သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲမှာ ဒေါ်စု မပါဝင်ကြောင်း စစ်အစိုးရ ဆုံးဖြတ်ချက် အာဆီယံစိုးရိမ်


လာမယ့် ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်မပေးဖို့ မြန်မာစစ်အစိုးရက ဆုံးဖြတ်ချက်ချလိုက်
တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အာဆီယံနိုင်ငံတွေဘက်က စိုးရိမ်ပူပန်နေတဲ့အကြောင်း
ပြော လိုက်ပါတယ်။ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲ ပြီးစီးပြီလို့ မနေ့
တုံးက မြန်မာစစ်အစိုးရက ကြေငြာတဲ့နောက်ပိုင်းမှာ အခုလိုမျိုး တုန့်ပြန် ပြောဆိုမှုတွေ
ထွက်ပေါ်လာတာပါ။ အာဆီယံနိုင်ငံတွေရဲ့ ထုံးစံအတိုင်း တယောက်ရဲ့မူဝါဒကို နောက်
တယောက်က ဝင်ပြီးတော့ မစွက်ဖက်ဘူးလို့ဆိုတဲ့ မူဝါဒကတော့ ဆက်ပြီးတော့
ဆုပ်ကိုင်ထားကြတုံးပါပဲ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နာအိုးမိ မာတစ်
(Naomi Martig) ဟောင်ကောင်ကနေ သတင်းပေးပို့ထားတာကို ဦးကျော်အောင်လွင်
က တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ အဝင်မခံ
ဘူးဆိုတဲ့ကိစ္စဟာ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း၊ ဒေသတွင်းနိုင်ငံရေးအခင်း
အကျင်း၊ မြန်မာပြည်ထဲက နိုင်ငံရေးအခင်းအကျင်းတွေနဲ့ အံဝင်ခွင်ကျမဖြစ်ဘူး၊
လွဲချော်နေတယ်လို့ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီး George Yeo က မနေ့တုံးက
ပြောလိုက်ပါတယ်။ စင်ကာပူနိုင်ငံဟာ လက်ရှိ အာဆီယံအသင်းရဲ့ ဥက္ကဋ္ဌနိုင်ငံဖြစ်ပြီး
တော့ အခု အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးလည်း
စင်ကာပူမှာပဲ ကျင်းပနေတာပါ၊ အာဆီယံရဲ့မူဝါဒတွေအတိုင်း တပါးတိုင်းပြည်ရဲ့
ပြည်တွင်းရေးကို နိုင်ငံက ဝင်မစွက်ဖက်ဘူးဆိုတာကတော့ ဆက်ပြီးတော့ စွဲကိုင်ထား
တဲ့ မူဝါဒပါပဲလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီၤး George Yeo ကပြောပါတယ်။ AMPIC
လို့ခေါ်တဲ့ မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များအဖွဲ့က အမှုဆောင်
ညွှန်ကြားရေးမှူး ရိုရှန် ဂျေဆင် (Roshan Jason) ကတော့ အာဆီယံဟာ မြန်မာ
ပြည်အပေါ်မှာ ထားတဲ့သဘောထား အားနည်းနေတယ်လို့ ဝေဖန်ပါတယ်၊

“ဘာဖြစ်လို့လည်းဆိုတော့ မကြာခင်ကပဲ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့
အာဆီယံပဋိညာဉ်စာတမ်းမှာ ဒေသတွင်းနိုင်ငံတွေက လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုပြီး ပါဝင်ပါတယ်၊ အာဆီယံနိုင်ငံတွေအနေနဲ့ ဒေသတွင်း
နိုင်ငံတွေက လူ့အခွင့်အရေးတွေကို လေးစားလိုက်နာပါ့မယ်လို့ပြောဆိုထားတဲ့
ပေးထားတဲ့ ကတိကဝတ်တွေရှိပါတယ်၊ အခုတော့ ဒီကတိတွေအတိုင်း မလုပ်ဘူးဆိုတဲ့
သဘော ကျနော်မြင်ရပါတယ်။”

ရိုရှန် ဂျေဆင်က ပြောသွားခဲ့တာပါ၊ မြန်မာပြည်က လူ့အခွင့်အရေးအခြေအနေတွေ အပေါ်မှာပြောဆိုနေတာတွေကို ကြည့်ရင် အာဆီယံကနေပြီးတော့ ပိုအားကောင်းတဲ့
လုပ်ဆောင်မှုတွေဖြစ်လာနိုင်လိမ့်မယ်လို့ သူ မျှော်လင့်မထားတဲ့အကြောင်းလည်း
ဂျေဆန်ကပြောပါတယ်။

“အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာကိုပဲ လူ့အခွင့်အရေးချိုးဖေါက်မှုတွေက သူ့
အဆင့်နဲ့သူ မတူတဲ့ပုံစံတွေနဲ့ရှိနေကြတာပါ၊ အာဏာရှင်တွေက အရပ်ဝတ်လဲပြီး
တော့ အရပ်သား နိုင်ငံရေးအုပ်စုတွေဖွဲ့ပြီးတော့ လုပ်ကိုင်နေတာတွေ၊ တိုင်းပြည်
ကို အုပ်ချုပ်နေတာတွေလည်း ရှိနေတုံးပါပဲ၊ သူ့ဥပဒေနဲ့သူ လူ့အခွင့်အရေးတွေ
ကို အဆင်ပြေသလို ချိုးဖောက်နေတဲ့နိုင်ငံတွေဆိုတော့ မြန်မာပြည်အရေး အာဆီယံ
က ထိထိရောက်ရောက်လုပ်လာလိမ့်မယ်လို့ မထင်ပါဘူး။”

AIPMC လို့ခေါ်တဲ့ မြန်မာ့အရေး အာဆီယံလွှတ်တော်အမတ်များအဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ရိုရှန် ဂျေဆင်က နေပြီးတော့ ဗွီအိုအေကိုပြောသွားခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG