သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်မြောက်ပိုင်းကို တူရကီတပ်များ ကျူးကျော်ဝင်ရောက်


အီရတ်မြောက်ပိုင်းက ကာဒ်သူပုန်တွေကို တိုက်ခိုက်ဖို့ နယ်စပ်ဖြတ်ကျော်ပြီး တူရကီတပ်တွေကို စေလွှတ်လိုက်ပြီလို့ တူရကီနိုင်ငံက ကြေညာပါတယ်။

သူပုန်တွေ ခြေကုပ် ယူထားတယ်လို့ ယူဆရတဲ့ အီရတ်မြောက်ပိုင်း နယ်စပ်ကို လေကြောင်းကနေ တိုက်ခိုက်ပြီးတဲ့နောက် မနေ့ ကြာသပတေးနေ့ ညပိုင်းကစပြီး မြေပြင် ထိုးစစ်လုပ်ခဲ့တာလို့ တူရကီစစ်တပ်က ပြောပါတယ်။ တိုက်ပွဲကြောင့် အထိအခိုက်သတင်းကို တူရကီဖက်က မထုတ်ပြန်ပါဘူး။ ဒါပေမယ့် ကာဒ်သူပုန်အဖွဲ့ ပြောခွင့်ရသူကတော့ တူရကီစစ်သား ၂ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရတယ်လို ကြေညာပါတယ်။

အခု စစ်ဆင်ရေးမှာ တူရကီစစ်အင်အား ၁၀,၀၀၀ လောက် ပါဝင်ခဲ့တယ်လို့ တူရကီ ရုပ်မြင်သံကြား သတင်းတွေမှာ ဖော်ပြပါတယ်။ တူရကီ သမ္မတ အဒူလာ ဂဲလ်ရဲ့ ရုံးကတော့ အီရတ်မြေပြင်ထိုးစစ်နဲ့ သူတို့ ရည်မှန်းထားတာကို မနေ့ ကြာသပတေးနေ့ နှောင်းပိုင်းက အီရတ်သမ္မတ ဂျလား တလာဗန်နီ ကို တူရကီသမ္မတက အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။ ဒီကြေညာချက်ထဲမှာပဲ မစ္စတာ ဂျလား တလာဗန်နီ ကို တူရကီနိုင်ငံလာဖို့ ဖိတ်ကြားထားတယ်လို့လည်း ဖော်ပြထားပါတယ်။

အမေရိကန် တာဝန်ရှိသူတွေကတော့ ဒီစစ်ဆင်ရေးဟာ ကာဒ်သူပုန်တွေကို ပစ်မှတ်ထားပြီး အချိန်သတ်မှတ်ထား လုပ်တဲ့ စစ်ဆင်ရေး ဖြစ်တယ်လို့ဆိုပါတယ်။ အီးယူ ဥရောပသမဂ္ဂ ကတော့ တူရကီအနေနဲ့ အင်အားမမျှတဲ့ စစ်ရေးအရ အရေးယူတာတွေ မလုပ်ဖို့ တိုက်တွန်းပါတယ်။ အခု ကျူးကျော်မှုဟာ အကောင်းဆုံးအဖြေ မဟုတ်ဘူးလို့ အီးယူ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ဟာဗီးယား ဆိုလားနားက ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG