိုရင် ပါကစ္စတန်ရွေးကောက်ပွဲစည်းရုံးလှုံဆော်မှုတွေရဲ့ နောက်ဆုံးသတ်မှတ်ရက်ဖြစ်သလို၊ ရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေရဲ့ နောက်ဆုံးရသတင်းလည်းဖြစ်ပါတယ်။

ပါကစ္စတန်တ၀ှမ်း လုံခြုံရေးအတွက် တပ်အင်အား ရှစ်သောင်းကျော်ကို ပါကစ္စတန်အစိုးရက တပ်ဖြန့်ချထားပါတယ်။ မဲရုံပေါင်း ခြောက်သောင်း လေးထောင်ကျော်စလုံးကို အသေခံတိုက်ခိုက်ရေးသမားတွေရန်က အကာအကွယ်ပေးဖို့ကတော့ ခက်ခဲမှာဖြစ်တယ်လို့ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အခု ရှေ့အပတ်လုပ်မယ့် ရွေးကောက်ပွဲဟာ ပါကစ္စတန်လွတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေအတွက် ရွေးကောက်ပွဲဖြစ်ပါတယ်။ ဒါဟာ ပါကစ္စတန်သမ္မတ ပါဗာဇ် မူရှရတ်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG