ဖေဖော်ဝါရီ ၁၈၊ ၂၀၀၈ - ကမ္ဘာတ၀ှမ်းက နိုင်ငံရေး၊ စီးပွားရေးနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့
အစည်း အသီးသီးကခေါင်းဆောင်တွေ နှစ်စဉ် စုဝေး ပြီး ကမ္ဘာပေါ်က လူမှုရေး၊ နိုင်ငံ
ရေးနဲ့ စီးပွားရေးကိစ္စရပ်အသီးသီးကို ပြောဆိုဆွေးနွေးကြတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို
ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့
အထိ ကျင်းပပြီးစီးခဲ့ပါတယ်။ ဒီနှစ်အစည်းအဝေးမှာ အာဖရိကတိုက်က အောက်ခြေ
လူထု ဖွံ့ဖြိုးတိုးတက်ရေး ကူညီလုပ်ဆောင်ဖို့ အစီအစဉ်အများအပြား ချမှတ်ခဲ့ကြပါ
တယ်။
ဒါ့အပြင် မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီးတော့ ထင်ရှားတဲ့ ကမ္ဘာ့ခေါင်းဆောင်
တွေက ထုတ်ဖော် ပြောဆိုတဲ့အသံတွေကို ကြားခဲ့ကြရ တဲ့အတွက် မြန်မာအရေး
အတွက်လည်း ထူးခြားတဲ့ဖိုရမ်တခု ဖြစ်ခဲ့ရပါတယ်။